Celebrity News

Psy ဦးဆောင်တဲ့ P nation ကနေ မွေးထုတ်ပေးမဲ့ LOUD ပြိုင်ပွဲဝင်တွေပါတဲ့ Boy Group အသစ်

SBS ရဲ့ audition program အသစ်ဖြစ်တဲ့ “LOUD”ဟာ JYP Entertainment နဲ့ P Nation တို့ပေါင်းပြီး စီစဉ်တဲ့ survival show ဖြစ်ပါတယ်။ ထို အစီအစဉ်မှာ ဘယ်အေဂျင်စီနဲ့မှ စာချုပ်ချုပ်ထားခြင်းမရှိတဲ့ အသက် ၁၂ အရွယ်ကနေ ၂၁ နှစ်အရွယ်ကြား ယောင်္ကျားလေး ၇၃ ယောက်ဟာ ပွဲဦးထွက်ခွင့်ရဖို့ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြရပါတယ်။

တစ်ယောက်ပြီး တစ်ယောက်ထွက်ရင်း နောက်ဆုံးတော့ final round လည်း Sep 12 က ပြီးသွားပါပြီ။ နောက်ဆုံး Top 12 ထိ ကျန်ခဲ့ပါတယ်။ ထိုထဲကမှ Boy 5 ယောက်ကို Park Jin Young ဦးဆောင်တဲ့ JYP Entertainment ကနေ debut ပေးမှာ ဖြစ်ပြီး Psy ဦးစီးတဲ့ P Nation ကနေ Boy 7 ယောက် အဖွဲ့ကို debut ပေးမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ profile ပုံတွေလည်း ထွက်လာပြီမို့ P nation team က Boy တွေကို ပရိသတ်တွေ အတိအကျသိရအောင် ဖော်ပြပေးလိုက်ပါတယ်။

1.Woo Kyung Jun
Born: August 30, 2002

2.Choi Tae Hun
Born: November 19, 2002

3.Jang Hyun Soo
Born: September 16, 2003

4.Cheon Jun Hyeok
Born: September 20, 2004

5.Eun Hwi
Born: November 11, 2004

6.Oh Sung Jun
Born: August 30, 2005

7.Tanaka Koki
Born: January 29, 2009

ဒီအဖွဲ့ဝင် ၇ ယောက်ပါတဲ့ Boy Group ဟာ P nation ကနေ debut ပေးမဲ့ ပထမဆုံး boy group ဖြစ်တာမို့ စိတ်လှုပ်ရှားစရာပါဘဲ။ သူတို့တွေအကုန်လုံးဟာ ပြိုင်ပွဲဝင်တွေအများကြီးထဲက အကြိတ်အနယ်ယှဉ်ပြိုင်ပြီးမှ ခုလို တက်လာတာမို့ အရည်အချင်းကတော့ ပြောစရာမလိုအောင် ကောင်းမွန်ချက်ပါဘဲ။

Source: soompi
Written: Violet

Tags: K-Pop Update