Celebrity News

သည်းထိတ်ရင်ဖိုဇာတ်လမ်းတွဲမှာ ပထမဆုံးအကြိမ်အဖြစ် ပါဝင်သရုပ်​ဆောင်သွားမယ့် SHINee အဖွဲ့ဝင် Minho

SHINee အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Minho ဟာ Kakao TV original drama “Goosebumps” မှာ ပါဝင်သရုပ်​​ဆောင်သွားမှာဖြစ်​ကြောင်း စက်တင်ဘာလ ၁၅ ရက်​နေ့မှာ Kakao TV က ထုတ်ပြန်​ကြေငြာလိုက်ပါတယ်။ ဒီသတင်းက မှန်ကန်​ကြောင်း Minho ရဲ့ ​အေဂျင်စီဖြစ်တဲ့ SM Entertainment ကလည်း အတည်ပြု​ပေးထားပါတယ်။

“Goosebumps” ဟာ ​နေ့စဉ်ဘဝမှာ ကြုံ​တွေ့ရမယ့် သည်းထိတ်ရင်ဖိုဖြစ်ရပ်​လေး​တွေကို အပိုင်း ၈ ပိုင်းနဲ့ ရိုက်ကူးပြသသွားမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကို​တော့ “Gidam” နဲ့ “Gonjiam: Haunted Asylum” တို့လို သည်းထိတ်ရင်ဖို​တွေနဲ့ နာမည်ရလာတဲ့ ဒါရိုက်တာ Jung Bum Shik က ဇာတ်ညွှန်း​ရေးသားပြီး ရိုက်ကူးထုတ်လုပ်သွားမှာဖြစ်ပါတယ်။

မင်းသမီးကြီး Choi Ji Woo ကလည်း ဒီဇာတ်လမ်းတွဲရဲ့ အပိုင်းတစ်ပိုင်းမှာ ပါဝင်သွားမှာဖြစ်​ကြောင်း ယခင်က အတည်ပြု​ကြေငြာခဲ့ပြီးဖြစ်ပါတယ်။ Minho က​တော့ ဖြူစင်ပြီး စူးစမ်းလိုစိတ်များတဲ့ Hoon ဆိုတဲ့ လူငယ်​လေးအဖြစ်သရုပ်​ဆောင်သွားမှာပါ။ Hoon ဟာ ထူးခြားဆန်းကြယ်တဲ့ စာတစ်​စောင်ကို လက်ခံရရှိပြီး​နောက် သူ့ဘဝမှာ မ​မျှော်လင့်ထားတဲ့ ဖြစ်ရပ်ဆန်း​တွေကို ကြုံ​တွေ့ရမှာဖြစ်ပါတယ်။

“Goosebumps” ဇာတ်လမ်းတွဲကို ယခုနှစ်ရဲ့ ဒုတိယနှစ်ဝက်ထဲမှာ ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။ လက်ရှိမှာ​တော့ Minho ဟာ စက်တင်ဘာလ ၁၇ ရက်​နေ့မှာ ပြသသွားမယ့် TVING drama “Yumi’s Cells” မှာ Ahn Bo Hyun, Kim Go Eun တို့နဲ့အတူ ပါဝင်သရုပ်​ဆောင်ထားပါတယ်။

Source : Soompi
Photo : Instagram
Written : ZL