Celebrity News

ဆင်းရဲလွန်းခဲ့တာကြောင့် သူငယ်ချင်းတွေကြားမှာ အရှက်ရခဲ့ဖူးကြောင်း ပြောပြလာသူ Lee Sungkyung

မျက်လုံးကြည်ကြည်လေးနဲ့ လှပကျော့ရှင်းနေတဲ့မင်းသမီးလေး Lee Sungkyung ကတော့ သရုပ်ဆောင်မလုပ်ခင် မော်ဒယ်တစ်ယောက်ဖြစ်ခဲ့သူလေးပါ။ သူမရဲ့ ချစ်စရာကောင်းတဲ့သရုပ်ဆောင်ချက်လေးတွေကြောင့် ပရိသတ်တွေက လက်ခံအားပေးခဲ့ကြတာမို့ အနုပညာနယ်ပယ်ထဲမှာ နေရာတစ်ခုရလာခဲ့ပါတယ်။

Lee Sungkyung အကြောင်း သေချာမသိခင်က သူမဟာ ချမ်းသာတဲ့မိသားစုကနေ ပေါက်ဖွားလာသူလေးအဖြစ် ထင်မှတ်မိကြမှာပါ။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ သူမရဲ့ငယ်ဘဝဟာ လွန်စွာဆင်းရဲပြီး ခက်ခဲပင်ပန်းတဲ့နေ့ရက်တွေကို ဖြတ်သန်းခဲ့ရတဲ့အပြင် မိသားစုရဲ့အခြေအနေကြောင့် သူငယ်ချင်းတွေကြားမှာ မျက်နှာငယ်ရပြီး အရှက်ရခဲ့ဖူးကြောင်း ပြောပြခဲ့ရှာပါတယ်။

September 15 ရက်နေ့ကထုတ်လွှင့်ခဲ့တဲ့ episode of JTBC အစီအစဉ် ‘Seri Money Club’ မှာ Lee Sungkyung လည်းပါဝင်ခဲ့ပြီး သူမရဲ့ငယ်ဘဝအကြောင်းကို အားလုံးရှေ့မှာ ပြောပြခဲ့ပါတော့တယ်။ “ကျွန်မကို အားလုံးက‌ ငွေဇွန်းကိုက်ပြီးမွေးလာသူလေးလို့ ထင်ကြပါတယ်။

အမှန်တကယ်ကတော့ အဲ့လိုမဟုတ်ခဲ့ပါဘူး။ကျွန်မအသက် (၄) နှစ်လောက်တုန်းက အဖေကလေ စက်ရုံတစ်ခုကိုကြီးကြပ်ခဲ့ပေမဲ့ မီးလောင်သွားပြီး ဒေဝါလီခံလိုက်ရတယ်။ ကုန်းကောက်စရာမရှိအောင် ဆင်းရဲလွန်းလို့ ၂၅ ပေပတ်လည် လောက်ပဲရှိတဲ့ တိုက်ခန်းကျဉ်းလေးကို ပြောင်းပြီးနေခဲ့ရတယ်ပေါ့နော်။

ငယ်ငယ်လေးကတည်းကနေခဲ့ရတာ ကျွန်မ အထက်တန်းကျောင်းသူဖြစ်တဲ့အထိပဲ။ သူငယ်ချင်းတွေက ကျွန်မနေတဲ့တိုက်ခန်းအကြောင်းသိသွားတော့ တော်တော်လေးရှက်သွားခဲ့ဖူးတယ်။ တစ်ခါက ကျွန်မသူငယ်ချင်းကလေ ‘ဒီလိုအိမ်မျိုးမှာ နင်ဘယ်လိုများနေပါလိမ့်?’ ဆိုပြီး မေးခဲ့ဖူးတယ်။

အိမ်က တအားကိုသေးလွန်းတော့ သူတို့အနေနဲ့ မေးချင်မှာပေါ့လေ။ အဲ့တုန်းက တော်တော်လေးကို ရှက်သွားခဲ့တာပါ။ ပြီးတော့ အဖေက သူ့ကားအဟောင်းကြီးစီးပြီး ကျွန်မကိုလာကြိုတိုင်း ခပ်လှမ်းလှမ်းနေရာမှာပဲ ချပေးခဲ့ဖို့ ပြောခဲ့ဖူးပါတယ်” ဆိုပြီး သူမရဲ့ငယ်ဘဝအကြောင်းလေးကို ဖွင့်ထုတ်ခဲ့ပါတော့တယ်။

ဒီလိုမျိုးငွေကြေးခက်ခဲခဲ့တာတောင်မှ Lee Sungkyung နဲ့ တမိသားစုလုံးက အကောင်းဖက်ကမြင်တတ်အောင် ကြိုးစားခဲ့ကြောင်းပါ အားတက်သွားအောင် ပြောပြခဲ့ပါတယ်။ “အိမ်ကလူတွေအကုန်လုံးက အကောင်းမြင်တတ်တယ်။ ပြီးတော့ ရည်မှန်းချက်သတ်သတ်မှတ်မှတ်ရှိတယ်။

အစပိုင်းတုန်းက ပေ ၁၀၀ ပတ်လည်ရှိတဲ့ အိမ်ကိုပြောင်းနိုင်ဖို့ ရည်မှန်းခဲ့ကြတယ်။ ခေတ်ဆန်ဆန်အိမ်လေးနဲ့ SUV အသစ်ကလေးလည်း ရှိဖို့ တမိသားစုလုံး ပန်းတိုင်ထားပြီးကြိုးစားခဲ့ကြပါတယ်။ “ချမ်းသာတဲ့အိမ်မှာ မွေးဖွားလာခဲ့ရင် ပိုပြီးကောင်းမယ်လို့ ထင်မိလား? လို့မေးရင် ကျွန်မကတော့ ငြင်းရပါလိမ့်မယ်။

ကျွန်မဖြတ်သန်းခဲ့သမျှနေ့ရက်တွေ၊ အမှတ်တရတွေက ကျွန်မအတွက် တန်ဖိုးမဖြတ်နိုင်လောက်အောင် ကြီးမားလှပါတယ်” လို့ပြောရင်း အဆုံးသတ်သွားခဲ့ပါတယ်။ ဘဝမှာတော့ မချမ်းသာချင်တဲ့သူရယ်လို့ ဘယ်ရှိပါ့မလဲနော်။ ကံကြမ္မာကြောင့် မဖြစ်လာသေးရင်တောင် Sungkyung ကို နမူနာယူရင်း ကြိုးစားလို့ရပါသေးတယ်။

Source: Kstarlive
Photos: ELLE
Translated by Julix