Celebrity News

October လမှာ ထွက်ရှိဖို့ တန်းစီနေတဲ့ ဒိတ်ဒိတ်ကြဲ idol တွေရဲ့ Album များ

September လ ကုန်လို့ October လ တောင်ရောက်ပါတော့မယ်။ ဒီလထဲမှာ Lisa, Hyuna အစရှိတဲ့ idol တွေ album တွေ ထုတ်ခဲ့ကြတာမို့ Kpop ပရိသတ်တွေ အကြိုက်တွေ့ကြမှာပါ။ နောက်လ October လ မှာလည်း နာမည်ကြီး အဖွဲ့တွေရဲ့ comeback album တွေ ထွက်ရှိအုံးမှာပါ။ ပရိတ်သတ်တွေ စောင့်စားမျှော်လင့်လိုရအောင် ခုလို ဖော်ပြလိုက်ပါတယ်။

October 1: TWICE Comeback

October လရဲ့ အစ ပထမဆုံး 1 ရက်နေ့မှာဘဲ TWICE အဖွဲ့ရဲ့ ပထမဆုံး-English single album “The Feels”ထွက်ရှိမှာ ဖြစ်ပါတယ်။

October 5: aespa Comeback

Fourth generation ရဲ့ Rookie monster အဖွဲ့ Aespa အဖွဲ့လည်း သူတို့ရဲ့ ပထမဆုံး mini album “Savage” ကို October 5 မှာ ထုတ်ဖို့ စီစဉ်နေကြောင်းသိရပါတယ်။

October 5: WOODZ Comeback

October 5 မှာဘဲ တကိုယ်တော်အဆိုတော် WOODZ ရဲ့ တတိယမြောက် mini-album “Only Lovers Left” ထွက်ရှိမှာပါ။

October 6: BLITZERS Comeback

October 6 ရက်နေ့ 6PM မှာ rookie boy group ဖြစ်တဲ့ BLITZERS ဟာ သူတို့ရဲ့ second mini-album “Seat-Belt” နဲ့ comeback မှာ ဖြစ်ကြောင်း ဆိုပါတယ်။

October 7: PIXY Comeback

October 7 ရက်နေ့ 6PM KST/5AM EST မှာတော့ rookie girl group ဖြစ်တဲ့ PIXY ရဲ့ second mini-album “TEMPTATION” ထွက်ရှိမှာ ဖြစ်ပါတယ်။

October 12: ENHYPEN Comeback

Covid ရောဂါက ပြန်လည်သက်သာနေပြီ ဖြစ်တဲ့ ENHYPEN အဖွဲ့ဟာလည်း သူတို့ရဲ့ ပထမဆုံး full-length studio album, “DIMENSION: DILEMMA!”ကို October 12 မှာ ထွက်ဖို့ စီစဉ်နေပါတယ်တဲ့။

October 13: Stray Kids Japanese Comeback

October 13 မှာတော့ Stray Kids ရဲ့ second Japanese single album “Scars/Thunderous” ထွက်ရှိမှာ ဖြစ်ပါတယ်။

October 22: CL Comeback

ဒီနှစ်ထဲမှာ ​သီချင်းတွေ ဆက်တိုက်ထုတ်နေတဲ့ Queen CL ရဲ့ ပထမဆုံး full-length studio album “Alpha” ကို October 22 မှာ ဖြန့်ချိတော့မှာပါတဲ့။

TBA: SEVENTEEN Comeback

SEVENTEEN အဖွဲ့ဟာလည်း သူတို့ရဲ့ ဒုတိယ album ကို စီစဉ်နေကြောင်းသိရပါတယ်။ နောက်လ အလယ်လောက် ဖြစ်ဖို့များပြီး detail ကိုတော့ မသိရသေးပါဖူး။

Source: Koreaboo
Written: Violet