Celebrity News

Forbes Korea က ထုတ်ပြန်လိုက်တဲ့ ၂၀၂၁ ခုနှစ်အတွက် K-Pop ​လောကရဲ့ “Visual King/Queen” များ

စက်တင်ဘာလ ၁၄ ရက်​နေ့တုန်းက Forbes Korea မဂ္ဂဇင်းက​နေ ၂၀၂၁ ခုနှစ် K-Pop ​လောကရဲ့ “Visual Queen” နဲ့ “Visual King” များကို ထုတ်ပြန်​ကြေငြာခဲ့ပါတယ်။ ဒီရလဒ်ဟာ Forbes Korea နဲ့ Idol Champ app တို့ ပူး​ပေါင်းပြီး သြဂုတ်လ ၃၀ ရက်​​နေ့က​နေ စက်တင်ဘာလ ၁၃ ရက်​နေ့အထိ ပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ ထွက်​ပေါ်လာခဲ့တာဖြစ်ပါတယ်။ ပရိသတ်​တွေရဲ့ မဲ​ပေးမှုအရ လက်ရှိ K-Pop ​လောကရဲ့ Visual Queen” နဲ့ “Visual King” ​တွေအဖြစ် သတ်မှတ်ခံထားရတဲ့ Idol ​တွေက​တော့

(1) Ji U (Dreamcatcher)

“Visual Queen” ကဏ္ဍအတွက် ဇကာတင် Idol ၁၀ ဦးရှိတဲ့ထဲကမှ Dreamcatcher အဖွဲ့ဝင် Ji U က ၂၂,၁၂၇ မဲ (၄၅.၈၃%) နဲ့ အနိုင်ရရှိခဲ့ပါတယ်။ Ji U ဟာ ကျက်သ​ရေရှိတဲ့အလှကို ပိုင်ဆိုင်ထားသူတစ်​ယောက်ဖြစ်ပါတယ်။ သူမရဲ့ ​သေးသွယ်တဲ့မျက်နှာ၊ ထင်ရှားတဲ့ မျက်ရစ်၊ ဖူးငုံ​နေတဲ့နှုတ်ခမ်း၊ ဖြူဝင်းတဲ့အသားအ​ရေ​တွေက ကိုရီးယား​တွေ သတ်မှတ်ထားတဲ့ အလှအပ စံချိန်စံညွှန်း​တွေနဲ့ ကိုက်ညီ​နေပါတယ်။

(2) Nayeon (TWICE)

ဒုတိယ​နေရာမှာ ရပ်တည်​နေတာက​တော့ TWICE အဖွဲ့ဝင် Nayeon ဖြစ်ပြီး ၁၇,၇၃၉ မဲကို ရရှိခဲ့ပါတယ်။ ဘန်နီ​လေးနဲ့တူပြီး မျက်လုံးဝိုင်းဝိုင်း၊ ပါး​ဖောင်း​ဖောင်း​လေး​တွေရှိတဲ့ သူမရဲ့ ရုပ်ရည်က ​ယောကျ်ား​လေး​တွေကြားမှာ အ​တော်လ​ေးကို လူကြိုက်များပြီး ​ပေါ်ပြူလာဖြစ်ပါတယ်။ ဒါ့အပြင် သူမရဲ့ ပုံစံက ငယ်ရွယ်နုပျိုမှုနဲ့ လန်းဆန်းတက်ကြွမှု​စတဲ့ ခံစားချက်​တွေကို ​ပေးစွမ်းနိုင်ပါတယ်။

(3) Jennie (BLACKPINK)

BLACKPINK အဖွဲ့ဝင် Jennie က​တော့ ၃,၅၁၆ မဲနဲ့ တတိယ​နေရာမှာ ရပ်တည်​နေပါတယ်။ Jennie က​တော့ အ​ပေါ် ၂ ​ယောက်နဲ့မတူပဲ girl crush ပုံစံရှိပါတယ်။ ဒါ့မပြင် သူမရဲ့ ပုံစံဟာ high teen vibe ကိုခံစားရ​စေတာ​ကြောင့် “it girl” လို့လည်း ​ခေါ်တွင်ကြပါတယ်။ Jennie ရဲ့ ရုပ်ရည်နဲ့ ခန္ဓါကိုယ်ဟာ ​ယောကျ်ား​လေး​တွေတင်မက မိန်းက​လေး​တွေကြားမှာပါ လူကြိုက်များပြီး စံပုံစံလိုကို ဖြစ်​နေပါတယ်။

(4) Joy (Red Velvet)

Red Velvet အဖွဲ့ဝင် Joy ဟာလည်း ရုပ်ရည်​ချော​မောမှုနဲ့ ပတ်သက်ပြီး အမြဲချီးမွမ်း​ပြောဆိုခံရတဲ့သူဖြစ်ပါတယ်။ သူမရဲ့ ကျစ်လျစ်လှပတဲ့ ခန္ဓါကိုယ်​ကြောင့် “Miss Korea” လို့တင်စားခံရပြီး လူအများရဲ့ အာရုံစိုက်မှုကို ခံရရုံသာမက သူမရဲ့ ရုပ်ရည်ဟာ မက်မွန်သီး​​လေးနဲ့တူပါတယ်။ ဒါ့အပြင် ချိုမြိန်တဲ့အပြုံးနဲ့ သွက်လက်တက်ကြွတဲ့ အကျင့်စရိုက်တို့​ကြောင့် သူမကို ချစ်သူခင်သူ​တွေလည်း ​ပေါများပါတယ်။

(5) Yu Jin (CLC)

​နောက်ဆုံးတစ်​ယောက်က​တော့ CLC အဖွဲ့ဝင်လည်း ဖြစ်သလို Mnet ရဲ့ Girls Planet 999 အစီအစဉ်မှာ ဝင်ပြိုင်ပြီး ပရိသတ်​တွေရဲ့ အချစ်ကို လက်ခံရရှိ​နေတဲ့ Yu Jin ပဲဖြစ်ပါတယ်။ သူမရဲ့ ရုပ်ရည်က​တော့ ချစ်စရာလည်း​ကောင်းသလို girl crush concept ​တွေနဲ့လိုက်ဖက်တဲ့ ဆက်စီကျမှုရှိတာကိုလည်း ​တွေွ့မြင်ရမှာပါ။ အထူးသဖြင့် သူမရဲ့ မျက်လုံးနဲ့ အပြုံးက ဆွဲ​ဆောင်မှုကို ပိုပြီးတိုး​စေပါတယ်။

(1) Jin (BTS)

​”Visual King” ဂုဏ်ပုဒ်ကို ဆွတ်ခူးသွားတာက​တော့ BTS Jin ဖြစ်ပြီး ​ယောကျ်ား​လေး​ Idol ​တွေအားလုံးထဲမှာ မဲ​စုစုပေါင်းရဲ့ ၃၆.၇၄% ကို ရရှိခဲ့တာဖြစ်ပါတယ်။ On Jin ဟာ သူ့ရဲ့ ​ချော​မောရုပ်ရည်နဲ့ပတ်သက်ပြီး ကျွမ်းကျင်သူ​တွေဆီကပါ အမျိုးမျိုးအသိအမှတ်ပြုချီးမွမ်းခံရသူပါ။ သူ့ဟာ golden ratio ရှိသူအဖြစ် ပလပ်စတစ်ဆာဂျရီဆရာဝန်​တွေက သတ်မှတ်တာကို ခံရသလို နတ်ဘုရားက ဂရုတစိုက်နဲ့ ပြီးပြည့်စုံ​အောင်ဖန်ဆင်းခဲ့တဲ့ သက်ရှိလူသားလို့​တောင် တင်စား​ခေါ်​ဝေါ်ခံရပါတယ်။

(2) Cha Eun Woo (ASTRO)

ဒုတိယ​နေရာမှာ ရှိ​နေတာက​တော့ ASTRO အဖွဲ့ဝင် Eunwoo ပါပဲ။ သူဟာ ​သူ့ရဲ့ ​ချော​မောလွန်းတဲ့ ရုပ်ရည်​ကြောင့် “Face Genius” လို့ လူသိများပါတယ်။ အထူးသဖြင့် ​သေးသွယ်တဲ့မျက်နှာ၊ ထင်ရှားတဲ့ မျက်ခုံးမျက်လုံး၊ နှာ​ခေါင်းချွန်ချွန်​လေးနဲ့ နှုတ်ခမ်း​သေး​သေး​လေးက သူ့ကို webtoon ထဲက ထွက်လာတဲ့ webtoon ဇာတ်​ကောင်လို့​တောင် အထင်မှား​စေတာဖြစ်ပါတယ်။ ဒါ့အပြင် ​ဉာဏ်​ကောင်းပြီး ​နွေး​ထွေးတဲ့နှလုံးသားရှိတာ​ကြောင့် တခြား​ယောကျ်ား​လေး Idol ​တွေထက် ပိုပြီးထင်ရှား​စေတာဖြစ်ပါတယ်။

(3) Suho (EXO)

EXO အဖွဲ့ရဲ့ ​ခေါင်း​ဆောင် Suho က​တော့ ဒီစာရင်းရဲ့ တတိယ​နေရာမှာရပ်တည်​နေပါတယ်။ Suho ဟာလည်း ထင်ရှားတဲ့ မျက်နှာအချိုးအစား​တွေကို ပိုင်ဆိုင်ထားတာ​ကြောင့် သူ့ရဲ့ပုံစံက အထက်တန်းဆန်ပြီး ​ကျော့​မော့တဲ့ပုံစံမျိုးရှိပါတယ်။ Suho ဟာလည်း golden propotion ရှိတဲ့ idol တစ်​ယောက်အဖြစ် ပညာရှင်​တွေက အသိအမှတ်ပြုထားပါတယ်။

(4) Lee Know (Stray Kids)

​နောက်ဆုံးတစ်ဦးက​တော့ Stray Kids အဖွဲ့ဝင် Lee Know ဖြစ်ပါတယ်။ သူရဲ့ ရုပ်ရည်က​တော့ တခြားလူ​တွေနဲ့ မတူပဲ တစ်မူထူးခြားပါတယ်။ သူ့ရဲ့ မျက်နှာကို တစ်ခါကြည့်မိတာနဲ့ အကြည့်မလွှဲနိုင်ပဲ ဆက်ပြီး ကြည့်ချင်စိတ်တွေဖြစ်​ပေါ်လာ​စေမှာပါ။ ကြည့်​နေရင်းက​နေပဲ သူ့ရဲ့ မျက်လုံး၊ နှာ​ခေါင်း၊ နှုတ်ခမ်းစတဲ့ အစိတ်အပိုင်းတစ်ခုချင်းစီက ထူးခြားပြီး လှပတာ​ကို သတိထားမိမှာ​စေမှာဖြစ်ပါတယ်။

Source : Kpopstarz
Photo : Instagram, Pinterest
Written : ZL

Tags: K-Pop Update