Celebrity News

ပါးချိုင့်​​မင်းသားလေး Kim Seon Ho အချိန်တိုတိုအတွင်း ​အောင်မြင်ပြီး လူကြိုက်များလာရတဲ့ အ​ကြောင်းအရင်း (၇) ခု

Kim Seon Ho ဟာ ၂၀၁၇ ခုနှစ်မှာ သရုပ်​ဆောင်အဖြစ် ပွဲဦးထွက်ခဲ့ပြီး “100 Days My Prince”, “Welcome to Waikiki 2”, “Catch The Ghost” စတဲ့ဇာတ်လမ်းတွဲ​​တွေမှာ ပါဝင်သရုပ်​ဆောင်ခဲ့ကာ အဓိကဇာတ်​ဆောင်​နေရာကို အချိန်အတိုအတွင်းရယူနိုင်ခဲ့ပါတယ်။

သူ့ကို တစ်ဟုန်ထိုး​အောင်မြင်​ကျော်ကြားလာ​စေတာက​တော့ “Start Up” ဇာတ်လမ်းတွဲဖြစ်ပြီး Han Ji Pyeong ဇာတ်​ကောင်နဲ့ ကမ္ဘာတစ်လွှားက K-drama ပရိသတ်​တွေရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

သူဟာ လက်ရှိ ပြသ​နေတဲ့ “Hometown Cha Cha Cha” ဇာတ်လမ်းတွဲထဲမှာလည်း ပါဝင်ထားပြီး အရမ်းကို လူကြိုက်များ​နေတဲ့ မင်းသားတစ်လက်ဖြစ်​နေပါတယ်။ ​လာမယ့်နှစ်ထဲမှာ ရုပ်ရှင်ဇာတ်ကား​တွေရိုက်ကူးဖို့လည်း အများအပြား ကမ်းလှမ်းခံထားရပါတယ်။

ဒါ​ကြောင့် မင်းသား Kim Seon Ho ဟာ အချိန်တိုတိုအတွင်း ဘာ​ကြောင့် ဒီ​လောက်ထိ​ လူကြိုက်များပြီး ​အောင်မြင်လာရလဲဆိုတဲ့ အ​ကြောင်းအရင်းကို အချက် ၇ ချက်နဲ့ ​ဖော်ပြ​ပေးလိုက်ပါတယ်။

(1) သရုပ်​ဆောင် ထူးချွန်ခြင်း

ပြဇာတ်မင်းသားအ​နေနဲ့ အနုပညာခရီးကို စတင်ခဲ့တဲ့ Kim Seo Ho ဟာ ရုပ်ရှင်ရိုက်ကူးတဲ့အခါမှာလည်း သူ့ရဲ့ အ​တွေ့အကြုံ​ကြောင့် စိတ်ခံစားချက်​ကို ​မျက်နှာမှာ ပေါ်လွင်​အောင် ​ဖော်ပြနိုင်ပါတယ်။ ဒါ့အပြင် ကျရာဇာတ်ရုပ်ကို အပိုအလိုမရှိ သရုပ်​ဆောင်နိုင်တာက သူ့ရဲ့ အားသာချက်ပါပဲ။

သူ့ရဲ့ ပွဲဦးထွက်လက်ရာဖြစ်တဲ့ “Good Manager” ဇာတ်ကားနဲ့ ယှဉ်ရင် “Start-Up” ဇာတ်လမ်းတွဲထဲမှာ သရုပ်​ဆောင်စွမ်းရည် ဘယ်လောက်ထိ တိုးတက်လာတယ်ဆိုတာကို မြင်​တွေ့နိုင်ပါတယ်။

(2) ချစ်စရာ​ကောင်း​အောင် ကတတ်ခြင်း

Kim Seon Ho ဟာ “2 Days & 1 Night Season 4” ရဲ့ အမြဲတမ်းအဖွဲ့ဝင်တစ်​ယောက်ဖြစ်တာ​နဲ့အညီ ထိုအစီအစဉ်မှာ သူ့ရဲ့ ချစ်စရာ​ကောင်းတဲ့ ကကွက်​​လေး​တွေနဲ့ “Paper Doll” အဖြစ် အမည်တွင်ခဲ့ပါတယ်။

စစချင်းမှာ​တော့ ကရတာကို ရှက်ရွံ့​ပေမဲ့ ​နောက်ပိုင်းမှာ​​တော့ ဒါကို ​ကျော်လွှားနိုင်ခဲ့ပြီး ပိုပြီးရဲတင်းလာပါတယ်။ သူဟာ ၂၀၂၀ ခုနှစ် KBS Entertainment Awards မှာ “2 Days & 1 Night” အဖွဲ့သား​တွေနဲ့အတူ SHINee အဖွဲ့ဝင် Taemin ရဲ့ “Move” သီချင်းနဲ့ ကပြ​ဖျော်​ဖြေခဲ့ပါ​သေးတယ်။

(3) သီချင်းဆို​ကောင်းခြင်း

မင်းသား Kim Seon Ho ဟာ ရုပ်​ချောပြီး သရုပ်​ဆောင်​ထူးချွန်ရုံသာမက သီချင်းဆိုလည်း​ကောင်းပါ​သေးတယ်။ သူဟာ ပြီးခဲ့တဲ့​မေလက Epitone Project ဆိုတဲ့ ပ​​ရောဂျက်အတွက် “Reason” ဆိုတဲ့သီချင်းကို သီဆိုထားပါ​သေးတယ်။ အဲ့ဒီသီချင်း​လေးက ​အေး​အေး​​လေးနဲ့ ချစ်စရာ​ကောင်းတာ​ကြောင့် Kim Seon Ho ရဲ့ ​ယောကျ်ားပီသပြီး နားဝင်ချိုတဲ့အသံနဲ့ တကယ်ကို လိုက်ဖက်လှပါတယ်။

(4) ဟာသဉာဏ်ရွှင်ခြင်း

Kim Seon Ho ဟာ “2 Days & 1 Night Season 4” ကို စတင်ရိုက်ကူးစဉ်က variety show ​လောကနဲ့ အစိမ်းသက်သက်ဖြစ်​နေခဲ့ပါတယ်။ ​နောက်ပိုင်းမှာ​တော့ အစီအစဉ်နဲ့ အသားကျလာပြီး တခြားအဖွဲ့ဝင်​တွေနဲ့လည်း အချိတ်အဆက်မိလာတာ​ကြောင့် သူ့ရဲ့ ​ဖျော်​ဖြေ​ရေးစွမ်းရည်နဲ့ ဟာသဉာဏ်က ပိုပြီး တိုးတက်လာပါတယ်။ ခု​တော့ သူဟာ အဖွဲ့ဝင်​တွေကို ဘယ်လို​နောက်​ပြောင်ရမလဲ၊ ဘယ်အချိန်မှာ ဘယ်လိုအရွှန်း​ဖောက်ရမလဲဆိုတာကို နားလည်လာခဲ့ပါပြီ။

(5) ချစ်စရာ ပါးချိုင့်​လေးများရှိခြင်း

ဒီအချက်ကို​တော့ ရှင်းပြစရာလို​တော့မယ်မထင်ပါဘူး။ ရယ်လိုက်ရင် ​ပေါ်လာတတ်တဲ့ ပါးပြင်​ပေါ်က ပါးချိုင့်​လေး​တွေဟာ သူ့ရဲ့ ဆွဲ​ဆောင်မှုကို ပိုတိုး​စေပြီး မိန်းက​လေး​တွေ သူ့ကို ​​​ကြွေဆင်းလာ​အောင် လုပ်နိုင်တဲ့ အဓိက​​သော့ချက်ပဲဖြစ်ပါတယ်။

(6) စိတ်ထား​ကောင်းပြီး သူတစ်ပါးကို အား​ပေးတတ်ခြင်း

Kim Seon Ho ဟာ ​နွေး​ထွေးတဲ့နှလုံးသားပိုင်ရှင်ဖြစ်ပါတယ်။ သူ့ရဲ့ အသိမိတ်​ဆွေ​တွေ အနုပညာလက်ရာသစ်​တွေ ထွက်လာပြီဆိုရင် ဆိုရှယ်မီဒီယာမှာ ပရိုမိုးရှင်းဆင်း​ပေးတတ်သလို သူတို့ရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြု အား​ပေးတတ်တဲ့သူလည်းဖြစ်ပါတယ်။ Kim Seon Ho ဟာ သူ့ရဲ့ နံ​ဘေးမှာ ရှိတဲ့သူ​တွေကို ဘယ်​လောက်ထိ ဂရုစိုက်​ကြောင်း ပြသတတ်တဲ့သူမျိုးဖြစ်ပါတယ်။

(7) အလုပ်ကြိုးစားပြီး မိမိကိုယ်မိမိ အမြဲတိုးတက်​​အောင်​နေခြင်း

Kim Seon Ho ဟာ drama တင်သာမက variety show, သီချင်းဆိုခြင်းစတဲ့ အလုပ်များစွာကို တာဝန်ယူနိုင်တာကို ကြည့်ခြင်းအားဖြင့် သူ့ရဲ့ လုပ်နိုင်စွမ်းက ဘယ်​လောက်ထိရှိတယ်ဆိုတာကို ​ရှာ​ဖွေ​နေပြီး သူ့ရဲ့ အရည်အချင်းကို တိုးတက်​အောင် လုပ်​နေတယ်ဆိုတာ သိသာပါတယ်။

သူဟာ သူ့ရဲ့ များပြားတဲ့အလုပ်​တွေကြားထဲကမှ ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်၊ ကြုံ​တွေ့လာမယ့် အခက်အခဲ​တွေကို ကြိုတင်​ဝေဖန်သုံးသပ်တတ်တဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ တကယ့်ကို အတုယူစရာပါပဲ။

Source : Soompi
Written : ZL