Celebrity News

အထူးသံတမန်အဖြစ် ခန့်အပ်ပွဲကို တက်​ရောက်ပြီး သမ္မတ Moon Jae In နဲ့ ​တွေ့ဆုံခဲ့ကြတဲ့ BTS

စက်တင်ဘာလ ၁၄ ရက်​နေ့ နံနက်ပိုင်းမှာ ဆိုးလ်မြို့၊ အိမ်ပြာ​တော်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ သမ္မတရုံး အထူးသံတမန်ခန့်အပ်ပွဲကို BTS အဖွဲ့ဝင် ၇ ​ယောက်လုံးတက်ရ​ောက်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လက BTS အဖွဲ့ကို ယဉ်​​ကျေးမှုနဲ့ အနာဂတ်မျိုးဆက်ဆိုင်ရာ သမ္မတရုံးအထူးသံတမန်အဖြစ် ခန့်အပ်​ကြောင်း သမ္မတကြီး Moon Jae In က ထုတ်ပြန်​ကြေငြာခဲ့တာပါ။

ဒီက​နေ့မှာ​တော့ BTS အဖွဲ့​တွေဟာ ထိုအခမ်းအနားကို ဝတ်စုံပြည့်နဲ့ တက်​​ရောက်လာတာကို ​တွေ့ရမှာပါ။ သမ္မတ Moon Jae In က BTS အဖွဲ့ဝင်​တွေကို ​နွေး​နွေး​ထွေး​ထွေး ကြိုဆိုနှုတ်ဆက်ခဲ့ပြီး အတူတကွ ဓါတ်ပုံရိုက်ကူးခဲ့ကြပါတယ်။

အဲ့ဒီ​နောက် BTS အဖွဲ့ဟာ သမ္မတက ချီးမြှင့်တဲ့ ဂုဏ်ပြုမှတ်တမ်းလွှာ​တွေ၊ ​တောင်ကိုရီးယားသမ္မတနိုင်ငံရဲ့ သံတမန်​တွေသာ ကိုင်​​ဆောင်ရတဲ့ နိုင်ငံကူးလက်မှတ်နဲ့ အိမ်ပြာ​တော်တံဆိပ်ပါတဲ့ ​​ဖောင်တိန်​တွေကို လက်ခံရယူခဲ့ပါတယ်။ BTS အဖွဲ့ဟာ သမ္မတ Moon Jae In နဲ့အတူ စက်တင်ဘာလ ၁၉ ရက်​နေ့က​နေ ၂၃ ရက်​နေ့အထိ အ​မေရိကန်နိုင်ငံကို သံတမန်အဖြစ် သွား​ရောက်မှာဖြစ်ပါတယ်။

ထိုခရီးစဉ်အတွင်း ၇၆ ကြိမ်​မြောက် UN အ​ထွေ​​ထွေညီလာခံကိုလည်း တက်​ရောက်သွားမှာဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းက လူငယ်​လူရွယ်တွေအတွက် အား​ပေးစကား ​ပြောကြားသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် သမ္မတ Moon Jae In နဲ့ BTS တို့ဟာ စက်တင်ဘာလ ၂၀ ရက်​နေ့မှာ UN က ဦးစီးပြီး ပြုလုပ်မယ့် Sustainable Development Goals Moment (SDG Moment) ကိုလည်း တက်​​ရောက်သွားမှာဖြစ်ပြီး BTS အဖွဲ့က မိန့်ခွန်း​ပြောကြားရင်း performance video တစ်ခုကို ပြသသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် ဒီက​နေ့မှာပဲ BTS အဖွဲ့ရဲ့ သံတမန်ခရီးစဉ်နဲ့နိုင်ငံခြား schedule ​တွေအတွက် BTS အဖွဲ့ဝင် ၇ ဦးလုံးနဲ့ ​အတူလိုက်ပါမယ့် အေဂျင်စီဝန်ထမ်း​တွေဟာ ကိုဗစ်ကာကွယ်​ဆေးထိုးပြီးပြီဖြစ်​ကြောင်း HYBE က အသိ​ပေး​ကြေငြာထားပါတယ်။

Source : Allkpop
Photo : Twitter, Naver
Written : ZL

Tags: K-Pop Update