Celebrity News

Thai TV3 ဇာတ်လမ်းတွေမှာ ဇာတ်လိုက်တွေအဖြစ်သရုပ်‌ေဆာင်ခဲ့တဲ့ အလွတ်တမ်းမင်းသမီး (၄) ဦး

Thai TV3 က ထိပ်တန်းမင်းသမီးပေါင်းများစွာကို ဥထားသလို အလွတ်တမ်းမင်းသမီးတွေနဲ့ပါ လက်တွဲပြီး ဇာတ်လမ်းတွေကိုရိုက်ကူးခဲ့ပါတယ်။ အလွတ်တမ်းမင်းသမီး (၄) ဦးနဲ့အတူ တွဲဖက်ရိုက်ကူးခဲ့တဲ့ဇာတ်လမ်းတွေဆိုရင် ရုပ်ရှင်လောကမှာ နာမည်တွင်နေပြန်ပါသေးတယ်။

Nune Woranuch

အလွတ်တမ်းမင်းသမီးတွေထဲမှာ ထိပ်တန်းဝါရင့်မင်းသမီးဖြစ်သူ Nune ကတော့ ၂၀၁၃ ခုနှစ်က Thai TV3 ဇာတ်လမ်းဖြစ်တဲ့ “Thong Nuea Kao” မှာ ပထမဆုံးအကြိမ်အဖြစ် တွဲဖက်ရိုက်ကူးခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၅ မှာတော့ “Puen Ruk Puen Rissaya” ရဲ့ဇာတ်လမ်းမှာ အဓိကဇာတ်လိုက်မင်းသမီးအဖြစ် ထပ်မံရိုက်ကူးခဲ့ပြီး နာမည်ကြီးခဲ့ပါတယ်။ နောက်ဆုံးရိုက်ကူးခဲ့တဲ့ Thai TV3 ဇာတ်လမ်းကတော့ ၂၀၁၇ က ထုတ်လွှင့်ပြသခဲ့တဲ့ “Ra Rerng Fai” ဖြစ်ပြီး လူကြိုက်များခဲ့ပါသေးတယ်။

Mai Davika

ထိပ်တန်းမင်းသမီး Mai Davika ကတော့ Thai TV3 နဲ့ နှစ်ကြိမ်တိတိတွဲဖက်ရိုက်ကူးခဲ့ဖူးသူပါ။ ပထမဆုံးဇာတ်လမ်းကတော့ ၂၀၁၆ က ပြသခဲ့တဲ့ “Plern Naree” ဖြစ်ပြီး ၂၀၁၇ မှာတော့ Mario Maurer နဲ့ ထပ်မံတွဲဖက်ကာ “Buang Bunjatorn” ဇာတ်လမ်းကို ပါဝင်ရိုက်ကူးခဲ့ပြီးနောက် အလွန်နာမည်ကြီးကျော်ကြားခဲ့ပါတော့တယ်။

Cheer Thikumporn

Cheer အတွက် Thai TV3 နဲ့လက်တွဲရိုက်ကူးခဲ့တဲ့ ပထမဆုံးကားကတော့ ၂၀၁၇ က ပြသခဲ့တဲ့ “Sorn Ruk Kammathep” ဇာတ်လမ်းပါ။ ဒီဇာတ်လမ်းကြောင့်ပဲ Toey Pongsakorn နဲ့ ပရိသတ်တွေက တော်တော်လေးသဘောတူခဲ့ကြပြီး “Buppe Roi Rai” ဇာတ်လမ်းသစ်မှာ နောက်ထပ်တကြိမ် ထပ်မံတွဲဖက်ရိုက်ကူးကာ ပရိသတ်တွေရဲ့အချစ်ကို လက်ခံရယူခဲ့ပါတော့တယ်။

Baifern Pimchanok

ထိပ်တန်းအလွတ်တမ်းမင်းသမီးဖြစ်တဲ့ Baifern ကတော့ ၂၀၂၁ ထဲကမှ Thai TV3 နဲ့ ပထမဆုံးအကြိမ် အတူအလုပ်လုပ်ဖူးတာပါ။ “Sroi Sabunga” ဇာတ်လမ်းကြောင့် Thai TV3 နဲ့ပေါင်းဆုံနိုင်ခဲ့တဲ့အပြင် Baifern ဟာ Nine Naphat နဲ့အတူ ဇာတ်လမ်းသစ်မှာလည်း နောက်ထပ်တကြိမ် တွဲဖက်ရိုက်ကူးထားပါသေးတယ်။

Source: Thaiupdate
Photos: Thaiupdate
Translated by Julix