Celebrity News

Korea fashion ကိုယ်စားပြု Global Ambassador အဖြစ် ရွေးချယ်ခံလိုက်ရတဲ့ Kai

Korea နိုင်ငံရဲ့ အထင်ကရ Fashion ပွဲ ဖြစ်တဲ့ Seoul fashion week က နေ စီစဉ်တဲ့ “Seoul Fashion weeks 600 years of history “ ကို October ၇ ရက်နေ့ ကနေ October 15 ရက်နေ့ထိ ကျင်းပတော့မှာပါ။

ဒီပွဲရဲ့ Global Brand Ambassador အဖြစ် EXO အဖွဲ့မှ Fashion King “Kai” ကို ရွေးချယ်ထားကြောင်းသိရပြီး Kai ပါဝင်တဲ့ promotion video ကိုတော့ မနက်ဖြန် 15 ရက်နေ့က စ ပြီး YouTube မှာ တင်ပေးမှာ ဖြစ်ပါတယ်။

ဒီ Fashion show မှာ ဝါရင့် Designer ကြီးတွေရဲ့ လက်ရာတွေရော တက်သစ်စ Designer လေးတွေ ရဲ့ လက်ရာတွေရော ပြသသွားမှာ ဖြစ်ကြောင်း သိရပါတယ်။ ဒီ Fashion Week ဟာ Seoul ရဲ့ “past-present-Future” theme ကို အသုံးပြုထားပြီး ကာလ ၃ ခုရဲ့ Fashion style တွေကို ပြသသွားမှာပါ။

နိုင်ငံခြားသား ခရီးသွားတွေကို ဆွဲဆောင်ရာ Seoul မြို့ရဲ့ ကိုယ်စားပြု အထင်ကရ ရှေးဟောင်းသမိုင်းဝင်နေရာဖြစ်တဲ့ Gyeongbokgung နန်းတော်မှာ ရိုက်ကူးထားတဲ့ Fashion flims တွေလည်း ပြသမှာ ဖြစ်ပါတယ်။ ဒီနန်းတော်မှာ ရိုက်ကူးတာ ဒါ ပထမဆုံးဖြစ်ပြီး ကိုရီးယားရဲ့ ယဉ်ကျေးမှုနဲ့ အနုပညာသမိုင်းကို ဆန်းသစ်တဲ့ idea နဲ့ ချပြချင်လို့ ဖြစ်ကြောင်း ဆိုပါတယ်။

ခုလို ခမ်းနားလှတဲ့ Fashion show ကြီးကို October 7 ကနေ စ ပြီး Seoul Fashion Week Official website , YouTube, Naver TV , Tiktok,tvND, TVING အစရှိတဲ့ ကွန်ယက်တွေမှာ ကြည့်ရှူနိုင်တာမို့ လက်မလွှတ်သင့်တဲ့ ပွဲကြီးပါဘဲ ပရိသတ်ကြီးတို့ရေ။

Source:Seoulfashionweek_official
Written: Violet

Tags: K-Pop Update