Celebrity News

100 Million Views ကို အမြန်ဆုံးရရှိခဲ့တဲ့ Kpop Solo သီချင်း (၁၇) ပုဒ်

K-Pop သီချင်းနဲ့ပတ်သက်လာရင် views on YouTube မှာ ကြည့်ရှုသူစံချိန်တင်တာကလည်း မှတ်တမ်းတစ်ခုအဖြစ် ဂုဏ်ထူနိုင်ပါတယ်။ ကြည့်ရှုသူ 100 million ရရှိခြင်းကလည်း မှတ်တိုင်တစ်ခုအနေနဲ့ စာရင်းရေးသွင်းဖို့ အရေးပါတာကြောင့် အမြန်ဆုံးရရှိတဲ့အချိန်အလိုက် မှတ်တမ်းထင်ထားကြပြန်ပါသေးတယ်။ Kpop တကိုယ်တော်သီချင်းတွေထဲမှာတော့ 100 million views ကို အလျှင်မြန်ဆုံးရရှိခဲ့တဲ့ သီချင်းကောင်း (၁၇) ပုဒ်ရတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

(17) “I” by Taeyeon
October 6, 2015 တုန်းက ထွက်ရှိခဲ့ပြီး and took 496 days to reach 100 million views ရရှိဖို့ ရက်ပေါင်း ၄၉၆ ရက်တိတိကြာမြင့်ခဲ့ပါတယ်။

(16) “Singularity” by V
“Singularity” ကတော့ May 6 ရက် 2018 မှာ ထွက်ရှိခဲ့ပြီး မှတ်တမ်းဝင်သီချင်းဖြစ်လာဖို့ ရက်ပေါင်း ၃၇၇ ရက်တိတိ ကြာမြင့်ခဲ့ပါတယ်။

(15) “BBIBBI” by IU
အားလုံးကြိုက်ကြတဲ့ “BBIBBI” သီချင်းလေးဟာ ၂၀၁၈ ခုနှစ် October 10 ရက်နေ့က ထွက်လာခဲ့ပြီး 100 million views ရဖို့ ရက်ပေါင်း ၂၇၈ ရက်သာကြာမြင့်ခဲ့ပါတယ်။

(14) “New Face” by PSY
၂၀၁၇ က May 10 ရက်ကထွက်ခဲ့တဲ့ “New Face” ကတော့ စံချိန်တင်ဖို့ ၂၃၇ ရက်ပဲ ကြာမြင့်ခဲ့ပါတယ်။

(13) “Celebrity” by IU
“Celebrity” သီချင်းကတော့ January 27 ရက် ၂၀၂၁ မှာထွက်ခဲ့ပြီး ၂၀၆ ရက်‌လေးပဲ ကြာခဲ့ပါတယ်။

(12) “Maria” by Hwasa
လူကြိုက်များခဲ့တဲ့ “Maria” သီချင်းဟာ ၂၀၂၀ June 29 မှာထွက်ခဲ့တာကြောင့် ရက်ပေါင်း 139 ရက်အတွင်း 100 million views ရခဲ့တာပါ။

(11) “Gone” by Rosé
April 4 ရက် ၂၀၂၁ တုန်းက ထွက်လာခဲ့တဲ့ “Gone” သီချင်းလေး‌ကတော့ စံချိန်တင်ဖို့ 91 ရက်ပဲ ကြာမြင့်ခဲ့ပါတယ်။

(10) “Oppa is Just My Style” by PSY ft. HyunA
“Oppa is Just My Style” သီချင်းက ၂၀၁၂ ခုနှစ်တုန်းက တော်တော်ရေပန်းစားခဲ့ပါတယ်။ August 14 မှာ စတင်ထွက်ရှိခဲ့ပြီး 68 ရက်အတွင်း စံချိန်တင်နိုင်ခဲ့တာပါ။

(9) “Gangnam Style” by PSY
ကမ္ဘာအနှံ့ကျော်ကြားအောင်မြင်ခဲ့တဲ့ “Gangnam Style” သီချင်းက July 15, 2012 တုန်းက ထွက်ခဲ့တာပါ။ ၅၁ ရက်အတွင်း 100 million views ကို‌ ရောက်ရှိခဲ့ပါတယ်။

(8) “Daddy” by PSY ft. CL
“Daddy” ဆိုတဲ့သီချင်းကတော့ ၂၀၁၅ ခုနှစ် November 30 ရက်နေ့မှာ ထွက်ရှိခဲ့ပါတယ်။ 100 million views ရဖို့ ရက်ပေါင်း (၅၀) လေးပဲ ကြာမြင့်ခဲ့တာဖြစ်ပါတယ်။

(7) “Daechwita” by Agust D
SUGA (ခေါ်) August D ရဲ့ အပြင်းစား Rap သီချင်း “Daechwita” ကတော့ May 22, 2020 မှာ ထွက်ခဲ့ပါတယ်။ ရက်ပေါင်း 43 ရက်အတွင်းမှာ 100 million views မိုင်တိုင်ကို ရောက်ရှိခဲ့ပါတယ်။

(6) “Chicken Noodle Soup” by J-Hope & Becky G
“Chicken Noodle Soup” သီချင်းလေးကတော့ J-Hope ရဲ့ နာမည်ကြီး တကိုယ်တော်သီချင်းလေးပါ။ September 17, 2019 တုန်းက ထွက်လာခဲ့ပြီး တစ်လကျော်ကျော် ရက်ပေါင်း ၃၈ ရက်တည်းနဲ့ မှတ်တမ်းဝင်ခဲ့ပါသေးတယ်။

(5) “Hangover” by PSY ft. Snoop Dogg
“Hangover” ကတော့ PSY ရဲ့ နာမည်ကြီးသီချင်းပါ။ June 8, 2014 တုန်းက စတင်ထွက်ရှိခဲ့ပြီး ၃၅ ရက်တည်းနဲ့ 100 million views ကို ရောက်သွားခဲ့တာပါ။

(4) “Solo” by Jennie
၂၀၁၈၊ November (12) ရက်တုန်းက ထွက်ခဲ့တဲ့ “Solo” သီချင်းလေးဟာ ၂၃ ရက်တည်းနဲ့ စံချိန်ချိုးခဲ့ပါသေးတယ်။

(3) “On The Ground” by Rosé
Rosé က “On The Ground” သီချင်းနဲ့ စံချိန်တင်ခဲ့ပါတယ်။ 100 million views ကို ရက်ပေါင်း ၇.၉ ရက်အတွင်း ရရှိခဲ့တာပါ။

(2) “Gentleman” by PSY
၂၀၁၃ ရဲ့ နာမည်ကြီးသီချင်း “Gentleman” သီချင်းက April 13 မှထွက်ခဲ့တာဖြစ်ပြီး စံချိန်တင်နိုင်ဖို့ 2.8 ရက်သာ ကြာမြင့်ခဲ့ပါတယ်။

(1) “LALISA” by Lisa
Kpop Solo MV တွေထဲမှာ စံချိန်အမြင့်ဆုံးတင်လိုက်သူကတော့ Lisa ပါ။ “LALISA” သီချင်းကဆိုရင် September 10 ရက်နေ့မှာ စတင်ထွက်ရှိခဲ့ကာ 2.1 ရက်လေးနဲ့ 100 million views ကို အမြန်ဆုံးရောက်ရှိသွားခဲ့ပြီး အမြန်ဆုံး MV တစ်ပုဒ်အဖြစ် စံချိန်သစ်တင်ထားပါတယ်။

Source: Koreaboo
Photos: Koreaboo
Translated by Julix

Tags: K-Pop Story