Celebrity News

“LALISA” သီချင်းကနေတဆင့် မျှဝေ‌ပေးချင်တဲ့ message အတိအကျကို ပြောပြခဲ့တဲ့ Lisa

Solo debut နဲ့ ဟုန်းဟုန်းထအောင်မြင်နေတဲ့ BLACKPINK’s Lisa ကတော့ OUTNOW Unlimited: LISA ဆိုတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ဒီထုတ်လွှင့်မှုမှာပဲ Lisa ဟာ “LALISA” ကို တိုက်ရိုက်ဖျော်ဖြေတင်ဆက်ခဲ့သလို album သစ်နဲ့ပတ်သက်သမျှကို မျှဝေပေးခဲ့ပါတယ်။

ပထမဆုံးအနေနဲ့ Lisa ဟာ မြောက်မြားလှစွာသောပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို လက်ခံရရှိခဲ့တာကြောင့် ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။ Lisa က “ကျွန်မကို အားလုံးကချစ်ပေးကြတဲ့အတွက် အလွန်ကိုပျော်ပြီး ကျေးဇူးတင်ပါတယ်” ဆိုပြီး ချစ်စရာကောင်းစွာ ပြောနေခဲ့ပြန်ပါသေးတယ်။

ဆက်လက်ပြီးတော့ Lisa ဟာ သူမရဲ့ တကိုယ်တော်လှုပ်ရှားမှုအတွက် အဖက်ဖက်ကပြင်ဆင်ခဲ့ရပုံတွေကို အားလုံးကို မျှဝေခဲ့ပါတော့တယ်။ “တစ်ယောက်တည်း Solo Debut လုပ်ရမယ်ဆိုတော့ စိတ်တွေလှုပ်ရှားနေခဲ့ပါတယ်။ ဒါပေမဲ့ ကျန်တဲ့ member တွေက ပြင်ဆင်နေတဲ့တလျှောက်လုံး အားပေးခဲ့ပါတယ်။

ကျွန်မအနေနဲ့ အခုလို အကောင်းဆုံးလုပ်နိုင်ခဲ့တာဟာ BLINK တွေကလည်း ကျွန်မဘေးမှာ ရှိနေခဲ့လို့ပါပဲ။။album ထွက်လာဖို့ပြင်ဆင်တုန်းက ဂရုတစိုက်နဲ့ သေသေချာချာဖန်တီးခဲ့ပါတယ်။ ဒီသီချင်းလေးက ကျွန်မရဲ့ confident နဲ့ ကိုယ့်အကြောင်းလေးကို ရေးစပ်သီဆိုထားတာပါ။

ရိုက်ကွင်းအခြေအနေတစ်ခုလုံးနဲ့ ဖျော်ဖြေတင်ဆက်မှုပိုင်းအားလုံးကို ကျွန်မလည်း ပါဝင်ဖန်တီးခဲ့ပါသေးတယ်။ ဘာလို့လဲဆိုတော့ ကျွန်မရဲ့ လုပ်နိုင်စွမ်းကို ဖော်ပြချင်လို့ပါ။ တကမ္ဘာလုံးရဲ့အချစ်ကို ရရှိခဲ့တာမို့လို့ ကျေးဇူးတင်ပါတယ်။ သီချင်းလေးထဲမှာ ကျွန်မရဲ့ Confident ကို သိသာစေတဲ့အပိုင်းလေးက intro ပိုင်းလေးပါပဲ။

Intro မှာသုံးခဲ့တဲ့ အလင်း‌အမှောင်အသုံးအနှုန်းလေးကနေတဆင့် ကျွန်မရဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုတွေကို ထင်ဟပ်စေချင်တာပါ။ ဒီတော့ သီချင်းကို စဆိုတာနဲ့တပြိုင်နက် ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေက စတင်စီးဆင်းလာတော့တာပါပဲ။

“LALISA” သီချင်းလေးကို နားထောင်တဲ့ပရိသတ်ကြီးတွေကလည်း နားဆင်ရင်းနဲ့ ကွန်ဖီးဒန့်အပြည့် ရရှိစေချင်ပါတယ်။ ပြီးတော့လေ ကျွန်မက သီချင်းထဲမှာ ထိုင်းအငွေ့အသက်တွေပါချင်တယ်ဆိုပြီး တောင်းဆိုလိုက်‌တော့ Teddy က သေသေချာချာလေး ပြင်ဆင်‌ဖန်တီးပေးခဲ့ပါတယ်။

ဒါ့ကြောင့်မို့လို့ ‘LALISA’ သီချင်းလေးကို များများ‌နားဆင်ပေးကြပါဦးနော်” ဆိုပြီး အသည်းယားစရာကောင်းအောင် ပြောသွားခဲ့ပါတော့တယ်။ ပရိသတ်ကြီးတို့ကော LALISA သီချင်းလေးကို တစ်နေ့ ဘယ်နှစ်ခေါက်လောက် နားထောင်မိကြသလဲ? Lisa ပြောသလို သီချင်းလေးကနေတဆင့် ကိုယ့်ကိုကိုယ် Confident တွေ ရှိလာကြပါစေနော်။

Source: Koreaboo
Photos: Koreaboo
Translated by Julix