Celebrity News

ချစ်ရသူလေး Guan Xiaotong ရဲ့မွေးနေ့အတွက် ဆုတောင်းစကားလေးနဲ့ နွေးထွေးစေခဲ့သူ Lu Han

မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲလေးဖြစ်သူ Lu Han ကတော့ မင်းသမီးချော Guan Xiaotong နဲ့ တွဲနေတဲ့အကြောင်း ၂၀၁၇ အောက်တိုဘာလမှာ တရားဝင်အသိပေးခဲ့ပါတယ်။ ထိုစဉ်ကတော့ ပရိသတ်တွေကြား ရုန်းရင်းဆန်ခတ်ဖြစ်သွားရခဲ့ပြီး တွဲနေစဉ်တလျှောက်လုံးလည်း လမ်းခွဲလိုက်တဲ့ကောလဟာလတွေတောင် ထွက်လာခဲ့ပါသေးတယ်။

ဒါပေမဲ့ အချစ်ငှက်စုံတွဲလေးကတော့ မဟုတ်တဲ့သတင်းမှားတွေကို အတူတူကြည်နူးနေတဲ့အကြောင်းလေးတွေနဲ့ သွယ်ဝိုက်ပြီး ချေပခဲ့ပါတယ်။ Luhan ကတော့ Xiaotong ကို ဘယ်လောက်တောင်အလေးထားပြီး ဂရုစိုက်သလဲဆိုရင် တရားဝင်စပြီးတွဲချိန်ကစလို့ Xiaotong ရဲ့မွေးနေ့ကို နှစ်တိုင်း မပျက်မကွက် ဆု‌တောင်းပေးလေ့ရှိပါတယ်။

ဒီနှစ်မှာလည်း ၂၄ နှစ်ပြည့်သွားတဲ့ ချစ်ရသူလေးကို မွေးနေ့ဆုတောင်းပေးခဲ့ပြန်ပါပြီ။ September 17 ရက်နေ့ကတော့ China’s Nation Daughter ဂုဏ်ပုဒ်ကို ရရှိထားသူလေ Guan Xiaotong ရဲ့ ၂၄ နှစ်ပြည့်မွေးနေ့လေးပါ။

ကမ္ဘာတလွှားက ချစ်ခင်အားပေးသူတွေကကော မိတ်ဆွေအပေါင်းအသင်းတွေကပါ ဆုတောင်း‌စကားတွေ ပေးပို့ခဲ့ကြပါတယ်။ ဒီဆုတောင်းတွေထဲမှာတော့ ချစ်သူကောင်လေးဖြစ်သူ Lu Han လည်း ပါဝင်ပါတယ်။ Lu Han က ည ၁၂ နာရီတိတိမှာ မွေးနေ့ဆုတောင်းလေးရေးသားကာ Post တင်ပေးခဲ့ပါတယ်။  “Happy birthday” (ပျော်ရွှင်စရာမွေးနေ့လေးပါ) ဆိုပြီး ရေးသားတင်ခဲ့ပါတယ်။

ဒီနှစ်အတွက် ပုံလေးတော့မပါပေမဲ့ Lu Han တစ်ယောက် မွေးနေ့ဆုတောင်းပေးခဲ့တာဟာ ဒီနှစ်အပါအဝင် (၅) နှစ်ဆက်တိုက်ပါပဲ။  ချစ်ရသူလေးအတွက် အလေးအနက်ထားပြီး အထူးတလည်ဆုတောင်းပေးတာဟာ Xiaotong ကို မြတ်နိုးပြီး Luhan ကလည်း မတောင်းဆိုရဘဲပြုလုပ်ရမယ့်အမူအကျင့်တွေ‌ကို ကောင်းစွာသိတဲ့ ချစ်သူကောင်လေးဖြစ်ကြောင်း ပေါ်လွင်နေပါတော့တယ်။

Luhan နဲ့ Guan Xiaotong တို့ဟာ Sweet Combat ရိုက်ကူးရင်းနဲ့ ချစ်ကျွမ်းဝင်ခဲ့ကြတာလည်းဖြစ်ပါတယ်။  ဒီကြားထဲ ကောလဟာလပေါင်းမျိုးစုံထွက်ရှိခဲ့ပေမဲ့ ဒီစုံတွဲရဲ့အချစ်ရေးက လွန်စွာမှ ခိုင်မြဲနေဆဲပါပဲ။

လူမှုကွန်ရက်တွေမှာတော့ ချစ်ကြည်နူးတစ်တီနူးနေတာမျိုး သိပ်ပြီးတင်လေ့မရှိကြပေမဲ့ တွဲလာတဲ့တလျှောက်လုံးတော့ ခိုင်မြဲတဲ့အချစ်ရေးကို တည်ဆောက်နေကြမှာပါ။ အသက် ၂၄ နှစ်ပြည့်သွားပြီဖြစ်တဲ့ မင်းသမီးလေး Guan Xiaotong ဟာလည်း ရှေ့ဆက်ပြီးအောင်မြင်မှုတွေအများကြီးပိုင်ဆိုင်ရင်း ချစ်ရသူ Luhan နဲ့လည်း ပျော်ရွှင်တဲ့ဘဝလေးကို တည်ဆောက်နိုင်ပါစေနော်။

Source: Weibo
Photos: Weibo
Translated by Julix