Celebrity News

ရုပ်ရှင်ရိုက်ကူးရင်း မျက်နှာမှာ ဒဏ်ရာများစွာရရှိခဲ့တာတောင် အပြစ်တင်စကားမဆိုခဲ့တဲ့ Wu Lei

မျိုးချစ်ဇာတ်လမ်းပေါင်းစုံကို ရိုက်ကူးပြသတော့မယ့် My People, My Forebears ဟာဆိုရင် မကြာသေးခင်းကမှ အထူးအနေနဲ့ Special Trailer တစ်ခုထုတ်ပေးခဲ့ပါတယ်။ တကယ့်နာမည်ကြီးဒါရိုက်တာပေါင်းများစွာရဲ့ ပူးပေါင်းဖန်တီးမှုဖြစ်လို့ ပြည်မကြီးတခွင် တော်တော်နာမည်ကြီးနေခဲ့တာပါ။

မင်းသားတွေကလည်း နာမည်ကြီးကျော်ကြားနေသူတွေက ပါဝင်ရိုက်ကူးထားပြီး အဲ့ထဲကမှ မင်းသား Leo Wu Lei ကတော့ သူ့ရဲ့ကြင်နာတဲ့စိတ်၊ အနုပညာအပေါ်ထားရှိတဲ့လေးစားမှုတွေကြောင့် တော်တော်လေးချီးကျူးခံနေရပါတယ်။ Wu Lei ဟာ ပြင်းပြင်းထန်ထန်ဗုံးပေါက်ကွဲတဲ့ဇာတ်ဝင်ခန်းကိုရိုက်ကူးရင်းနဲ့ မျက်နှာအနှံ့ သွေးထွက်တဲ့အထိ ဒဏ်ရာတွေကို ရရှိခဲ့တယ်လို့ ဖော်ပြခဲ့ကြပါတယ်။

ဒါကိုပဲ ဆေးရုံကို အမြန်မပြေးခင် သူ့ရဲ့ဇာတ်ဝင်ခန်းတွေကို အကုန်လုံးပြီးဆုံးအောင် ရိုက်ကူးခဲ့တာကြောင့် ပရိသတ်တွေကော၊ အနုပညာနယ်ပယ်က ဖန်တီးရှင်တွေကပါ ချီးမွမ်းနေကြပါတော့တယ်။ အောက်တိုဘာလ (၁) ရက်နေ့မှာကျင်းကသွားမယ့် Chinese National Day အတွက် အထူးရုပ်ရှင်မှတ်တမ်းထဲမှာ မင်းသား Wu Lei က သံချပ်ကာတပ်က စစ်သားအဖြစ် ပါဝင်ရိုက်ကူးခဲ့ပါတယ်။

ဖခင်ဖြစ်သူရဲ့ရည်မှန်းချက်တွေကို လက်ဆင့်ကမ်းအမွှေဆက်ခံခဲ့တဲ့ သားတစ်‌ယောက်အနေနဲ့ တိုင်းပြည်တာဝန်ထမ်းဆောင်တဲ့ စစ်သည်တော်ဖြစ်လာခဲ့ပြီး ပြည်သူပြည်သားတွေကို ကာကွယ်စောင့်ရှောက်ဖို့ စစ်မြေပြင်ကို အကြောက်အလန့်မရှိ ရှေ့တန်းဝင်ခဲ့တဲ့ စစ်သားတစ်ယောက်အဖြစ် ပြောင်မြောက်စွာရိုက်ကူးခဲ့ပါတော့တယ်။

ဗုံးပေါက်ကွဲတဲ့အခန်းကို ရိုက်ကူးရာမှာတော့ အဆိုပါ ဗုံးစမှန်တာကြောင့် Wu Lei ရဲ့ မျက်နှာတခွင်မှာ သွေးကွက်လေးတွေ ပေါ်လာခဲ့ပြီး မျက်စိကိုလည်း ခိုက်မိသွားခဲ့တယ်လို့ ဆိုပါတယ်။ ရိုက်ကူးရေးမှာ ဒီလိုမျိုးထိခိုက်မှုတွေက မဖြစ်သင့်တဲ့အရာတွေဖြစ်ပါတယ်။

သို့ပေမဲ့ Wu Lei ကတော့ တာဝန်ခံအဖွဲ့သားတွေကို အပြစ်တင်ပြောဆိုခြင်းမရှိခဲ့တဲ့အပြင် သူ့ရဲ့ဒဏ်ရာတွေက နည်းနည်းလေးမှတောင် မနာဘူးဆိုပြီး နှစ်သိမ့်နေခဲ့ပြန်ပါသေးတယ်။ ရိုက်ကူးရေူအဓိကတာဝန်ရှိသူ ဒါရိုက်တာ Wu Jing ကိုလည်း နှောင့်နှေးခြင်းမဖြစ်စေလိုတဲ့အတွက် Wu Lei ဟာ သူ့အပိုင်းပြီးဆုံးသည်အထိ ရိုက်ကူးဖို့ဆုံးဖြတ်ခဲ့ပြီး အကုန်ပြီးစီးမှသာ ဆေးကုသဖို့ခံယူဖို့ ဆေးရုံကိုသွားခဲ့ပါတော့တယ်။

မျက်နှာ်တစ်ခုလုံးနဲ့ မျက်လုံးတွေမှာ တော်တော်လေးထိခိုက်သွားတာကြောင့် သေချာကုသနေရတဲ့အခြေအနေလည်းဖြစ်ပါတယ်။ Wu Lei ဒဏ်ရာရရှိသွားတဲ့ Viedo တွေကို ကြည့်ခဲ့ကြတဲ့ ပရိသတ်တွေကဆိုရင် အလွန်အမင်းစိုးရိမ်ပူပန်ခဲ့ကြပြီး မြန်မြန်သက်သာကောင်းမွန်လာဖို့ ဆုတောင်းပေးနေခဲ့ကြပါတယ်။

အချို့ကတော့ Wu Lei အနေနဲ့ သရုပ်ဆောင်တဲ့အခါ အရဲစွန့်လွန်းတာကြောင့် ကိုယ့်ကိုကိုယ် စိတ်ချရဖို့ပိုပြီးအာရုံစိုက်စေချင်နေကြတာပါ။ ဒီရုပ်ရှင်ရိုက်ကူးရင်းနဲ့ပဲ မြင်းပေါ်‌ကနေလည်း ပြုတ်ကျဖူးသေးတာကြောင့် တော်တော်အန္တရာယ်များနေခဲ့ပါပြီ။

လူအများကတော့ အသက် ၂၁ နှစ်အရွယ် မင်းသားလေးရဲ့ ကြိုးစားအားထုတ်မှုနဲ့ အနုပညာအပေါ် လေးစားတန်ဖိုးထားတဲ့စိတ်ကို ချီးမွမ်းနေကြပြီး ဒီအချက်တွေကြောင့်ပဲ အခြားသူတွေအတွက် role model ‌ဖြစ်နေခဲ့တာကို နားလည်သဘောပေါက်လာကြပါတော့တယ်။

Source: WorldJournal
Photos: WorldJournal
Translated by Julix