Celebrity News

သရုပ်ဆောင်မင်းသားအဖြစ်သို့ အောင်မြင်စွာ အခြေချနိုင်ခဲ့တဲ့ Idol မင်းသား (၈) ဦး

အနုပညာလောကထဲကို စတင်ဝင်ရောက်လာချိန်ကတော့ အဆို‌တော် idol ဖြစ်ပေမဲ့ သရုပ်ဆောင်နယ်ပယ်ထဲမှာပါ ခြေလှမ်းချဲ့ထွင်ရင်း အောင်မြင်မှုတွေတသီကြီးရရှိခဲ့တဲ့ idol တွေရှိပါတယ်။ လက်ရှိမှာလဲ C ဖျော်ဖြေရေးလောကထဲမှာ နာမည်ကြီးတဲ့မင်းသား‌တွေအဖြစ် လှုပ်ရှားနေသူ (၈) ဦးကတော့…

Xiao Zhan

နာမည်ကြီးတဲ့မင်းသားဖြစ်သူ Xiao Zhan ကတော့ အနုပညာလောကထဲကို စတင်ဝင်ရောက်လာစဉ်က idol တစ်ဦးအဖြစ် X Nine အဖွဲ့နဲ့ ပွဲဦးထွက်ခဲ့ပါတယ်။ Joy of Life, Oh my Emperor, The Untamed, Douluo Continent စတဲ့ဇာတ်လမ်းတွဲတွေနဲ့အတူ မင်းသားတစ်လက်အဖြစ် နာမည်ကြီးကျော်ကြားမှုကို ထိန်းသိမ်းထားပါတယ်။

Wang Yibo

UNIQ အဖွဲ့ဝင် Wang Yibo ကတော့ အသက်ငယ်သေးပေမဲ့ idol အဖြစ်ကနေ သရုပ်ဆောင်မင်းသားအဖြစ်ကို အောင်မြင်စွာကူးပြောင်းနိုင်ခဲ့ပါတယ်။ Gank Your Heart, The Untamed, Legend of Fei စတဲ့ဇာတ်လမ်းတွေဟာ Yibo ကို သရုပ်‌ဆောင်နယ်ပယ်ထဲမှာ အောင်မြင်မှုအကြီးကြီး စိုက်ထူစေနိုင်ခဲ့ပါတော့တယ်။

Luo YunXi

အသက် ၃၀ ကျော်‌ဖြစ်ပေမဲ့လည်း လက်ရှိအချိန်မှာ ဇာတ်လမ်းပေါင်းများစွာရိုက်ကူးပြီး အောင်မြင်နေတဲ့မင်းသားကတော့ Luo YunXi ပါပဲ။ သူကတော့ JBOY3 အဖွဲ့နဲ့ အနုပညာလောကထဲကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ YunXi ကို လူသိများစေခဲ့တဲ့ ဇာတ်လမ်း‌တွဲတွေထဲမှာ Ashes of Love, And the Winner is Love, Love is Sweet စတဲ့ဇာတ်လမ်းတွေက အထင်ကရပါပဲ။

Luhan

တောင်ကိုရီးယားနာမည်ကြီးအဆိုတော်အဖွဲ့ EXO နဲ့ပွဲဦးထွက်ခဲ့သူ Luhan ကတော့ အဖွဲ့ကနေထွက်ခွာပြီးနောက်မှာ တကိုယ်တော် လှုပ်ရှားနေခဲ့သူပါ။ The Witness, Fighter of the Destiny, Sweet Combat နဲ့ Cross Fire ဇာတ်လမ်းတွေမှာ LuHan ရဲ့ သရုပ်ဆောင်အရည်အချင်းကို ‌ကွက်ကွက်ကွင်းကွင်းမြင်တွေ့နိုင်မှာပါ။

Huang Zitao

EXO အဖွဲ့ဝင်ဟောင်းဖြစ်သူ Tao ကလည်း ပြည်မကြီးမှာ အနုပညာအလုပ်တွေဆက်တိုက်လုပ်နေပြီး အောင်မြင်ကျော်ကြားနေတာပါ။ Idol တစ်ယောက်ဖြစ်ပေမဲ့ Negotiator, The Brightest Star in the Sky စတဲ့ဇာတ်လမ်းတွေကြောင့် မင်းသားတစ်ယောက်အဖြစ် ပရိသတ်တွေက လက်ခံအား‌ပေးခဲ့ကြပါတယ်။

Zhang Yixing

EXO အဖွဲ့ဝင် Lay Zhang ကလည်းပဲ သရုပ်ဆောင်အရည်အချင်းကတော့ အပြည့်ပါပဲ။ The Golden Eyes, The Mystic Nine အပြင် လက်ရှိပြသနေတဲ့ Crime Crackdown ဇာတ်လမ်းတွေကတော့ သရုပ်ဆောင်အဖြစ်လည်း Lay ရဲ့ အနုပညာစွမ်းရည်ကို ထင်ရှားစွာမြင်ရပါလိမ့်မယ်။

Jackson Yee

TFBoys အဖွဲ့နဲ့နာမည်ကြီးပြီးသား Jackson Yee ဟာ သရုပ်ဆောင်နယ်ပယ်ကိုကူးပြောင်းလာခဲ့ပြီး အောင်မြင်တဲ့မင်းသားပါ ဖြစ်နေပါပြီ။ Better Days, A little Red Flower ဇာတ်လမ်းတွေထဲက Jackson Yee ရဲ့ သရုပ်ဆောင်အရည်အချင်းကို အားလုံးက ချီးကျူးခဲ့ရပါတယ်။

Kris Wu

ဟောလီးဝုဒ်အထိ ခြေဆန့်နိုင်ခဲ့တဲ့ idol မင်းသားကတော့ Kris Wu ပါပဲ။ EXO အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်သလို ရုပ်ရှင်ကားတွေပါ များစွာရိုက်ကူးပြီးအောင်မြင်ခဲ့ပါတယ်။ Never Gone ဇာတ်ကားအပြင် Journey to the West: the Demons Strike Back ဇာတ်ကားအပြင် Return of Xander Cage ကတော့ Kris ရဲ့ နာမည်ကြီးဇာတ်ကားတွေပါ။ လက်ရှိမှာ‌တော့ အနုပညာလောကထဲကနေ ဖယ်ရှားခံလိုက်ရပေမဲ့ သူ့ရဲ့ကြိုးစားအားထုတ်‌မှုတွေကတော့ မှတ်တမ်းတစ်ခုအဖြစ် ကျန်ရှိနေဦးမှာပါ။

Source: Chinapress
Photos: Weibo
Translated by Julix