Celebrity News

ပြည်မကြီးရဲ့ အကျော်ကြားဆုံးကြယ်ပွင့်ဖြစ်လာသူ Wang Yibo ရဲ့ (၇) နှစ်တာ အနုပညာလမ်းခရီး

စက်တင်ဘာလ (၁၅) ရက်နေ့ကတော့ အများချစ်ရတဲ့ Wang Yibo လေးအတွက် အနုပညာရှင်အဖြစ် ပွဲဦးထွက်ခဲ့ခြင်း (၇) နှစ်မြောက် ပြည့်ခဲ့ပါပြီ။ ပြည်မကြီးရဲ့ အအောင်မြင်ဆုံးအနုပညာရှင်အဖြစ် ဂုဏ်တင်ထားသူလေး Yibo ရဲ့ (၇) နှစ်တာခရီးစဉ်ကတော့ ရွှေထက်တောင် တန်ဖိုးရှိရတဲ့အကြောင်းအရင်းတွေ များစွာရှိနေပါတယ်။

အကတော်သူလေး Wang Yibo ကတော့ သူ့ရဲ့ပါရမီကြောင့်ပဲ Trainee ပေါင်း အယောက် (၃၀) ကိုကျော်ဖြတ်ရင်း UNIQ အဖွဲ့ဝင်တွေနဲ့အတူ ပွဲဦးထွက်ဖို့ ပြင်ဆင်နိုင်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် Yibo အသက် (၁၄) နှစ်ပဲ ရှိသေးတဲ့အချိန်မှာပဲ Idol တစ်ယောက်ဖြစ်လာဖို့ ပင်ပန်းစွာလေ့ကျင့်ခဲ့ရပြီး ၃ နှစ်ကျော်ကြာ Training ဆင်းပြီးတဲ့နောက် ၂၀၁၄ အသက် (၁၇) နှစ်မှာပဲ UNIQ အဖွဲ့ဝင်အဖြစ် ပွဲဦးထွက်နိုင်ခဲ့ပါတယ်။

Yuehua Entertainment က စင်တင်ပေးလိုက်တဲ့ အဖွဲ့ဝင် (၅)ယောက်ပါ UNIQ အဖွဲ့ဟာ ပြည်မကြီးဖက်မှာ တော်တော်လေးကို နာမည်ကြီးခဲ့ပြီး iQIYI မှာတောင် ကိုယ်ပိုင် TV Show ကို လုပ်ဆောင်နိုင်ခဲ့တဲ့အဖွဲ့ပါပဲ။ ရွှေအိုရောင်ဆံပင်ရှည်လေးနဲ့အတူ ပါး‌ဖောင်းလေး Yibo ဟာ ထိုအချိန်ကတည်းမှာ ပရိသတ်တွေရဲ့နှလုံးသားထဲမှာ နေရာယူခဲ့တော့တာပါပဲ။

Idol တစ်ယောက်ဖြစ်လာတဲ့အတွက် ချီးမွမ်းမှုတွေရှိသလို ဝေဖန်ခံရတာတွေလည်း အများအပြားရရှိခဲ့ပြန်ပါသေးတယ်။ UNIQ အဖွဲ့နဲ့ ရှေ့ဆက်လျှောက်လှမ်းနေရင်း တရုတ်ဇာတ်လမ်းတွဲတွေမှာ ပါဝင်ရိုက်ကူးရင်း Yibo ဟာ သရုပ်ဆောင်လိုင်းဖက်ကို စတင်ခြေချခဲ့ပါတော့တယ်။

ဆက်တိုက်ဆိုသလိုပဲ Wang Yibo ကတော့ Yuehua Entertainment ရဲ့ နာမည်ကြီးရှိုးတစ်ခုဖြစ်တဲ့ Produce 101 မှာ အကဲဖြတ်အဖြစ် ပါဝင်လာခဲ့ပြန်ပါတယ်။ အကြမ်းစား၊အမိုက်စား အကသင်ကြားမှုတွေကြောင့် ကြည့်ရှုသူ‌တွေကိုအံ့ဩစေခဲ့တဲ့အပြင် တနေ့မှာ တစ်ခါတည်း (၆) နာရီတိတိ အကလေ့ကျင့်တယ်ဆိုတဲ့အကြောင်းက ဟိုးလေးတကျော်ဖြစ်သွားပါတော့တယ်။

Produce 101 ပြီး‌တဲ့နောက် Gank Your Heart ဇာတ်လမ်းနဲ့အတူ ရိုက်ကူးထုတ်လုပ်သူတွေကြား နာမည်ရလာခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်မှာတော့ အနုပညာလမ်းခရီးရဲ့ ရွှေရောင်လမ်းမထက်ကို ရောက်ရှိလာခဲ့ပါတော့တယ်။ မင်းသား Xiao Zhan နဲ့ တွဲဖက်ရိုက်ကူးခဲ့တဲ့ The Untamed ဇာတ်လမ်းက ဝက်ဝက်ကွဲအောင်မြင်ခဲ့ပြီး Netflix မှာတောင် ပြသခဲ့ရတဲ့အထိ ကမ္ဘာ့ပရိသတ်ကို လွှမ်းမိုးခဲ့တော့တာပါပဲ။

Green Ocean လို့တင်စားရတဲ့အထိ ပရိသတ်အများအပြားကို ပိုင်ဆိုင်နိုင်ခဲ့ပြီး ကျုံးကော်ရဲ့ နာမည်အကြီးဆုံးမင်းသားတစ်လက်ဖြစ်လာခဲ့ပါ‌တော့တယ်။ Legend of Fei ဇာတ်လမ်းကို စီနီယာ ထိပ်တန်းမင်းသမီး Zhao Liying နဲ့ တွဲဖက်ရိုက်ကူးနိုင်ခဲ့တဲ့အပြင် တစ်လအတွင်း ဒီဇာတ်လမ်းကို ကြည့်ရှုသူ 4 billion views အထိရအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ဒရမ်မာပရိသတ်တွေပါ ထပ်မံတိုးများလာခဲ့ပါတော့တယ်။

ဂီတပိုင်းမှာတော့ Street Dance of China 3, 4 မှာ Mentor အဖြစ် ပါဝင်လှုပ်ရှားနေပြီး လူကြိုက်အများဆုံးသီချင်းပေါင်းများစွာကိုလည်း ဖန်တီးထွက်ရှိပေးထားပါတယ်။ အနုပညာနယ်ပယ်မှာတင်မက စီးပွားရေးလောကဖက်မှာလည်း Wang Yibo နဲ့ လက်တွဲထားတဲ့ Brand ပေါင်းများစွာ၊ ထုတ်ကုန်ပေါင်းများစွာရှိနေပြီး အားလုံးက အလိုရှိနေတဲ့ ‌အအောင်မြင်ဆုံး အနုပညာရှင်ဖြစ်လို့သာ နေပါတော့တယ်။

အသက် (၂၄) နှစ်ပဲရှိသေးတဲ့ Wang Yibo ကတော့ သူ့လမ်းကို အတောက်ပဆုံးဖြစ်အောင် အရှိန်ပြင်းပြင်းနဲ့ လမ်းဖောက်နေပြီး လက်ရှိအချိန်မှာတော့ ကျုံးကျော်ရဲ့ အနုပညာလောကထဲမှာ အအောင်မြင်ဆုံးအနုပညာရှင်အဖြစ် ရပ်တည်နေနိုင်နေပြီပဲဖြစ်ပါတော့တယ်။

Source: Radii
Photos: Radii
Translated by Julix