Celebrity News

Met Gala ပွဲကြီးကို တက်ရောက်ဖူးတဲ့ Kpop idol အမျိုးသား (၄) ယောက်

ကမ္ဘာ​ကျော် Celebrity များစုဝေးရာ ကြီးကျယ်ခမ်းနားတဲ့ Met Gala ပွဲကြီးကို ဒီနှစ်မှာတော့ CL နဲ့ Rosé က ဖိတ်ကြားခံခဲ့ရပြီး ပထမဆုံးတက်ရောက်နိုင်ခဲ့တဲ့ Kpop idol အမျိုးသမီးအနုပညာရှင်များ ဖြစ်လာခဲ့ပါတယ်။

သူတို့မတိုင်ခင်မှာ Kpop Idol အမျိုးသားတွေလည်း ဖိတ်ကြားခြင်းခံခဲ့ရဖူးပါတယ်။ Western Celebrity တွေကြားမှာ Kpop idol တွေ ခုလိုတက်ရောက်နိုင်တာ တကယ့်နာမည်ကြီး fashion icon တွေ ဖြစ်လို့သာ တက်ရောက်ခွင့်ရတာပါ။ ခုထိတော့ Kpop male idol (4)ယောက်ဘဲ တက်ခွင့်ရခဲ့ပြီး ဘာကြောင့်ဖိတ်ကြားခံခဲ့ရသလိုဆိုတာ ဖော်ပြလိုက်ပါတယ်။

1. Lay (EXO)

EXO အဖွဲ့ဝင် Lay ကတော့ Brand ပေါင်းများစွာရဲ့ Brand Ambassador ဖြစ်သလို Soloist အနေနဲ့ လျှမ်းလျှမ်းတောက် နာမည်ကြီးနေတာမို့ 2019 ခုနှစ်တုန်းက ပွဲတက်ခွင့်ရခဲ့ပါတယ်။

ထိုနှစ်က ပွဲရဲ့ theme က “Camp: Notes on Fashion” ဖြစ်ပြီး Lay က Pierpaolo Piccioli ရဲ့ “Time Traveller” suit ကို ဝတ်ဆင်ခဲ့ပါတယ်။ Black suit ပေါ်မှာ အာကာသထဲက UFO ပုံစံလိုမျိုး အဖြူရောင်တွေ ဆေးရေးချယ်ထားတာပါ။

2. Siwon (Super Junior)

SM Entertainment ရဲ့ visual တစ်ဦးဖြစ်တဲ့ Superjunior အဖွဲ့ဝင် Siwon ဟာ လည်း 2013 ခုနှစ်တုန်းက ဖိတ်ကြားခြင်းခံခဲ့ရဖူးပါတယ်။ ထိုနှစ်က ပွဲရဲ့ theme ဟာ Punk: Chaos to Couture ဖြစ်ပြီး Siwon က တော့ classic ဆန်တဲ့ ဝတ်စုံကို smart ကျကျ ဝတ်ဆင်ခဲ့ပါတယ်။ ထိုအချိန်တုန်းက Superjunior ရဲ့ သီချင်းသစ် “Spy” ကလည်း ထွက်ရှိနေတာဖြစ်မို့ MV ထဲမှာပါတဲ့ suit အတိုင်း Siwon က ဝတ်ချလာခဲ့တာပါ။

3. Rain

Kpop လောကရဲ့ အနုပညာသက်တမ်းအရှည်ဆုံး နာမည်ကြီး Celebrity ဖြစ်တဲ့ Rain ဟာလည်း 2015 ခုနှစ်တုန်းက ဖိတ်ကြားခြင်းခံခဲ့ရပါတယ်။ ထိုနှစ်ကပွဲရဲ့ theme က “China: Through the Looking Glass” ဖြစ်ပြီး Rain ကတော့ ဂျာမာန် brand ဖြစ်တဲ့ MCM ရဲ့ သီးသန့်အော်ဒါချုပ် Designer အင်္ကျီ နဲ့ ပွဲတက်ခဲ့ပါတယ်။

4. PSY

PSY ဟာလည်း “Gangnam Style” သီချင်းထွက်ပြီးထဲက တကမ္ဘာလုံးအတိုင်းအတာနဲ့ နာမည်ကြီးခဲ့သူပါ။ ဒါကြောင့် ထိုသီချင်းထွက်ရှိတဲ့နှစ် 2013 မှာဘဲ PSY ဟာ ဖိတ်ကြားခြင်းခံခဲ့ရပါတယ်။ PSY ကတော့ အနီနဲ့အမည်း စပ်ကြားလုပ်ထားတဲ့ Jacket ဝတ်ပြီး ပွဲရဲ့ theme “Punk” style ဝတ်ခဲ့တာမို့ လူအာရုံစိုက်ခံခဲ့ရပါတယ်။

Source: Koreaboo
Written: Violet