Celebrity News

အားကျစရာအကောင်းဆုံး ဦးနဲ့ကလေး စုံတွဲ (သို့) Ter နှင့် Davika တို့ စုံတွဲ

အသက်အရွယ်ကွာခြားတဲ့ ထိုင်းစုံတွဲလေးထဲမှာ Ter Chantavit နဲ့ Mai Davika တို့အတွဲလေးက တကယ်ချစ်စရာကောင်းလွန်းလှပါတယ်။ ဒီတစ်ခါမှာလည်း Ter ရဲ့မွေးနေ့အတွက် Davika လေးက ချစ်စရာကောင်းစွာ မွေးနေ့ဆုတောင်းပေးလိုက်တာကို Ter ရဲ့ Reply ပြန်ပုံလေးက ပရိသတ်တွေကြား ရေပန်းစားလို့နေပါတော့တယ်။

Mai Davika နဲ့ Ter Chantavit တို့က ချစ်သူတွေဖြစ်နေကြောင်း တရားဝင်ချပြပြီးတဲ့နောက်မှာတော့ မိတ်ဆွေအ‌ပေါင်းအသင်းတွေနဲ့ ပရိသတ်တွေထံကနေ အားပေးမှုတွေ များစွာရရှိခဲ့ပါတယ်။ ဇာတ်လမ်းအတူရိုက်ကူးရင်း ချစ်သူတွေဖြစ်သွားခဲ့ကြတဲ့ ဒီစုံတွဲကတော့ ချစ်သူသက်တမ်း ၄ နှစ်ပြည့်ခါနီး‌ပါပြီ။

နေ့ထူးနေ့မြတ်တွေတိုင်း အတူဖြတ်သန်းလေ့ရှိကြသလို ချစ်ပြဖို့လည်း ဝန်မ‌လေးတာကြောင့် အားလုံးက အားကျနေရတာပါပဲ။ September 18 ရက်နေ့ Ter Chantavit ရဲ့ မွေးနေ့မှာတော့ Mai Davika ဟာ ချစ်ရသူအတွက် Instagram ကနေတဆင့် “Happy birthday darling” ဆိုပြီးရေးသားကာ စုံတွဲပုံလေး‌တင်ပေးခဲ့ပါတယ်။

ဒါကို Ter ကတာ့ “Love you the most in the world teerak” (ကမ္ဘာလောကကြီးတစ်ခုလုံးထဲမှာ မင်းလေးကိုအချစ်ဆုံးပါပဲ) ဆိုပြီး Reply ပြန်ခဲ့ပါတယ်။ ဒီလိုအပြန်အလှန် Ro နေကြတဲ့စုံတွဲကို ကြည့်ရှု‌နေကြတဲ့ပရိသတ်တွေက ကြားထဲကနေ ကြည်နူးလွန်းပြီး အရည်ပျော်ကုန်ကြပါတော့တယ်။

လူသိရှင်ကြားတွဲကတည်းက ကြည်နူးစရာကောင်းလွန်းပြီး ချစ်ခင်ယုယပေးမှုတွေဟာ အားကျစရာကောင်းနေပါတော့တယ်။ အသက် (၉) နှစ်ကြီးတဲ့ Ter ကလည်း Mai Davika ကို ကလေးလေးတစ်ယောက်လိုမျိုး တုန်နေအောင်ကိုချစ်ပေးတတ်ပါတယ်။

Mai ကတော့ သူ့ရဲ့ချစ်သူကို စဉ်းစားတွေးခေါ်တတ်ပြီး ရင့်ကျက်တဲ့သူဖြစ်ကြောင်း အမွမ်းတင်ခဲ့သလို Ter ကလည်း Davika နဲ့ အတူရှိတဲ့နေ့ရက်တိုင်းဟာ Valentine’s Day ဖြစ်ကြောင်း ချိုမြိန်တန်ဖိုးထားစွာပြောပြခဲ့ဖူးပါတယ်။ ဒီလိုကြည်နူးစရာကောင်းလွန်းတဲ့အတွဲလေးကိုတော့ ဘယ်သူက အားမကျဘဲ နေနိုင်ပါ့မလဲနော်။

Source: Thaidaily
Photos: Thaidaily
Translated by Julix