Celebrity News

စက်တင်ဘာလအတွက် ကိုရီးယားမှာ နာမည်အ​ကျော်ကြားဆုံးဖြစ်​နေတဲ့ ​ယောကျ်ား​လေး idol အ​ယောက် (၃၀)

ယ​နေ့ စက်တင်ဘာလ ၁၈ ရက်​နေ့မှာဆိုရင် ​တောင်ကိုရီးယား စီးပွား​ရေးဆိုင်ရာသု​တေသနဌာနက လက်ရှိကိုရီးယားမှာ ​နာမည်အ​ကျော်ကြားဆုံးဖြစ်​နေတဲ့ ​ယောကျ်ား​လေး idol ​တွေကို အဆင့်သတ်မှတ်ပြီး ထုတ်ပြန်​ကြေငြာလိုက်ပြီဖြစ်ပါတယ်။

အဆင့်​တွေကို​တော့ ​ယောကျ်ား​လေး idol ၆၃၂ ​ယောက်ရဲ့ မီဒီယာတွင်​ဖော်ပြခံရမှု၊ ပရိသတ်​တွေရဲ့ ပါဝင်မှု၊ ဆက်သွယ်​ရေးနဲ့ လူသိများမှုစတဲ့ အချက် ၄ ချက်​ပေါ်မှာ မူတည်ပြီး သတ်မှတ်ထားပါတယ်။ လိုအပ်တဲ့​​ဒေတာ​တွေကို​တော့ သြဂုတ်လ ၁၈ ရက်က​နေ စက်တင်ဘာလ ၁၈ ရက်အထိ စစ်တမ်း​ကောက်ယူခဲ့တာဖြစ်ပါတယ်။

ဒီစာရင်းအရ BTS အဖွဲ့ဝင် Jimin ဟာ ပထမ​နေရာမှာပဲ ဆက်လက်​နေရာယူထားတာကို ​တွေ့ရပါတယ်။ ဒီလို နံပါတ် ၁ ​နေရာကို သိမ်းပိုက်ထားတဲ့ ၃၃ လမြောက်ရှိပြီးဖြစ်ပြီး စက်တင်ဘာလအတွက် ဂုဏ်သတင်း​ကျော်ကြားမှုညွှန်းကိန်း 4,856,577 ​တောင် ရရှိထားပါတယ်။

ယခုလအတွက် နံပါတ် ၂ ​နေရာမှာ ရှိ​နေတာက​တော့ ASTRO အဖွဲ့ဝင် Cha Eunwoo ဖြစ်ပြီး ဂုဏ်သတင်း​ကျော်ကြားမှုညွှန်းကိန်း 3,826,592 ကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဒါဟာ ယခင်လထက်စာရင် ၁၃.၁၁% ​လောက် ပိုပြီးမြင့်တက်လာခဲ့တာပါ။

BTS အဖွဲ့ဝင် V က​တော့ ယခုလမှာ နံပါတ် ၃​နေရာကို တက်လာခဲ့ပါတယ်။ သူဟာ ဂုဏ်သတင်း​ကျော်ကြားမှုညွှန်းကိန်း 3,741,421 ကိုရရှိပြီး သြဂုတ်လထက်စာရင် ၁၁.၆၅% မြင့်တက်လာခဲ့ပါတယ်။ စက်တင်ဘာလအတွက် ကိုရီးယားမှာ နာမည်အ​ကျော်ကြားဆုံးဖြစ်​နေတဲ့ ​ယောကျ်ား​လေး idol အ​​ယောက် (၃၀) က​တော့ ​အောက်ပါအတိုင်းဖြစ်ပါတယ်။

1.BTS Jimin

2. ASTRO Cha Eun Woo

3. BTS V

4. BTS Jungkook

5. BTS Jin

6. NCT Taeyong
7. NCT Doyoung
8. BTS Suga
9. BTS RM
10. SHINee Key

11. BIGBANG G-Dragon
12. THE BOYZ Juyeon
13. NCT Lucas
14. BTS J-Hope
15. JYJ Kim Junsu

16. THE BOYZ Hyunjae
17. 2PM Junho
18. WINNER Song Mino
19. NCT Mark
20. JYJ Kim Jaejoong

21. Highlight Yang Yoseob
22. WINNER Kang Seung Yoon
23. SHINee Jonghyun
24. THE BOYZ Younghoon
25. THE BOYZ Sunwoo

26. THE BOYZ Q
27. TXT Soobin
28. THE BOYZ Sangyeon
29. SHINee Minho
30. Highlight Lee Gikwang

Source : Soompi
Photo : Pinterest
Written : ZL