Celebrity News

အမိုက်စားသီချင်း concept အဆန်း​အပြားတွေနဲ့ ပရိသတ်​ရှေ့ကို မကြာခင် ပြန်လာ​တော့မယ့် aespa

SM Entertainment ရဲ့ မိန်းက​လေးအဖွဲ့အသစ် aespa ဟာ ပထမဆုံး mini album နဲ့ ပရိသတ်​ရှေ့ကို ပြန်လာ​တော့မှာပဲဖြစ်ပါတယ်။ စက်တင်ဘာလ ၁၃ ရက်​နေ့မှာ aespa ရဲ့ တရားဝင် Twitter account က​နေ ဆန်းကြယ်တဲ့ teaser video တစ်ခုကို ထုတ်​ဖော်ပြသခဲ့ပြီး ယ​နေ့ စက်တင်ဘာလ ၁၄ ရက်​နေ့မှာပဲ SM Entertainment က aespa ရဲ့ comeback ကို အတည်ပြုလိုက်တာပါ။

SM Entertainment က “aespa ဟာ ယခင်နှစ် နိုဝင်ဘာလမှာ ပွဲဦးထွက်ပြီး​နောက် ပထမဆုံး mini album ဖြစ်တဲ့ ‘Savage’ ကို ထုတ်​ဝေဖြန့်ချီသွားမှာဖြစ်ပါတယ်” လို့ ​ပြောကြားခဲ့ပါတယ်။ aespa အဖွဲ့ရဲ့ ပထမဆုံး mini album “Savage” မှာ အမျိုးအစားမတူတဲ့ သီချင်း ၆ ပုဒ်ပါဝင်သွားမှာဖြစ်ပြီး ​ခေါင်းစီးသီချင်းက​တော့ “Savage” ဖြစ်ပါတယ်။

ဒီ album ကို လာမယ့် ​အောက်တိုဘာလ ၅ ရက်​နေ့မှာ ထုတ်​ဝေဖြန့်ချီသွားမှာဖြစ်ပြီး pre-order ကို​တော့ ယ​နေ့ကစပြီး ပြုလုပ်လို့ရ​နေပါပြီ။ aespa အဖွဲ့ဟာ ပွဲဦးမထွက်ခင်တည်းက ပရိသတ်​တွေရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပြီး ပွဲဦးထွက်ပြီး​နောက်မှာလည်း သူတို့ရဲ့ အရည်အချင်း​ကြောင့် လူကြိုက်များပြီး တစ်ဟုန်ထိုး​အောင်မြင်​ကျော်ကြားလာခဲ့ပါတယ်။

သူတို့ရဲ့ “Black Mamba” နဲ့ “Next Level” သီချင်း​တွေဟာ အရမ်းကို ​အောင်မြင်​ကျော်ကြားခဲ့ပြီး “Next Level” သီချင်းဟာဆိုရင် အခုထိ ကိုရီးယားပြည်တွင်း music chart ​တွေရဲ့ ထိပ်ပိုင်းမှာ ​နေရာယူ​နေဆဲဖြစ်ပါတယ်။

Gaon ရဲ့ streaming နဲ့ digital chart တွေမှာလည်း ယခုအချိန်ထိ Top 5 ထဲ ပါဝင်​နေဆဲဖြစ်ပြီး သီချင်းက ပါးစပ်ထဲစွဲလွန်းတာ​ကြောင့် တက္ကသိုလ်ဝင်ခွင့်​​​​ဖြေဆိုမယ့် ​ကျောင်းသူ​ကျောင်းသား​တွေကို ဒီသီချင်း နားဆင်ခွင့်​တောင် ပိတ်ပင်ထားတဲ့အထိပါပဲ။ ဒီ “Next Level” သီချင်းရဲ့ remix version ၃ ခုကလည်း ယ​နေ့စက်တင်ဘာလ ၁၄ ရက်​နေ့မှာ ထွက်ရှိသွားဦးမှာဖြစ်ပါတယ်။

Source : Soompi
Photo : Instagram, Twitter
Written : ZL

Tags: K-Pop Update