Celebrity News

2 နှစ်ပြည့် ELLE MEN Fresh China Magazine ရဲ့ မျက်နှာဖုံးပိုင်ရှင် ဖြစ်လာတဲ့ Korea Fashion ကိုယ်စားပြု “Kai”

ELLEMEN Fresh China ဟာ သူတို့ရဲ့ နှစ်နှစ်ပြည့် Anniversary ကို ကျင်းပခဲ့ပါတယ်။ သူတို့ Magazine ရဲ့ October လ ထုတ်ရဲ့ Magazine Cover မှာ Kai ပါလာမှာဖြစ်ပြီး ရွေးချယ်ရတဲ့ အကြောင်းတွေကိုလည်း ခုလို ရှင်းပြခဲ့ပါတယ်။

Gucci ရဲ့ ပထမဆုံး Global Ambassador အဖြစ် နှစ်ချီလုပ်လာတဲ့ Kai ဟာ ငယ်ရွယ်ခြင်းရဲ့ သင်္ကေတ၊ တောင်ကိုရီးယားရဲ့ Fashion ကိုယ်စားပြု ဖြစ်တာကြောင့် ခုလို magazine cover မှာ ဂုဏ်ယူစွာနဲ့ ထည့်ဖြစ်တာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

သူတို့ရဲ့ ကိုယ်ပိုင် Instagram မှာလည်း ELLEMEN FRESH CHINA ဟာ KAI ရဲ့ ပုံတွေတင်ခဲ့ပြီး ခုလို Caption နဲ့ September 14 မှာတင်ခဲ့ပါတယ်။ “Magazine 2 နှစ်ပြည့် Cover ပိုင်ရှင်ရဲ့ အကြောင်းကိုရှင်းပြရရင်တော့ အသက် 8,9 နှစ်အရွယ်ကစပြီး အက သင်ယူခဲ့တဲ့ Idol, Debut သက်တမ်းလည်း 10 နှစ်နီးပါးရှိပြီ ဖြစ်တဲ့ Idol, သင်တန်းသား ဘဝကနေ all-rounded အနုပညာရှင် ဖြစ်လာတဲ့ Kai, သူ့ရဲ့ ငယ်ရွယ်မှုတွေကို ပရိသတ်တွေနဲ့သာ အချိန်ကုန်ဆုံးခဲ့တဲ့ Kai ဖြစ်ပါတယ်။

Kai ဟာ အတွင်းစိတ်သဘောထားကအစ အေးငြိမ်းပြီး လွတ်လတ်အေးချမ်းတဲ့သူပါ။ အမြဲလန်းဆန်းတက်ကြွတဲ့ idol တစ်ယောက် ဖြစ်ဖို့ပျော်ရွှင်မှုတွေသာရှာဖွေရင်း အလုပ်ကြိုးစားတဲ့သူဖြစ်ပါတယ်။ နောက်ထပ် ၁၀ နှစ်တိုင်အောင် ပရိသတ်တွေနဲ့ဘဲ သူ့ဘဝဖြတ်သန်းမယ်လို့ ကတိပြုထားတဲ့သူပါ။ KAIDomesticFirst”

Kai ဟာ မြောက်မြားစွာသော Magazine တွေရဲ့ အထူးထုတ် နှစ်ပြည့် ရာပြည့်တွေဆိုရင် cover မှာ ပါလာလေ့ရှိပါတယ်။ ခုလည်း ဒီ Magazine ရဲ့ အထူးထုတ်မှာပါလာခဲ့ပါတယ်။ ပြီးတော့ ဒီ Magazine ဟာ Kai ပါတဲ့ ပထမဆုံး China ထုတ် Magazine လည်း ဖြစ်ပါတယ်။

သူတို့ Website ကနေ ပုံတွေလည်း အများကြီး တင်ပေးထားတာမို့ Kai ရဲ့ fashion ကျနမှုကို ပရိသတ်တို့ တွေ့ရမှာပါ။ ဘယ်လို theme နဲ့ ရိုက် ရိုက် မိမိုက်နေတာမို့ Kai ကို ခုလို Korea ကိုယ်စားပြု fashion icon လို့ အားလုံးက သတ်မှတ်ထားကြတာ ဖြစ်ပါတယ်။

Source: Allkpop
Written: Violet

Tags: K-Pop Update