Celebrity News

ဂျူဆော့ဟွန်းနဲ့အတူ အချစ်ဟာသဇာတ်လမ်းကောင်းတွေ အတူရိုက်ကူးကြည့်ချင်တဲ့ ဘယ်ရိုနာ

ဂျူဆော့ဟွန်းနဲ့ ဘယ်ရိုနာအတွဲလေးကတော့ Penthouse: War in Life ကြည့်တဲ့သူတိုင်း သဘောကျတဲ့ စုံတွဲလေးပါပဲ။ Kim Hyun-soo (ရိုနာ) နဲ့ Kim Young Dae (ဆော့ဟွန်း) တို့နှစ်‌ယောက် ကြည်ကြည်နူးနူးနဲ့ ချစ်သူပုံစံလေးဖြစ်ဖို့ ဇာတ်လမ်းပြီးဆုံးသည်အထိ ‌စောင့်ကြည့်ခဲ့ကြပေမဲ့ Romantic ဆန်တာတွေက ထင်သလောက်မပါခဲ့ပါဘူး။

ဒါ့ကြောင့်လည်း မင်းသမီးလေး Kim Hyun-soo က မင်းသား Kim Young Dae နဲ့အတူ Romantic ဆန်တဲ့ အချစ်ဇာတ်လမ်းတစ်ခုကို နောက်ထပ်အတူတွဲဖက်ပြီး ရိုက်ကူးချင်ကြောင်း ပြောခဲ့ပါတော့တယ်။

September 11 ရက်နေ့တုန်းက Kim Hyun-soo ဟာ ‘The Penthouse 3: War in Life’ နဲ့ပတ်သက်လို့ အင်တာဗျူးတစ်ခုကို တက်ရောက်ခဲ့ပါတယ်။ ‘Hera Palace’ က ချမ်းသာပေမဲ့အကျင့်ပျက်နေတဲ့ လူကုံထံအသိုင်းအဝန်းကို ဆန့်ကျင်သူလေး ‘Bae Ro-na’ အဖြစ် သရုပ်ဆောင်ခဲ့ရတဲ့အကြောင်းကို ပြန်လည်ပြောပြခဲ့ပါတယ်။

ဇာတ်လမ်းထဲမှာ ဘယ်ရိုနာ ဟာ သူမမိသားစုရဲ့ အကြီးမားဆုံးရန်သူမိသားစုရဲ့ သားဖြစ်သူ ဂျူဆော့ဟွန်း နဲ့ ချစ်သွားခဲ့ကြပြီး ကြမ်းတမ်းတဲ့အချစ်ခရီးကို ဖြတ်သန်းခဲ့ရရှာပါတယ်။ ဒီလိုအချစ်တစ်ခုကို ပုံဖော်နိုင်အောင် အတူတွဲဖက်ရိုက်ကူးခဲ့ရတဲ့ မင်းသား Kim Young Dae အကြောင်းကိုတော့ Kim Hyun-soo က အခုလိုပဲပြောပြခဲ့ပါတော့တယ်။

“ကျွန်မအတွက် သရုပ်ဆောင်စဉ်တစ်လျှောက်လုံး အချစ်ဇာတ်ဝင်ခန်းမျိုးကိုရိုက်ကူးရတာဟာ ဒီဇာတ်လမ်းက ပထမဆုံးပါပဲ။ ဒါကြောင့်မို့လို့ ကောင်းကောင်းမလုပ်နိုင်မှာကို အများကြီး စိုးရိမ်ခဲ့တယ်။ ဒါပေမဲ့ ရိုနာနဲ့ ဆော့ဟွန်း တို့ စုံတွဲလေးကို ကြည့်ရှုသူတွေအားလုံးက သဘောကျနှစ်ခြိုက်အားပေးခဲ့တာကြောင့် အလွန်ကိုကျေးဇူးတင်မိပါတယ်။

ပရိသတ်တွေပေးတဲ့ ချစ်ခြင်းမေတ္တာနဲ့ အားပေးပံ့ပိုးမှုတွေက အကူအညီအကြီးကြီးဖြစ်ခဲ့ပါတယ်။ အားလုံးသိကြတဲ့အတိုင်း ‘The Penthouse: War in Life’ က အပြန်အလှန် လက်စားချေတဲ့ အကြမ်းစားဒရမ်မာဖြစ်လို့ ရိုနာနဲ့ဆော့ဟွန်း တို့ရဲ့ ချစ်ကြည်နူးတဲ့ဇာတ်ဝင်ခန်းလေးတွေက သိပ်မပါလာပါဘူး။ နည်းနည်းတော့ နှမြောစရာကောင်းတာပေါ့။

အခွင့်အရေးရမယ်ဆိုရင် အချစ်ဟာသဇာတ်လမ်းမျိုးမှာ သရုပ်ဆောင်ကြည့်ချင်ပါတယ်။ Kim Young Dae (ဆော့ဟွန်း) နဲ့ ထပ်ပြီး အတူသရုပ်ဆောင်ခွင့်ရမယ်ဆိုရင် ရိုဆန်ဆန်ဇာတ်လမ်းမျိုး ရိုက်ကူးခွင့်ရရင် သိပ်ကောင်းမှာပဲ။ ထပ်ပြီး Romantic ဆန်ဆန်လေးတွေ ချပြလို့သွားတာပေါ့” ဆိုပြီး ပြောပြလာခဲ့ပါတယ်။

၂၀၂၀ October ကတည်းက ပြသလာတဲ့ ‘The Penthouse: War in Life’ ဟာ ၂၀၂၁ September 10 မှာပဲ Season (3) နဲ့အတူ အဆုံးသတ်သွားခဲ့ပါတယ်။ စတင်ပြသချိန်ကစပြီး ဒီဇာတ်လမ်းဟာ လူကြည့်အများဆုံးဇာတ်လမ်းဖြစ်သလို လူပြောအများဆုံးဇာတ်လမ်းအဖြစ်လည်း နာမည်ကြီးခဲ့ပါတယ်။ အကယ်၍ အခွင့်ရှိဦးမယ်ဆိုရင် ဆော့ဟွန်းနဲ့ ရိုနာစုံတွဲလေး‌ကို ရိုဆန်တဲ့ ဇာတ်လမ်းသစ်မှာ အတူတွဲပြီး မြင်ချင်ပါသေးတယ်။

Source: SBSstar
Photos: SBSstar
Translated by Julix