Celebrity News

Chuseok ​အတွက် ​အေဂျင်စီအသစ်က ဝန်ထမ်းအားလုံးကို ​တန်ဖိုးကြီးလက်​ဆောင်​ပေးခဲ့တဲ့ Yoo Jae Suk

စက်တင်ဘာလ ၁၅ ရက်​နေ့မှာ ANTENNA Music လက်​အောက်က အဆို​တော်/သီချင်း​ရေးဆရာ Jung Jaehyung ဟာ သူ့ရဲ့ Instagram မှာ ဓါတ်ပုံတစ်ပုံကို မျှ​ဝေခဲ့ပါတယ်။ အဲ့ဒီ ဓါတ်ပုံက​တော့ ​စျေးကြီးတဲ့ ကိုရီးယားအမဲသား set ပုံဖြစ်ပြီး ဓါတ်ပုံ​ပေါ်မှာ “Yoo-nim (Yoo Jaesuk) က ANTENNA ဝန်ထမ်းအားလုံးကို လက်​ဆောင်​ပေးတဲ့ အမဲသား set ပါ။ ​ကျေးဇူးတင်ပါတယ်” လို့ ​ရေးသားထားပါတယ်။

​Yoo Jae Suk ဟာ လာမယ့် စက်တင်ဘာလ ၂၂ ရက်​နေ့မှာ ကျ​ရောက်မယ့် Chuseok (ကိုရီးယား​ကျေးဇူး​တော်​​နေ့) အတွက် သူ့ရဲ့ ​အေဂျင်စီက ဝန်ထမ်း​တွေကို ​ဒီလို အာဟာရဖြစ်ပြီး ကျန်းမာစေမယ့်လက်​ဆောင်ကို ​ပေးခဲ့တာဖြစ်ပါတယ်။

Yoo Jaesuk ဟာ ၂၀၂၁ ခုနှစ်အတွက် ဝင်ငွေအများဆုံး အနုပညာရှင်​တွေထဲကတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ANTENNA Entertainment နဲ့ စာချုပ်ချုပ်ဆိုခဲ့တာပါ။ ​နောက်ပြီး​​တော့ Chuseok ​အချိန်ကာလ​ရောက်ပြီဆိုရင် ကိုရီးယားမှာ လူကြီးသူမ အသိမိတ်​ဆွေ​တွေကို လက်​ဆောင်​ပေးတဲ့ ထုံးတမ်းစဉ်လာရှိပါတယ်။

Chuseok အတွက် နို့ထွက်ပစ္စည်း​တွေ၊ စည်သွပ်ဘူး​တွေ၊ သစ်သီး​ခြောက်​တွေ၊ တိုင်းရင်း​ဆေး​တွေစသဖြင့် လက်​ဆောင်အမျိုးမျိုး​ပေး​လေ့ရှိကြ​ပေမဲ့ ကိုရီးယားအမဲသားက​တော့ ​စျေးအကြီးဆုံးနဲ့ အ​ကောင်းဆုံးလက်​ဆောင်တစ်ခုဖြစ်ပါတယ်။

Yoo Jae Suk ဟာ ယခင်တည်းက ​စိတ်ထား​ကောင်းမွန်ပြီး ​ကောင်းမှုကုသိုလ်​တွေ မကြာခဏပြုလုပ်တတ်တာ​ကြောင့် လူချစ်လူခင်​ပေါများပါတယ်။ ယခုအခါမှာလည်း ဒီသတင်းကို ကြားသိရတဲ့ netizen ​တွေဟာ Yoo Jaesuk ရဲ့ အကျင့်စရိုက်ကို ချီးကျူးခဲ့ကြပါတယ်။

သူတို့ဟာ “ထင်ထားတဲ့အတိုင်း သူကတကယ့် God Jaesuk ပဲ” ၊ “အားကျလိုက်တာ” ၊ “Yoo Jaesuk နဲ့ ကုမ္ပဏီတစ်ခုတည်း လုပ်ရတဲ့လူ​တွေက​တော့ အရမ်းကံ​ကောင်းတာပဲ” စသဖြင့် မှတ်ချက်ပြုခဲ့ကြပါတယ်။

Source : Kstarlive
Photo : Instagram
Written : ZL