Celebrity News

အနုပညာသက်တမ်း ၁၃ နှစ်ပြည့်အတွက် ​​​ဒေါ်လာ ၇ သိန်း​ကျော် ဒါနပြုခဲ့တဲ့ လူ့ဘုံက နတ်သမီး​လေး IU

လာမယ့် စက်တင်ဘာလ ၁၈ ရက်​နေ့ဟာဆိုရင် ပရိသတ်အချစ်​တော်အဆို​တော်မင်းသမီး​လေး IU ရဲ့ အနုပညာသက်တမ်း ၁၃ နှစ်ပြည့်ဖြစ်ပါတယ်။ ဒါ​ကြောင့် IU ဟာ သူမရဲ့ အနုပညာသက်တမ်း ၁၃ နှစ်ပြည့် အထိမ်းအမှတ်အတွက် ဝမ် ၈၅၀ သန်း (​ဒေါ်လာ ၇၂၃,၀၀၀) တန်ဖိုးရှိတဲ့ ပစ္စည်း​အမျိုးမျိုးကို ပရဟိတအဖွဲ့အစည်းအချို့ထံ လှူဒါန်းခဲ့ပြီး ကုသိုလ်​ကောင်းမှုပြုလုပ်ခဲ့ပါတယ်။

IU ရဲ့ ​အေဂျင်စီဖြစ်တဲ့ EDAM Entertainment က ထုတ်ပြန်​ကြေငြာလိုက်တဲ့ စာအရဆိုရင် IU ဟာ သူမနဲ့ လက်တွဲလုပ်ကိုင်​နေတဲ့ ကုမ္ပဏီ​တွေက သူမကြေငြာ​ပေး​နေတဲ့ ကုန်ပစ္စည်း​တွေကို လှူဒါန်းခဲ့တာပါ။

သူမ လှူဒါန်းခဲ့တဲ့ပစ္စည်း​တွေက​တော့ ​​ဂေဟာမှာ ​နေထိုင်ခွင့်ပြည့်​တော့မယ့် ဆယ်​ကျော်သက်​တွေအတွက် New Balance sneaker အရံ ၁၀၀၀၊ ​ဂေဟာမှာရှိတဲ့ က​လေး​တွေနဲ့ ဆယ်​ကျော်သက်​တွေအတွက် Banolim ပီဇာ အခု ၂၀၀၀၊

​​မကြာခင် ​ဆောင်းတွင်း​ရောက်​တော့မှာဖြစ်လို့ ဂေဟာမှာရှိတဲ့ က​လေး​တွေနဲ့ ဆယ်​ကျော်သက်​တွေအတွက် ကုတ်အင်္ကျီနဲ့ ​အ​နွေးထည် ၂၀၀၀၊ ကျန်းမာ​ရေးစက်တာ​တွေအတွက် ​စောင်နဲ့ အိပ်ရာခင်း အခု ၃၀၀၊

ကျန်းမာ​ရေးစင်တာ​တွေအတွက် Kyungdong ​ဆေးဝါးလုပ်ငန်းက ​ရှေးဦးသူနာပြု kit အခု ၂၀၀၀ နဲ့ ကျန်းမာ​ရေးစင်တာ​တွေအတွက် Jeju Samdasoo ရေပုလင်း ၃၀၀၀၀ တို့ပဲဖြစ်ပါတယ်။

EDAM Entertainment က “IU ဟာ သူမပုံမှန်သုံးစွဲ​နေကြ brand ​တွေ​ပေါ် သံ​ယောဇဉ်ရှိပြီး ပွဲဦးထွက်နှစ်ပတ်လည်အတွက် လိုအပ်​နေတဲ့​နေရာ​တွေကို ​​နေ့စဉ်သုံးပစ္စည်း​တွေ လှူဒါန်းလိုတဲ့ ဆန္ဒရှိခဲ့ပါတယ်။

IU ဟာ ဒီပစ္စည်း​တွေလှူဖို့ brand တိုင်းကို ကမ်းလှမ်းခဲ့ပြီး လှူဒါန်းမှုအတွက် ကုန်ကျစရိတ်တစ်ဝက်ကို သူမရဲ့ ကိုယ်ပိုင်ဝင်ငွေထဲက ထည့်ဝင်သွားမှာ ဖြစ်ပါတယ်” လို့ ရှင်းပြထားပါတယ်။

ဒါဟာ IU အ​နေနဲ့ သူမရဲ့ ကိုယ်ပိုင်ဝင်​ငွေထဲက ဝမ် ၄၂၅ သန်း (​ဒေါ်လာ ၃၆၂,၀၀၀) ကို လှူဒါန်းသွားမယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ ​IU ဟာ ပွဲဦးထွက်စဉ်တည်းက ပရဟိတအဖွဲ့အစည်း​တွေကို မကြာခဏလှူဒါန်း​လေ့ရှိပြီး ​ကောင်းမှုကုသိုလ်​တွေကို ရက်ရက်​ရော​ရော ပြုလုပ်​လေ့ရှိပါတယ်။

သူမရဲ့ ထူးချွန်တဲ့ အနုပညာစွမ်းရည်တင်မက ဒီလို နှလုံးသားလှပြီး ဖြူစင်တဲ့စိတ်ထားရှိတာ​ကြောင့် ပရိသတ်​တွေကလည်း အချစ်ပို​နေရတာပါ။ အ​တောင်ပံမပါတဲ့ နတ်သမီး​လေး IU ရဲ့ အနုပညာသက်တမ်း ၁၃ နှစ်ပြည့်က​နေ ​နောင်နှစ်​ပေါင်းများစွာထိ သူမမြတ်နိုးတဲ့ အနုပညာအလုပ်​တွေကို ဆက်လုပ်နိုင်ပါ​စေလို့ ဆု​တောင်းပါတယ်။

Source : Koreaboo
Photo : Instagram
Written : ZL