Celebrity News

UN SDGs ရဲ့ တရားဝင်ခန့်အပ်လွှာရရှိခဲ့တဲ့ ပထမဆုံးသော အာရှအနုပညာရှင် BLACKPINK

BLACKPINK အဖွဲ့ကတော့ UN Sustainable Development Goals (UN SDGs) ရဲ့ တရားဝင်ပြောရေးဆိုခွင့်ရှိသူတွေအဖြစ် ခန့်အပ်ခြင်းကို လက်ခံရရှိခဲ့ပါပြီ။ September 18 ရက်နေ့မှာပဲ YG Entertainment ဟာ BLACKPINK အဖွဲ့အနေနဲ့ ပထမဆုံးသော အာရှတိုက်အနုပညာရှင်အဖြစ် အခြားသောဦးဆောင်သူတွေနဲ့အတူ တွဲဖက်လုပ်ဆောင်ဖို့ UN အဖွဲ့အစည်းကနေ ခန့်အပ်ခံရကြောင်းကို ဂုဏ်ယူစွာဖြင့် တရားဝင်ထုတ်ပြန်ကြေညာပေးခဲ့ပါတယ်။

UN Secretary General António Guterres ရဲ့ ရွေးချယ်ခန့်အပ်ခြင်းသဝဏ်လွှာကို BLACKPINK အဖွဲ့က ဝမ်းမြောက်စွာ လက်ခံရယူခဲ့ပြီး အဖွဲ့အစည်းရဲ့ ရည်မှန်းချက်တွေပြည့်မြောက်အောင် ကျေပွန်စွာ ဦးဆောင်သွားမယ့်အကြောင်းကို အခုလိုပဲ ကတိပြုခဲ့ပါတယ်။

“ကမ္ဘာကြီးကို ပိုမိုကောင်းမွန်လာအောင် တည်ဆောက်မယ့်ခရီးလမ်းမှာ အတူလျှောက်လှမ်းရတော့မှာဖြစ်တဲ့အတွက် ဂုဏ်ယူမိပါတယ်။ BLINK တွေနဲ့အတူ SDGs ရဲ့ အရေးကြီးပုံတွေကို ကမ္ဘာကသိအောင် ပြောပြသွားမှာဖြစ်ပြီး မျက်မှောက်ခေတ်ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရာမှာလည်း စွမ်းစွမ်းတမံ ပူးပေါင်းပါဝင်ပေးသွားပါမယ်” ဆိုပြီး ထုတ်ပြန်ပေးခဲ့ပါတယ်။

UN’s Sustainable Development Goals (SDGs) ကတော့ ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းတွေနဲ့ လူသားမျိုးနွယ်တွေရင်ဆိုင်နေရတဲ့ ဆင်းရဲ‌မွဲတေမှု၊ မညီမျှမှု၊ သဘာဝပတ်ဝန်းကျင်၊ ငြိမ်းချမ်းမှုနဲ့ တရားမျှတမှု၊ စီးပွားရေး နဲ့ လူမှုဘဝပြဿနာတွေအတွက် ရည်မှန်းချက်တွေသတ်မှတ်ပြီး ကိုင်တွယ်အဖြေရှာတဲ့ ကမ္ဘာ့အဆင့် အဖွဲ့အစည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ ၂၀၃၀ မှာ အကောင်အထည်ဖော်ကာ ပြီးမြောက်အောင်မြင်ဖို့ ချမှတ်ထားတဲ့ အဓိကဦးတည်ချက် (၁၇) ချက်ရှိနေပြီး BLACKPINK အဖွဲ့ကတော့ အခြားသော ဦးဆောင်သူတွေနဲ့အတူ ကိုင်တွယ်လှုပ်ရှားသွားတော့မှာပါ။

BLACKPINK အဖွဲ့ဟာ ၂၀၂၁ အစောပိုင်းတုန်းကလည်း United Nations Climate Change Conference (COP26) ရဲ့ ပြောရေးဆိုခွင့်ရှိသူတွေအဖြစ် ခန့်အပ်ခံထားရသလို အခုတစ်ခါမှာလည်း အာရှိတိုက်ကိုယ်စားပြု ဦးဆောင်သူတွေအဖြစ် ခန့်အပ်ခံလိုက်ရတဲ့ ပထမဆုံးသော အနုပညာရှင်အဖွဲ့ဖြစ်လာခဲ့ပါပြီ။‌

ကောင်မလေး (၄) ယောက်ရဲ့ ကျော်ကြားလွှမ်းမိုးနိုင်မှုနဲ့အတူ အခြားသော ဦးဆောင်သူတွေရဲ့ကိုင်တွယ်မှုနဲ့ ကမ္ဘာ့ဦးတည်ချက်တွေကို အကောင်အထည်သွားနိုင်မယ်ဆိုတာ သေချာနေပါပြီနော်။

Source: Soompi
Photos: Soompi
Translated by Julix