Celebrity News

သင်သိပ်သိလောက်မှာမဟုတ်တဲ့ TWICE အဖွဲ့ဝင်တွေရဲ့အကြောင်း အချက် (၂၀)

TWICE အဖွဲ့ဝင်တွေဟာ မကြာသေးမီက online shopping တခုဖြစ်တဲ့ Shopeeနဲ့ “Relay Q&A” game ကစားခဲ့ပါတယ်။ MC က မေးခွန်းတွေမေးပြီး အဖွဲ့သားတွေက တစ်ယောက်ချင်းစီ ကိုယ်ကျတဲ့မေးခွန်းကို မြန်မြန်ဖြေရတဲ့ Game ပါ။ ဒီအကြောင်းတွေက လုံးဝ အသစ်ဘဲမို့ TWICE fan တွေ သိထားလို့ရအောင် ခုလို ဖော်ပြပေးလိုက်ပါတယ်။

1.အဖွဲ့ထဲမှာ Shopping အထွက်ဆုံး သူ ?

Nayeon ကတော့ MoMo ပါတဲ့။

  1. Shopping or eating?

Shopping နဲ့အစားအသောက်ဆိုရင်တောင် MoMo က shopping ဘဲ ရွေးချယ်ခဲ့ပါတယ်။

  1. တခြား member တွေကို လက်ဆောင်ပေးအဖြစ်ဆုံးသူ ?

Sana ကတော့ Mina ကို ရွေးခဲ့ပါတယ်။

  1. TWICE အဖွဲ့အတွက် ဘာဝယ်ပေးချင်လည်း?

Mina က စားကောင်းတဲ့ တခုခု ဝယ်ကျွေးမယ် လို့ ဆိုပါတယ်။

5.ဘာမှ မစဉ်းစားဘဲ shopping ကောက်ထွက်တဲ့သူလား or သေချာစဉ်းစားပြီးမှ shopping ထွက်တဲ့သူလား

Dahyun ကတော့ shopping ထွက်ချင်ရင် ကောက်သွားလိုက်တဲ့သူပါတဲ့။ ဒါပေမဲ့ ပစ္စည်းရွေးချယ်ရင်တော့ သေချာအကြာကြီးစဉ်းစားပြီးမှ ဝယ်ပါတယ်တဲ့။

  1. Member တွေထဲမှာ Fashion အကျဆုံးသူ?

Chaeyoung ကတော့ Tzuyu လို့ ဖြေခဲ့ပါတယ်။

  1. ထူးထူးဆန်းဆန်းပစ္စည်းတွေ မှာတတ်တဲ့သူ?

Tzuyu က Chaeyong လို့ ဖြေခဲ့ပါတယ်။

  1. စားသောက်ဆိုင်တွေမှာ ထွက်စားရတာ အကြိုက်ဆုံးသူ?

Jihyo က Nayeon နဲ့ MoMo ကို ရွေးခဲ့ပြီး Nayeon က ခုလိုပြောတာကို သဘောတူဟန်မပြခဲ့ပါဖူး။

  1. အကြိုက်ဆုံး TWICE choreography?

Nayeon က “Feel Special” လို့ဖြေခဲ့ပြီး သူကိုယ်တိုင်က ပြခဲ့ပါတယ်။

  1. အိတ်ပုတ်အကြီးဆုံးသူ ?

ဘယ်သူမှမပြောခင် Momo က သူ့ကိုယ်သူ ရွေးလိုက်ပါတယ်။

  1. TV shows or movies?

Sana က ဒီနှစ်ခုကိုရွေးရတာ ခက်တယ်ပြောခဲ့ပေမဲ့ movies လို့ဘဲ ရွေးသွားခဲ့ပါတယ်။

  1. ပဲခေါက်ဆွဲ or chicken?

Mina ကတော့ အတုံ့အဆိုင်းမရှိ ကြက်ကြော်ကို ရွေးခဲ့ပါတယ်။

  1. အစားအသောက် show တွေအကြည့်ဆုံးသူ?

Dahyun က တော့ သူ့ကိုယ်သူရွေးလိုက်ပြီး ကျန် memberတွေကလည်း Dahyun ပြောတာ လက်ခံခဲ့ကြပါတယ်။

  1. Hip hop or ballad?

Chaeyong အတွက်ကတော့ Hip hop အကြိုက်ဆုံးပါတဲ့။

15.အကြိုက်ဆုံး TWICE သီချင်း?

Tzuyu က အကုန်ကြိုက်ပါတယ်လို့ ဖြေခဲ့ပါတယ်။

16.အဖွဲ့ထဲမှာ ဟင်းချက်အကောင်းဆုံးသူ?

ဒီမေးခွန်းဖြေရတဲ့ Nayeon က shock ရသွားလို့ Jihyo က ဘယ်သူမှ ဟင်းကောင်းကောင်းမချက်တတ်ဖူးလို့ ဝင်ဖြေခဲ့ပါတယ်။

  1. introverted or extroverted?

Nayeon က “ကျွန်မ က extroverted လို့ထင်ရပေမဲ့ တကယ်တမ်းတော့ ကျွန်မက introverted ပါ လို့ဖြေခဲ့ပါတယ်။

  1. Sky diving or bungee jumping?

Mo Mo က ဒီနှစ်ခုလုံးအဆင်မပြေဖူးလို့ ဆိုပါတယ်။

  1. အိပ်ရာဝင်အစောဆုံးသူ?
    Sana က Tzuyu လို့ ဖြေခဲ့ပါတယ်။

20.အဖွဲ့ထဲမှာ အရယ်အသန်ဆုံးသူ?

Mina က Nayeon ကို ရွေးခဲ့ပါတယ်။

ကဲ Twice အဖွဲ့ဝင်တွေက သူတို့အကြောင်းတွေကို ကိုယ်တိုင် ထုတ်ပြောသွားပြီနော်။ ပရိသတ်ကြီးတို့ သိထားတဲ့ အကြောင်းတွေနဲ့ တူညီမှုရှိရဲ့လား။ မထင်ထားတဲ့ အချက်တွေများပါနေမလားဆိုတာ cmt မှာ ရေးသွားကြပါအုံးနော်။

Source: Koreaboo
Written : Bora

Tags: K-Pop Story