Celebrity News

အာရှနိုင်ငံတွေက နာမည်ကြီးအဆိုတော်တွေဖျော်ဖြေမဲ့ သီချင်းပွဲတော်ကြီးအတွက် MC လုပ်မဲ့ Dara နဲ့ Bam Bam

2021 ခုနှစ်ရဲ့ “Asia Song Festival” ပွဲတော်ဟာ October 5 ကနေ October 9 ထိ ကျင်းပမှာ ဖြစ်ပြီး ပွဲကျင်းပမဲ့နေရာကတော့ Gyeongju မှာရှိတဲ့ Gyeongsangbuk-do မှာ ဖြစ်ပါတယ်။

Online ကနေလည်း တိုက်ရိုက်လွှင့်မှာဖြစ်ပြီး ‘Asia Song Festival’ website ရဲ့ official YouTube channel, SBS ရဲ့ YouTube channel ဖြစ်တဲ့ ‘THE K-POP’ နဲ့ Naver ရဲ့ V Live တို့မှာ ကြည့်ရှုနိုင်ပါတယ်။

ဒီ concert ကြီးကို Japan, Indonesia, Malaysia, Vietnam, Thailand အစရှိတဲ့ asia နိုင်ငံတွေက အဆိုတော်တွေလည်း လာရောက်ဖျော်ဖြေမယ်လို့လည်း သိရပါတယ်။ ဒီပွဲကို ဦးစီးကျင်းပတာကတော့ တောင်ကိုရီးယားမှ ဖြစ်ပြီး 2004 ခုနှစ်ထဲက အာရှနိုင်ငံချစ်ကြည်ရေးအစီအစဉ် အဖြစ် Korea က နှစ်စဉ်ကျင်းပတာဖြစ်ပါတယ်။

ဒီနှစ်ရဲ့ ပွဲကိုတော့ MC အဖြစ် 2NE1 အဖွဲ့ဝင်ဟောင်း Dara နဲ့ GOT7 အဖွဲ့ဝင် Bam Bam တို့က ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးဟာ လက်ရှိမှာ Abyss Company ရဲ့ လက်အောက်မှာရှိပြီး labelmate တွေလည်း ဖြစ်၊ foreigner တွေလည်း ဖြစ်တဲ့အတွက် MC တာဝန်ယူတယ်လို့ ထင်ပါတယ်။

Abyss Company ဘက်ကလည်း ခုလို ထုတ်ပြန်ပေးခဲ့ပါတယ်။”ခုလို Asia Song Festival’ တွေရဲ့ MC တွေကို မိတ်ဆက်ပေးရတာ ဂုဏ်ယူမိပါတယ်။ အဆိုတော်တွေနဲ့ သူတို့ရဲ့ ပရိသတ်တွေ ပျော်ရွှင်ဖွယ်ရာ အချိန်လေး အတူတူပိုင်ဆိုင်ဖို့ ကျွန်တော်တို့ concert လုပ်တဲ့သူတွေကြိုးစားသွားမှာပါ။ စိတ်ဝင်စားပေးကြပါလို့ တောင်းဆိုပါတယ်”

Source: Allkpop
Written: Violet