Celebrity News

Jin နဲ့ V ဟာ ကောင်းမွန်တဲ့အသံပိုင်ရှင်တွေအဖြစ် စင်မြင့်ထက်မှာ‌ ဖျော်ဖြေနိုင်ရတဲ့အကြောင်းအရင်း

BTS အဖွဲ့ဝင် (၇) ယောက်စလုံးဟာ ကွဲပြားနေတဲ့အသံတွေရှိတာတောင် ထူးခြားစွာလိုက်ဖက်ညီမှုရှိပြီး နားဝင်ချိုနေတာကတော့ စံချိန်တင်သီချင်းတွေက သက်သေပြနေပါတယ်။ အထူးသဖြင့် ဩဩရှရှရှိပြီး ညို့ငင်အားကောင်းတဲ့ အသံပိုင်ရှင် V နဲ့ ချိုမြိန်ပြီး ညိမ့်ညောင်းနေတဲ့ အသံပိုင်ရှင် Jin တို့ကတော့ စင်မြင့်ထက်မှာဖျော်ဖြေတိုင်း မှင်သက်သွားလောက်တဲ့အထိ သူတို့ရဲ့အသံမှာ စီးမြောသွားစေနိုင်တဲ့ အစွမ်းတစ်ခုကတော့ ရှိနေပါတယ်။

ကောင်းမွန်တဲ့အသံပိုင်ရှင်တွေဖြစ်လာရတဲ့နောက်ကွယ်မှာ မလျှော့သောအားထုတ်မှုတွေရှိကြောင်း vocal coach ဖြစ်တဲ့ Kim Sung-eun က မျှဝေခဲ့ပါတော့တယ်။ September 6 ရက်‌ေန့တုန်းက YouTube channel တစ်ခုဟာ Kim Sung-eun နဲ့ ပြုလုပ်ထားတဲ့အင်တာဗျူးကိုတင်ပေးခဲ့ပါတယ်။

Kim Sung-Eun ကတော့ BTS အပါအဝင် idol များစွာကို အသံပိုင်းဆိုင်ရာလေ့ကျင့်ပေးဖူးတဲ့ နည်းပြတစ်ယောက်ပါ။ အင်တာဗျူးမှာတော့ Kim Sung-eun ဟာ BTS အဖွဲ့သားတွေကို အသံလေ့ကျင့်ခန်းတွေလုပ်ပေးရတာ လွယ်/မလွယ်ကို မေးမြန်းခံခဲ့ရပါတယ်။

Kim Sung-eun ရဲ့အဖြေကတော့.. “ကျွန်မက JIN, JUNGKOOK နဲ့ V.. သူတို့ (၃) ယောက်ကို trainee ဘဝကတည်းက အသံပိုင်းနဲ့ပတ်သက်လို့ လေ့ကျင့်ပေးခဲ့ပါတယ်။ စစချင်းတော့ တော်တော်လေးခက်ခဲတာပေါ့။ နောက်ပိုင်း လေ့ကျင့်မှုတွေတအားလုပ်ခဲ့တော့ အများကြီး ပြင်ဆင်ပြောင်းလဲနိုင်ခဲ့ပါတယ်။

သူတို့တွေ တော်တော်ကြီးပြင်းပြင်းထန်ထန်ကိုကြိုးစားခဲ့ကြပါတယ်။ ဒါကြောင့်မို့လို့ ‌လွယ်ကူချောမွေ့လာခဲ့ကြတာပါ။ ကျွန်မရဲ့လေ့ကျင့်ခန်းတွေနဲ့ပတ်သက်လို့ စိတ်ပိုင်းဆိုင်ရာကို လုံးဝပြင်ဆင်ထားကြတာ.. BTS အဖွဲ့ဝင်တွေကိုလေ့ကျင့်ပေးရတာ တကယ်ကို စိတ်ဝင်စားစရာကောင်းပြီး အတွေ့အကြုံတွေလည်း ရခဲ့ပါတယ်” လို့ ဖြေကြားပေးခဲ့ပါတယ်။

ထို့နောက်မှာတော့ YouTuber က “(၃)‌ ယောက်ထဲမှာ ဘယ်သူက လေ့ကျင့်ပေးရတာ အလွယ်ဆုံးလဲ?” ဆိုပြီး‌ ဆက်မေးခဲ့ပါတယ်။ ဒါကိုတော့ Kim Sung-eun က တွေဝေခြင်းမရှိဘဲ “JIN ကို သင်ပေးရတာ အလွယ်ကူဆုံးပါပဲ” လို့ ပြန်ဖြေပေးခဲ့ပါတယ်။ ထပ်မံ‌ဖြည့်စွက်ပြီး Kim Sung-eun ဟာ ‘FAKE LOVE’ ထွက်မလာခင် သူမနဲ့ V ကြားက အဖြစ်အပျက်လေးကို မျှဝေပေးခဲ့ပြန်ပါသေးတယ်။

“‘FAKE LOVE’ သီချင်းအတွက် Guide လုပ်ဖို့ စပြီးနားထောင်ကြည့်တော့ ‘Oh, ငါ ဒီသီချင်းလေးကို ကြိုက်လိုက်တာ။ ဒါပေမဲ့လေ notes တွေက တော်တော်လေးမြင့်တာပဲ’ ဆိုပြီး ဖြစ်သွားတာပေါ့နော်။ အဲ့အချိန်မှာပဲ ကျွန်မနဲ့အသံလေ့ကျင့်ချင်လို့ဆိုပြီး V က စာလှမ်းပို့ရော။ ထင်ကိုမထားခဲ့ဘူး။

ဘာလို့လဲဆိုရင် ပုံမှန်ဆို အထူးတလည် လေ့ကျင့်ခန်းဆင်းတာမျိုးမလုပ်ဘဲ တစ်ခုခုစားပြီး စကားစမြည်ပြောရင်း တွေ့ဆုံပြောဆိုကြလိုက်တာပဲရှိတာ။ အဲ့လိုကနေ သီချင်းအတွက် high note တွေရောက်အောင် ကောင်းကောင်းဆိုနိုင်ချင်လို့ လေ့ကျင့်ချင်တယ်ဆိုပြီး ဖြစ်သွားရော။ အဲ့တုန်းကလည်း အသံမြင့်ပိုင်းအတွက် မေးခွန်းတွေ တလက်ဆက်ကိုမေးတော့တာပါပဲ။

‘FAKE LOVE’ လည်း ထွက်လာရော V က မူရင်းအမြင့်သံထက် ပိုမြင့်ပြီးတောင် ဆိုထားလိုက်သေးတယ်။ အဲ့ကတည်းက V ကလေ သူ့ရဲ့အသံလေ့ကျင့်မှုတွေကို ဘယ်လောက်တောင် အချိန်အများကြီးယူပြီး အားစိုက်ထားတယ်ဆိုတာကို သဘောပေါက်ခဲ့ရတယ်။ ဒီအကြောင်းအရင်းတွေကပဲ သူက လျှင်လျှင်မြန်မြန်နဲ့ တိုးတက်အောင်မြင်လာခဲ့တာပါပဲ” ဆိုပြီး သေချာဖော်ပြပြောဆိုခဲ့ပါတော့တယ်။

BTS အဖွဲ့သားတွေအတွက် အခုအချိန်မှာလိုမျိုး အောင်မြင်မှုအကြီးကြီးရထားတဲ့ ထိပ်ဆုံး Kpopအဖွဲ့ဖြစ်လာဖို့ ဂီတလမ်းခရီးဟာ အလွယ်တကူလေး လမ်းပေါက်ပြီးသားမဟုတ်ကြောင်း အားလုံးအသိဆုံးပါပဲ။ ပရိသတ်တွေမမြင်နိုင်တဲ့ ကင်မရာနောက်ကွယ်က ကောင်‌လေး (၇) ယောက်ရဲ့ အားထုတ်ကြိုးပမ်းမှုတွေကတော့ တခြားသူရဲ့အပြောလေးတွေနဲ့တင် လေးစားဂုဏ်ယူနေရပါပြီ။

Source: SBSSTAR
Photos: SBSstar
Translated by Julix

Tags: K-Pop Story