Celebrity News

Coldplay အဖွဲ့ရဲ့ သီချင်းအသစ် “My Universe” မှာ featuring ပါဝင်သီဆို​ပေးသွားမယ့် BTS

BTS နဲ့ ဗြိတိသျှ ​ရော့ခ်ဂီတအဖွဲ့ Coldplay တို့ကြားမှာ collaboration ရှိလာလိမ့်မယ်လို့ ပရိသတ်​တွေခန့်မှန်း​နေတာကြာခဲ့ပါပြီ။ အခု​တော့ ဒီခန့်မှန်းချက်က တကယ်ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ Coldplay ရဲ့ ပင်တိုင်အဆိုရှင် Chris Martin ဟာ BTS အဖွဲ့နဲ့ collaboration လုပ်ဖို့ စိတ်ဝင်စားမှုရှိ​ကြောင်း ယခင်တည်းက ပြသဖူးပါတယ်။

အခုအချိန်မှာ​တော့ အဖွဲ့ ၂ ခုရဲ့ collaboration က ​သေချာ​နေပြီဖြစ်​ကြောင်း နှစ်ဦးနှစ်ဖက်လုံးက တရားဝင်အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ ဧပြီလ ၁၈ ရက်​နေ့က Coldplay အဖွဲ့နဲ့ ဆက်နွယ်​နေတဲ့ Alien Radio FM ဆိုတဲ့ Twitter အ​ကောင့်တစ်ခု​ပေါ်​ပေါက်လာခဲ့ပြီး Coldplay နဲ့ ပတ်သက်တဲ့ သတင်း​တွေ ဗီဒီယို​​တွေကို သာမန်လူ​တွေနားမလည်နိုင်တဲ့ caption ​​တွေ​ရေးသားပြီး post ​တွေတင်ခဲ့ပါတယ်။

ဒီအ​​ကောင့်ကို စတင်ဖွင့်လှစ်တဲ့ရက်ကစပြီး စိတ်လှုပ်ရှားစရာတစ်ခုခုလာ​တော့မယ်ဆိုတာကို ပရိသတ်​တွေက သိ​နေခဲ့ပါတယ်။ Coldplay အဖွဲ့က ​လာမယ့် အောက်တိုဘာလ ၁၅ ရက်​နေ့မှာ သူတို့ရဲ့ စတူဒီယိုအယ်လ်ဘမ်အသစ် “Music of the Spheres” ကို space theme နဲ့ ထုတ်လုပ်သွားမယ်လို့ ​ကြေငြာပြီး​နောက်မှာ​တော့ Alien Radio FM က ဒီအယ်လ်ဘမ်အသစ်နဲ့ ဆက်စပ်မှုရှိ​နေတယ်ဆိုတာ ​သေချာသွားခဲ့ပါတယ်။

အခု​ Alien Radio FM ရဲ့ ​နောက်ဆုံး update အရဆိုရင်​​​တော့ BTS နဲ့ Coldplay တို့ရဲ့ collaboration က ကျိန်း​သေသွားပြီပဲဖြစ်ပါတယ်။ စက်တင်ဘာလ ၁၃ ရက်​နေ့မှာ ထိုအ​ကောင့်က “Coldplay x BTS My Universe” ဆိုတဲ့ message ကို ဂြိုဟ်သားဘာသာနဲ့​ရေးထားတဲ့ ဗီဒီယိုတစ်ခုကို မျှ​ဝေခဲ့ပါတယ်။

ဒီ message ကို Coldplay အဖွဲ့ရဲ့ ပရိသတ်​တွေက အဓိပ္ပါယ်​ဖော်ခဲ့တာဖြစ်ပြီး ဒါဟာ Coldplay ရဲ့သီချင်းအသစ် “My Universe” မှာ BTS အဖွဲ့က featuring ပါဝင်သီဆိုသွားမယ်လို့ တရားဝင်​ကြေငြာလိုက်တာပဲဖြစ်ပါတယ်။ ဒါ့အပြင် Alien Radio FM က ဗီဒီယိုတက်လာပြီး မကြာမီမှာပဲ Coldplay ရဲ့ တရားဝင် Twitter အ​ကောင့်ကလည်း ဓါတ်ပုံတစ်ပုံကို မျှ​ဝေပြီး ဒီသတင်းကို တရားဝင်​အတည်ပြုလိုက်ပါတယ်။

Coldplay က​ကြေငြာပြီး မိနစ်ပိုင်းအကြာမှာပဲ Coldplay ရဲ့ tweet ကို BTS အဖွဲ့ရဲ့ တရားဝင်အ​ကောင့်က ပြန်လည်​ဝေမျှခဲ့ပါတယ်။ ကိုရီးယားမီဒီယာ​တွေက ထုတ်ပြန်ချက်အရ Coldplay နဲ့ BTS ရဲ့ “My Universe” ကို ကိုရီးယား၊ အင်္ဂလိပ် ၂ ဘာသာနဲ့ သီဆိုသွားမှာဖြစ်​ကြောင်း သိရပါတယ်။

ဒီသီချင်းကို Coldplay and နဲ့ BTS တို့က ​ရေးစပ်သီကုံးထားပြီး Max Martin က ထုတ်လုပ်ထားတာဖြစ်ပါတယ်။ အယ်လ်ဘမ်က ​​အောက်တိုဘာလ ၁၅ ရက်​နေ့မှာမှ ထွက်ရှိမှာဖြစ်​ပေမဲ့ “My Universe” သီချင်းကို​တော့ လာမယ့် စက်တင်ဘာလ ၂၄ ရက်​နေ့မှာ အကြိုအ​နေနဲ့ ထုတ်​ဝေသွားမှာဖြစ်ပြီး အယ်လ်ဘမ်ကိုလည်း ကြိုတင်မှာယူလို့ရနေပြီ ဖြစ်ပါတယ်။

Source : Koreaboo
Photo : Twitter
Written : ZL

Tags: K-Pop Update