Celebrity News

CH7 နဲ့ လက်တွဲဖြုတ်ခဲ့ပြီး အလွတ်တမ်းမင်းသမီးတွေအဖြစ် အောင်မြင်နေတဲ့ မင်းသမီး (၈) ဦး

ထိုင်းနိုင်ငံရဲ့ ဖျော်ဖြေရေးလောကမှာ CH7 ကတော့ နာမည်ကြီးတဲ့အနုပညာရှင် အေဂျင်စီတစ်ခုပါပဲ။ နာမည်ကျော်ပေါင်းများစွာကို မွေးထုတ်နိုင်ခဲ့ပြီး ထိပ်တန်းအနုပညာရှင်ပေါင်းများစွာနဲ့ လက်တွဲထားနိုင်ပါတယ်။ ဒီလိုအေဂျင်စီနဲ့ လက်တွဲဖြုတ်ခဲ့ပြီး တကိုယ်တော်သရုပ်ဆောင်အဖြစ် လှုပ်ရှားနေသူတွေထဲမှာ အအောင်မြင်ဆုံး မင်းသမီး (၈) ဦးလည်းရှိနေပါတယ်။

Baifern Pimchanok

Baifern ကတော့ channel 7 နဲ့ 2010 – 2016 အထိ လက်တွဲအလုပ်လုပ်ခဲ့ပါတယ်။ ၆ နှစ်တာစာချုပ်ကုန်ဆုံးပြီးနောက်မှာတော့ အသစ်ပြန်လည်ချုပ်ဆိုခြင်းမရှိတော့ဘဲ အလွတ်တမ်းမင်းသမီးအဖြစ် လှုပ်ရှားခဲ့ပါတော့တယ်။

၅ နှစ်အတောအတွင်း ဇာတ်လမ်း၊ဇာတ်ကားပေါင်းများစွာကို လက်ခံရိုက်ကူးခဲ့ပြီး ဆုပေါင်းများစွာကိုလည်း ရယူပိုင်ဆိုင်နိုင်ခဲ့ပါတော့တယ်။ လက်ရှိ ထိုင်းဖျော်ဖြေရေးလောကရဲ့ တကိုယ်တော်မင်းသမီးတွေထဲမှာတော့ Baifern ဟာ အအောင်မြင်ဆုံးကြယ်ပွင့်အဖြစ် နေရာယူထားပါတယ်။

Mai Davika

Mai ဟာလည်း သူမရဲ့အချစ်ရဆုံးမိတ်ဆွေဖြစ်တဲ့ Baifern လိုပဲ ၂၀၁၆ မှာ 2016 မှာ CH7 နဲ့ လက်တွဲဖြုတ်ခဲ့ပါတယ်။ တခြားသော အေဂျင်စီတွေနဲ့လည်း စာချုပ်မချုပ်တော့ဘဲ တကိုယ်တော်အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်ခဲ့သူပါ။

လက်ရှိမှာတော့ ထိုင်းနိုင်ငံရဲ့ ကြေးအမြင့်ဆုံး Top (5) စာရင်းဝင်လည်းဖြစ်နေပါတော့တယ်။ ပြည်တွင်းပြည်ပ ကြော်ညာ၊ မဂ္ဂဇင်းနဲ့ဖက်ရှင်လောကထဲအထိ လွှမ်းမိုးထားနိုင်တဲ့ အလွတ်တမ်းမင်းသမီးအဖြစ် ကျော်ကြားနေပါတော့တယ်။

Jooy Warattaya

CH7 နဲ့လက်တွဲဖြုတ်ပြီးနောက် အလွတ်တမ်းမင်းသမီးအပြင် ထုတ်လုပ်သူအဖြစ်ပါ အနုပညာလောကထဲမှာ နေရာယူလာသူကတော့ ဝါရင့်သရုပ်ဆောင် Jooy Warattaya ပါ။ လက်ထပ်ပြီးနောက်မှာတော့ ရိုက်ကူးရေးလုပ်တာ ကျဲသွားပေမဲ့ စီးပွားရေးဖက်နဲ့ ထုတ်လုပ်သူအဖြစ်ကို တစိုက်မတ်မတ် လုပ်ကိုင်နေပါတော့တယ်။

သူမအတွက် ပထမဆုံးဇာတ်လမ်းတွဲကတော့ တရုတ်ကား The Summer of the Foxes ကို ထိုင်းဇာတ်လမ်းအဖြစ် ပြန်ရိုက်ထားတာဖြစ်ပြီး Push Puttichai နဲ့ Mai Davika တို့က ပါဝင်ရိုက်ကူးပါတယ်။ Channel 7 နဲ့လက်တွဲဖြုတ်ပြီး အလွတ်တမ်းသရုပ်ဆောင်တွေအဖြစ် လှုပ်ရှားနေကြတဲ့ ကျန်ဒိတ်ဒိတ်ကြဲမင်းသမီးတွေကတော့…

• Pinky Savika

• Yui Chiranan

• Pimmy Pimprapa

• Pooklook Fonthip

• Kwan Usamanee တို့ပဲ ဖြစ်ကြပါတယ်။

Source: ThaiDaily
Photos: ThaiDaily
Translated by Julix