Celebrity News

မိမိရဲ့ အောင်မြင်​ကျော်ကြားမှုကို အသုံးချပြီး ကမ္ဘာကြီးကို အလှဆင်နေကြတဲ့ အမျိုးသမီး K-Pop Idol (၅) ဦး

အောင်မြင်​ကျော်ကြားတဲ့ K-Pop Idol ​တွေဟာ နှစ်စဉ် ​ဒေါ်လာသန်းနဲ့ချီပြီး ဝင်​ငွေရရှိကြပါတယ်။ တချို့​သော စိတ်ထားဖြူစင်တဲ့ Idol ​တွေက​တော့ သူတို့ ရရှိလာတဲ့ ​အောင်မြင်မှုကို အများအကျိုးအတွက် ပြန်လည်အသုံးချကာ K-Pop ​လောကတင်သာမက ကမ္ဘာကြီးကိုပါ လှပတဲ့​နေရာတစ်ခုဖြစ်လာ​​အောင် ဝိုင်းဝန်းပံ့ပိုး​တတ်ကြပါတယ်။

သူတို့ရလာတဲ့ ဝင်​ငွေ​တွေကို ပရဟိတအဖွဲ့အစည်း​တွေ၊ က​လေးသူငယ်​တွေ၊ ဆင်းရဲနွမ်းပါးသူ​တွေနဲ့ ​ကျန်းမာ​ရေးစင်တာ​တွေကို ပြန်လည်လှူဒါန်းတတ်ကြပါတယ်။ အဲ့ဒီထဲကမှ အလှူအတန်းနဲ့ပတ်သက်လာရင် ရက်​ရောတယ်လို့ နာမည်ကြီးတဲ့ အမျိုးသမီး Idol ၅ ဦးကို ​ဖော်ပြ​ပေးချင်ပါတယ်။ သူတို့​တွေက​တော့

1. Suzy

ပရိသတ်အချစ်​တော် အဆို​တော်၊မင်းသမီးတစ်ဦးဖြစ်တဲ့ Suzy ဟာ Life Sharing Practice Movement Center ထံ ​ငွေပမာဏအ​တော်များများကို မကြာခဏ လှူဒါန်းခဲ့ပါတယ်။ ​သွေးကင်ဆာ​ရောဂါခံစား​နေရာတဲ့ က​လေး​တွေအတွက် ဝမ်သန်း ၁၀၀ လှူဒါန်းခဲ့သလို အဖွဲ့အစည်းတစ်ခုက ပြုလုပ်တဲ့ ရန်ပုံ​ငွေပွဲအတွက် ဝမ် ၁၅ သန်းလှူဒါန်းခဲ့ပါတယ်။

အဲ့ဒီရန်ပုံ​ငွေပွဲဟာ ​စောင်​တွေ၊ အစားအစာ​တွေလိုအပ်​နေတဲ့သူ​တွေကို လှူဒါန်းဖို့ ပြုလုပ်တဲ့ပွဲဖြစ်ပါတယ်။ Sewol Ferry မ​တော်တဆဖြစ်ရပ်က နစ်နာသူ​တွေအတွက်လည်း ဒါနပြုခဲ့ပါ​သေးတယ်။ ဒါ့အပြင် ယခုနှစ် က​​လေးများ​နေ့မှာ ​အစိုးရ ထောက်ပံ့​ကြေးမရရှိ​တော့တဲ့ မိဘမဲ့က​လေး​တွေနဲ့ ဆယ်​ကျော်သက်​တွေအတွက် ဝမ်သန်း ၁၀၀ လှူဒါန်းခဲ့ပါ​သေးတယ်။

2. Seohyun (Girls’ Generation)

Girls’ Generation အဖွဲ့ရဲ့ အငယ်ဆုံး​လေး Seohyun က​တော့ လူမှုအသိုင်းအဝိုင်း တိုးတက်​ရေးနဲ့ ပတ်သက်ပြီး အကျိုးပြု​နေသူဖြစ်ပါတယ်။ သူမဟာ Pohang ငလျင်​ဘေးသင့်ခဲ့တဲ့ ပြည်သူ​တွေထံ ဝမ်သန်း ၃၀ လှူဒါန်းခဲ့ပြီး ALS ​ရောဂါ​ဝေဒနာခံစား​နေရတဲ့ လူနာ​တွေအတွက် သီးသန့်​ဆေးရုံ​ဆောက်လုပ်ဖို့ Seungil Hope Foundation ကို ဝမ်သန်း ၄၀ လှူဒါန်းခဲ့ပါတယ်။ တကယ့်ကို ​စေတနာ​ကောင်းပြီး ​ကြင်နာတတ်တဲ့သူပါပဲ။

3. IU

ထူးချွန်တဲ့ သီချင်းဆိုစွမ်းရည်နဲ့ သရုပ်​ဆောင်စွမ်းရည်​ကြောင့် ​နာမည်ကျော်ကြားတဲ့ IU ဟာလည်း သူတစ်ပါးကို ကူညီဖို့ လက်မ​နှေးတတ်တဲ့သူပါ။ သူမဟာလည်း Sewol Ferry မ​တော်တဆမှုက နစ်နာသူ​တွေကို ကူညီ​ထောက်ပံ့ခဲ့ပြီး သူမတက်ခဲ့တဲ့ အထက်တန်း​ကျောင်းက ​ကျောင်းသား​တွေကိုလည်း နှစ်စဉ်ပညာသင်ဆု​တွေ ချီးမြှင့်ပါ​တယ်။

​တောင်ကိုရီးယားက က​လေးသူငယ်​တွေကို အဓိက​ထောက်ပံ့​ပေး​နေတဲ့ Green Umbrella Children’s Foundation ကိုလည်း ဝမ်သန်း ၁၀၀ လှူဒါန်းခဲ့သလို လွန်ခဲ့တဲ့ရက်ပိုင်းက ကျ​ရောက်တဲ့ သူမရဲ့ အနုပညာသက်တမ်း ၁၃ နှစ်ပြည့်အတွက် ဝမ်သန်း ၈၅၀ တန်ဖိုးရှိတဲ့ ​ပစ္စည်း​တွေကို ပရဟိတအဖွဲ့အစည်း​​တွေနဲ့ ကျန်းမာ​ရေးစင်တာ​တွေကို လှူဒါန်းခဲ့ပါ​သေးတယ်။

4. Yoona (Girls’ Generation)

​နောက်ထပ် Girls’ Generation အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Yoona ဟာလည်း ပရဟိတအဖွဲ့အစည်း​ပေါင်းစုံကို လှူဒါန်းခဲ့ဖူးပြီး ​တောင်ကိုရီးယားနိုင်ငံရဲ့ ဂုဏ်သ​ရေရှိပုဂ္ဂိုဟ်များအဖွဲ့အစည်းကို ဝင်​ရောက်ခွင့်ရတဲ့ ပထမဆုံး K-Pop Idol လည်းဖြစ်ပါတယ်။

Yoona ဟာ ပညာ​ရေး၊ ချို့တဲ့တဲ့က​လေးသူငယ်​တွေကို ​ထောက်ပံ့​ရေး၊ မျက်မမြင်​တွေနဲ့ ပတ်သက်ပြီး အကူအညီ​ပေး​ရေးနဲ့ အသိပညာ​​ပေး​ရေး​တွေမှာ စိတ်အားထက်သန်စွာ ပါဝင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်တုန်းက တခြား​သောအလှူရှင်​တွေနဲ့အတူ ​တောင်ကိုရီးယားသမ္မတရဲ့ ဇနီးဖြစ်သူနဲ့ ​တွေ့ဆုံဖို့ ဖိတ်ကြားခြင်းကိုလည်း ခံခဲ့ရပါတယ်။

5. Tzuyu (TWICE)

TWICE အဖွဲ့ရဲ့ visual နဲ့ maknae ​လေး Tzuyu က​တော့ ပရဟိတလုပ်ရတာကို စိတ်ပါဝင်စားပြီး ဘာသာတရားကို သက်ဝင်ယုံကြည်သူဖြစ်ပါတယ်။ Idol ​တွေရဲ့ နာမည်နဲ့ အလှူဒါန​တွေလုပ်ဖို့ ပရိသတ်​တွေက မဲ​ပေးရတဲ့ Choeaedol ဆိုတဲ့ app မှာလည်း Tzuyu က နာမည်​ကျော်ကြားပါတယ်။

Tzuyu ဟာ မဲ​ပေးမှု​တွေမှာ အမြဲတမ်းလိုလို နံပါတ် ၁ ရရှိ​တတ်တာ​ကြောင့် သူမကို “Charity Angel” ဆိုတဲ့ ဂုဏ်ပုဒ်ကိုလည်း ရရှိထားပါတယ်။ ယခုနှစ်ထဲမှာလည်း Tzuyu ဟာ ကိုဗစ်​ရောဂါခံစား​နေရသူ​တွေအတွက် ​ငွေ​ကြေးနဲ့ အသက်ရှူစက်​တွေကို လှူဒါန်းခဲ့ပါ​သေးတယ်။

Source : Kstarlive
Photo : kpopping
Written : ZL