Celebrity News

ဒေါ်လာသန်းချီတန်တဲ့ တိုက်ခန်းကို အကိုဖြစ်သူထံ အမည်​ပေါက် လွှဲ​ပြောင်း​​ပေးခဲ့တဲ့ Jungkook

BTS အဖွဲ့ဝင်​တွေဟာ ကမ္ဘာ​ကျော် K-Pop စတား​တွေဖြစ်တာနဲ့အမျှ နှစ်စဉ် ​ဒေါ်လာသန်းချီတဲ့ ဝင်​ငွေကို ရရှိပါတယ်။ ဒါ​ကြောင့် ဒီလို ပိုက်ဆံကိုထားစရာ​နေရာမရှိ​အောင်ချမ်းသာတဲ့ အနုပညာရှင်​တွေဟာ အိမ်ခြံ​မြေ​တွေမှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်တတ်ကြပါတယ်။

ဒါ​ပေမဲ့ BTS အဖွဲ့ဝင် Jungkook က​တော့ သူပိုင်ဆိုင်တဲ့ တိုက်ခန်း​တွေထဲက တစ်ခန်းကို အကိုဖြစ်သူကို ​အပိုင်​ပေးခဲ့ပါတယ်။စက်တင်ဘာလ ၁၆ ရက်​နေ့မှာ Biz Hanbook သတင်းဌာနရဲ့ သတင်းထုတ်ပြန်​ချက်အရ BTS အဖွဲ့ဝင် Jungkook ဟာ သူ ၂၀၁၉ ခုနှစ်က ဝယ်ယူခဲ့တဲ့ Yongsan City Park တိုက်ခန်းကို သူ့ရဲ့ အကိုဖြစ်သူထံ လွှဲ​ပြောင်း​ပေးခဲ့တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇူလိုင်လတုန်းက Jungkook ဟာ Sungsu မြို့နယ်မှာရှိတဲ့ Seoul Forest Trimage ရဲ့ ၁၇ လွှာက တိုက်ခန်းတစ်ခန်းကို ကြမ်းခင်း​စျေး ဝမ် ၁.၉၅ သန်းနဲ့ ပထမဆုံးဝယ်ယူခဲ့ပါတယ်။

အဲ့ဒီ​နောက် ၂၀၁၉ ခုနှစ် ဇူလိုင်လမှာ Yongsan City Park ရဲ့ ၁၇ လွှာက တိုက်ခန်းတစ်ခန်းကို ဝမ် ၂.၉၈ သန်းနဲ့ ဒုတိယအကြိမ်အဖြစ်ဝယ်ယူခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၂၀ ခုနှစ် ​အောက်တိုဘာလမှာ သူ့ရဲ့ Seoul Forest Trimage က တိုက်ခန်းကို ၂.၀၅ သန်းနဲ့ ပြန်လည်​ရောင်းချခဲ့ပါတယ်။

Yongsan City Park တိုက်ခန်းကို​​တော့ ယခင်နှစ် ဒီဇင်ဘာလက အကိုဖြစ်သူကို အမည်​ပေါက်လွှဲ​ပြောင်း​ပေး ခဲ့တယ်လို့ Biz Hanbook က ​ဖော်ပြထားပါတယ်။ လက်ရှိမှာ အဲ့ဒီတိုက်ခန်းရဲ့ ​​ပေါက်စျေးဟာ ခန့်မှန်း​ခြေ ဝမ် ၄ ဘီလီယံ (အ​မေရိကန်​ဒေါ်လာ ၃.၄ သန်း) ​လောက်ရှိပါတယ်။

ဒီတိုက်ခန်းမှာဆိုရင် ဧည့်ခန်း၊ မီးဖို​ချောင်၊ ထမင်းစားခန်း၊ အိပ်ခန်း ၄ ခန်းနဲ့ ​ရေချိုးခန်း ၂ ခန်း ပါဝင်တယ်လို့လည်း သိရှိရပါတယ်။ Jungkook ဟာ ယခုနှစ် နှစ်စမှာလည်း Itaewon မှာ နှစ်ထပ်အိမ်တစ်လုံးကို ဝမ် ၇.၆၃ ဘီလီယံနဲ့ ဝယ်ယူခဲ့ပါ​သေးတယ်။

Source : Kstarlive
Photo : Naver, Instagram
Written : ZL