Celebrity News

တီတီတာတာ စကားလေးတွေဆိုရင်း ပရိသတ်တွေနဲ့ Twitter မှာ အလွမ်းသယ်ခဲ့တဲ့ Baekhyunee

EXO အဖွဲ့ရဲ့ Baekhyunee ကတော့ သူ ပရိသတ်တွေကို လွမ်းတဲ့အချိန်ဆို Twitter မှာ သူ့ရဲ့ EXO L တွေဘာလုပ်နေသလည်းဆိုတာ လာ check မယ်ဆိုပြီး အမြဲတမ်း Twitter မှာ ပရိသတ်တွေကို reply ပေးတဲ့သူပါ။ ဒါပေမဲ့ သူ စစ်ထဲဝင်သွားရတဲ့အချိန်မှာတော့ သူ့ရဲ့ social media ဟာ တိတ်ဆိတ်နေလိုက်တာ 4 လ တောင်ရှိပါပြီ။

September 15 ရက်နေ့ ညမှာ တော့ Baekhyun ဟာ Twitter မှာ ပေါ်လာခဲ့ပါတယ်။ “Hello” ဆိုပြီး အရင်ဆုံး tweet ခဲ့ပါတယ်။ “ငါ့ကို လွမ်းနေကြလား.. ငါကတော့ အကုန်လုံးကို လွမ်းနေတယ်” “Is it me … သီချင်း နားထောင်ရင်းနဲ့ ဒီလိုမျိုးပြောရတာ ကိုယ်တိုင် ဇာတ်ဆောင်မင်းသား ဖြစ်သွားသလိုဘဲ” ဆိုပြီး “Lover of the red sky” drama အတွက် သူ ost ဆိုပေးထားတဲ့ သီချင်းနဲ့ ပက်သက်ပြီး ပြောခဲ့ပါတယ်။

ပြီးတော့ “ဒီည အိပ်ရာဝင်ရင် မီးပိတ်ပြီး ကျွန်တော့် အကြောင်းစဉ်းစားနော် .. ကျွန်တော် ပေါ်လာလိမ့်မယ်” လို့ စနောက်ပြီးရေးခဲ့ပါသေးတယ်။ ထို tweet ကို Fan တစ်ယောက်က “မီးတွေဖွင့်ထားရင် ရော ပေါ်လာပေးလို့မရဖူးလို့လား” လို့ ပြန် tweet ထားတော့ Baehyunee က “ရှက်စရာကြီးလေ …ㅋㅋ” ဆိုပြီး reply ပြန်ပေးခဲ့ပါတယ်။

နောက်ထပ် tweet တွေကတော့ ခုလိုရေးထားပါတယ်။ “ကျွန်တော် concert တွေ လုပ်ချင်တယ်။ အရင်တုန်းက activity video တွေ ပြန်ကြည့်နေတော့ ပိုပြီးတော့လွမ်းလာတယ်” “ခုတလောကျွန်တော် အထက်တန်းကျောင်းသားဘဝတုန်းက နေ့ရက်တွေလိုမျိုး ရှင်သန်နေပါတယ်။ ထမင်းတွေလည်းအများကြီးစားပြီးတော့ ကျွန်တော့်ကျန်းမာရေးကို အများကြီးဂရုစိုက်ဖြစ်တယ်။ ဒါကြောင့် အရမ်းစိတ်မပူကြပါနဲ့.. ok?

“ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက်လွမ်းနေကြလို့ အချိန်တွေကို ဖြတ်သန်းရတာ ခက်ခဲပေမဲ့ ခုရောက်နေတဲ့ ဘဝဇာတ်ခုံရဲ့ကျရာနေရာမှာ ပိုအဆင်ပြေပြေနဲ့ရှင်သန်ကြရအောင်… ပြီးရင် ပြန်ဆုံကြမယ်.. Aeri တွေက စောင့်နေရတာမဟုတ်ပါဖူး…ကျွန်တော်ကသာ စောင့်နေရတာပါ”

ပရိသတ်တွေကို လွမ်းလို့ ခံစားနေရတဲ့အကြောင်းတွေကို ခုလို ဖွင့်ပြောပြီးတဲ့နောက်မှာ နောက်ဆုံး tweet နဲ့ အားလုံးကို ခုလို နှုတ်ဆက်ခဲ့ပါတယ်။ “ဒီနေ့လည်း အကုန်လုံး အလုပ်ကြိုးစားခဲ့ကြပါတယ်။ အားလုံးဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ကြပါစေ.. နောက်မှ ထပ်လာခဲ့မယ်.. Bye”

Baekhyun ဟာ ခုလို tweet 8 ကြောင်းနဲ့ ခဏဘဲပေါ်လာခဲ့ပေမဲ့ Baekhyun ရဲ့ နာမည်ဟာ Twitter worldwide searching Top 1 ဖြစ်ခဲ့ပါတယ်။ Baekhyun ရဲ့ လွှမ်းမိုးနိုင်စွမ်းဟာ စစ်ထဲဝင်နေရလည်း အားကောင်းနေဆဲဆိုတာ ပြသသလိုက်လိုပါဘဲ။ Fan တွေနဲ့ Baekhyun ရဲ့ ဆက်ဆံရေးဟာ ဒီကြားထဲ အဆက်အသွယ်မရလည်း အေးစက်မသွားဖူးဆိုတာ သက်သေပါဘဲနော်။

Source: Allkpop
Written: Violet