Celebrity News

Unpacking လုပ်ရင်း BTS အဖွဲ့ထဲက Bais ကို ထုတ်ပြောလိုက်တဲ့ BL မင်းသားချော P’First

ထိုင်းမင်းသားတွေထဲမှာ Kpop ကို တော်တော်လေးနှစ်သက်ကြတဲ့သူတွေ ပေါများလှပါတယ်။ Kpop ရဲ့လွှမ်းမိုးမှုအားကောင်းလာတာနဲ့အမျှ အနုပညာရှင်တွေတောင် Fangirl/Boy တွေ ဖြစ်ကုန်ရတဲ့အထိပါပဲ။

အခုတစ်ခါမှာလည်း ထိုင်းနိုင်ငံရဲ့ နာမည်ကြီး BL မင်းသားချော Chalongrat Novsamrong, P’First” ကတော့ Kpop ထဲမှာ Bias တော်ထားပြီး သူအကြိုက်ဆုံး idol တစ်ယောက်ကို ထုတ်ပြောပြခဲ့ပါတယ်။ Don’t Say No The Series နဲ့ ပရိသတ်တွေရဲ့ လက်ခံအားပေးခြင်းကို အများအပြားရရှိထားတဲ့ P’First က သူ့ရဲ့ bias ဟာ BTS’s Jin ဖြစ်ကြောင်း ကြွားလုံးထုတ်ခဲ့ပါတယ်။

သူ့ရဲ့ official TikTik account ကနေပြီး BTS’s “Butter” CD album ကို unpacking လုပ်နေခဲ့တဲ့ ဗီဒီယိုလေးအား တင်ပေးခဲ့ပြီး အဆိုပါ Album ဟာ နိုင်ငံခြားကပရိသတ်တစ်ယောက်ရဲ့ လက်ဆောင်လို့လည်း ပြောခဲ့ပြန်ပါသေးတယ်။ ဗီဒီယိုရိုက်‌ကူးပြနေရင်း Chalongrat ဟာ သူ့အတွက် အကြိုက်ရဆုံး bias ကတော့ အားလုံးရဲ့ အချစ်ရဆုံး ဝေါလ်ဝိုက်ဟမ်းဆမ်းကြီး Jin ပါပဲ။

ARMY ပရိသတ်တွေက P’First ရဲ့ ထုတ်ပြောပြတာလေးကို တော်တော်ချစ်နေကြပြီး နောက်ထပ် အနုပညာရှင် ARMY တစ်ယောက်ထပ်တိုးလာလို့ သဘောကျနေကြပါတော့တယ်။ Jin ဆိုသည်မှာလည်း အနုပညာလောကထဲမှာ “မင်းသားတွေကို ဆွဲဆောင်နိုင်တဲ့ သံလိုက်လူသား Jin” ဆိုပြီး ချစ်စနိုးနဲ့ နာမည်ပြောင်ပေးခံထားရသူပါပဲ။

P’First ကိုယ်တိုင်ကလည်းပဲ နာမည်ကြီး သရုပ်ဆောင်မင်းသားဖြစ်ပေမဲ့ Jin နဲ့ ပတ်သက်လာတော့ Fanboy လေးဖြစ်သွားတာ တကယ်ကို ချစ်စရာကောင်းနေပါတော့တယ်။ အရင်ကလည်းပဲ စုစုပေါင်း မင်းသား အယောက် (၃၀) နီးပါးက Jin ကို သဘောကျကြောင်း ဝန်ခံပြောဆိုခဲ့ဖူးပါသေးတယ်။ အခုတစ်ခါ နောက်ထပ် Fanboy လေးတစ်ယောက် ထပ်တိုးပြန်ပါပြီနော်။

Source: Allkpop
Photos: Allkpop
Translated by Julix

Tags: Thai Update