Celebrity News

‘Met Gala’ မှာ ရိုးရှင်းပေါ့ပါးတဲ့ဝတ်စုံလေးနဲ့ပဲ ပွဲတက်ခဲ့တာတောင် ထင်ရှားလှပနေခဲ့သူလေး Rosé

BLACKPINK အဖွဲ့ဝင် (၄) ယောက်စလုံးအတွက် Fashion ကျ လှပဆန်းသစ်မှုဆိုတဲ့ဂုဏ်ပုဒ်နဲ့ အလိုက်ဖက်ဆုံးပါပဲ။ ဘယ်ဝတ်စုံကိုမဆို BLACKPINK အဖွဲ့ဝင်တွေ ဝတ်ဆင်လိုက်တာနဲ့ တင့်တယ်လိုက်ဖက်နေတဲ့ ခံစားချက်ကို ရရှိစေမှာပါ။

အဖွဲ့ရဲ့ အသွယ်လျဆုံးဖြစ်ပြီး ခြေတံရှည်ရှည်လေးနဲ့ Rosé ဟာဆိုရင်လည်း ဘယ် Fashion ကိုမဆို ခမ်းနားထည်ဝါသွားအောင် ပုံဖော်ဝတ်စားနိုင်တာကြောင့် မော်ဒယ်တစ်ယောက်ထက်တောင် အရှိန်အဝါကြီးမားလှပါတယ်။ ဒီလိုကောင်မလေးကတော့ NYC မှာ ပွဲတက်ခဲ့ပြီး အရိုးရှင်းဆုံးဝတ်စုံလေးကိုသာ ဝတ်ဆင်ခဲ့တာတောင် အားလုံးကြားမှာ ထင်ရှားလှပနေပါတော့တယ်။

စက်တင်ဘာလ (၁၃) ရက်နေ့က ‘2021 Met Gala’ ဖွင့်ပွဲကိုကျင်းပခဲ့ပြီး ကမ္ဘာအနှံ့က အနုပညာရှင်ပေါင်းများစွာလည်း ပွဲတက်ခဲ့ပါတယ်။ ဒီထဲမှာ‌လည်း K-Pop ရဲ့ ထိပ်ခေါင်တင်လေး Rosé ကလည်း ပွဲတက်ရောက်ခဲ့ပြီး ကော်ဇောနီထက်မှာ အလွန်ကို လှပတင့်တယ်နေခဲ့တာပါ။

Rosé ရဲ့တွဲဖက်အဖြစ် ပွဲတက်လာသူကတော့ ‘Yves Saint Laurent’ (YSL) ရဲ့ Creative director ဖြစ်သူ Anthony Vaccarello ပါပဲ။ YSL Brand နဲ့ Rosé က အလွန်ကိုကောင်းမွန်တဲ့ပတ်သက်ဆက်ဆံမှုရှိပြီး Rosé အတွက်လည်း အမြဲလိုလိုလက်ဆောင်တွေပေးပို့တတ်ပါသေးတယ်။

အခုလို ပွဲအခမ်းအနားကြီးမှာ YSL ရဲ့ မိန်းမပျိုလေးအဖြစ် Rosé က ကျက်သရေရှိလွန်းနေခဲ့ပါတော့တယ်။ အားမထုတ်ရဘဲနဲ့ကို ကိုယ်ရောင်ကိုယ်ဝါတောက်ပနေပြီ ရိုးရှင်းတဲ့ YSL ဝတ်စုံလေးနဲ့ မြင်သူတကာကို ဖမ်းစားနိုင်ခဲ့ပြန်ပါတယ်။

‘Met Gala’ ကတော့ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ရန်ပုံငွေပွဲအခမ်းအနားအကြီးကြီးဖြစ်ပြီး ဒီကရတဲ့အမြတ်ငွေတွေကို နယူးယော့ခ်မှာရှိတဲ့ Metropolitan Museum of Art’s Costume Institute ကို ပေးလှူတာလည်းဖြစ်ပါတယ်။

တစ်နှစ်ပတ်လုံးကျင်းပတဲ့ပွဲတွေအနက် အကြီးကျယ်အခမ်းနားဆုံး ဖက်ရှင်ပွဲကြီးလည်းဖြစ်ပြီး Rosé လေးက Kpop Artist အဖြစ် ပွဲထွက်လာခဲ့တာကတော့ တကယ်ကို ဂုဏ်ယူကြည်နူးစရာပါပဲ။ တည်ငြိမ်အေးဆေးပြီး ကျက်သရေရှိနေတဲ့ Rosé လေးရဲ့အလှကိုတော့ မျက်လုံးထဲကနေကို ဖျောက်လို့မရအောင် စွဲလန်းနေမိပါပြီ။

Source: Allkpop
Photos: Allkpop
Translated by Julix

Tags: K-Pop Update