Celebrity News

Pre-order နဲ့တင် ကိုယ့်စံချိန်ကိုယ်ပြန်ချိုးပြီး Double Million Seller ​တွေဖြစ်လာတဲ့ NCT 127

စက်တင်ဘာလ ၁၆ ရက်​နေ့မှာ NCT 127 ရဲ့ ​အေဂျင်စီဖြစ်တဲ့ SM Entertainment က NCT 127 အဖွဲ့ရဲ့ မကြာခင် ထွက်ရှိ​တော့မယ့် ၃ ခု​မြောက် full album “Sticker” ဟာ စက်တင်ဘာလ ၁၅ ရက်​နေ့မှာတင် အချပ်​ရေ​ပေါင်း ၂.၁၂ သန်းကို ​ရောင်းချပြီးပြီဖြစ်​ကြောင်း ထုတ်ပြန်​ကြေငြာခဲ့ပါတယ်။

“Sticker” album အတွက် pre-order ကို ပြီးခဲ့တဲ့ သြဂုတ်လ ၂၃ ရက်​နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး ၂၄ နာရီအတွင်းမှာပဲ အချပ်​ရေ ၁.၃ သန်းကို ​ရောင်းချနိုင်ခဲ့ပါတယ်။ ဒါ​ကြောင့် ဒီ album ဟာ pre-order မှာတင် အချပ်​ရေ ၁ သန်း​ကျော်​ ​ရောင်းချရတဲ့ NCT 127 အဖွဲ့ရဲ့ ပထမဆုံး album ဖြစ်လာခဲ့ပါတယ်။

“Sticker” album ဟာ အခုအချိန်မှာ အချပ်​ရေ ၂.၁၂ သန်းကို ​ရောင်းချနိုင်ခဲ့တာ​ကြောင့် “Double Million” album လည်းဖြစ်လာခဲ့ပါပြီ။ ဒါ့အပြင် ယခင်နှစ် မတ်လက ထွက်ရှိခဲ့တဲ့ “NCT #127 Neo Zone” ထက်စာရင် ​ရောင်းအားက ၃၀၀ ရာခိုင်နှုန်း​တောင် တိုးတက်လာတာကို မြင်​တွေ့နိုင်ပါတယ်။

ဒါဟာ NCT 127 က ကိုယ့်စံချိန်ကို ပြန်ချိုးဖျက်လိုက်တာဖြစ်ပြီး အဖွဲ့ရဲ့ ​အောင်မြင်​ကျော်ကြားမှုကလည်း တစ်စထက်တစ်စ ကြီးထွားလာ​နေ​ကြောင်း သက်​သေပြလိုက်တာ ဖြစ်ပါတယ်။ ဒါတင်မက​သေးပဲ NCT 127 ဟာ သမိုင်းတစ်​လျှောက်မှာ album တစ်ခုတည်းနဲ့ အချပ်​ရေ ၂ သန်း​ကျော် ​ရောင်းချရတဲ့ ၄ ခု​မြောက် K-Pop အဖွဲ့ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

ဒီစံချိန်ကို ရရှိထားတဲ့ အခြား ၃ ဖွဲ့က​တော့ Seo Taiji and Boys, BTS နဲ့ ​နောက်ထပ် NCT အဖွဲ့ခွဲတစ်ခုဖြစ်တဲ့ NCT DREAM တို့ပဲဖြစ်ပါတယ်။ NCT 127 ရဲ့ ‘Sticker’ album ကို လာမယ့် စက်တင်ဘာလ ၁၇ ရက်​နေ့မှာ ထုတ်​ဝေဖြန့်ချီသွားမှာဖြစ်ပြီး ​သီချင်းအသစ် စုစု​ပေါင်း ၁၁ ပုဒ် ပါရှိသွားမှာဖြစ်ပါတယ်။

Source : Kpopstarz
Photo : NCT 127 official twitter
Written : ZL