Celebrity News

သူ့ရဲ့ဂီတကို နာမည်ကြီးအောင်မြင်မှုက လွှမ်းမိုးနေတာမျိုးအဖြစ်မခံဘူးဆိုတဲ့ BTS’s Suga

အတိတ်ကအင်တာဗျူးတစ်ခုမှာ BTS’s Suga ကို လေးနက်တဲ့မေးခွန်းတစ်ခုမေးခဲ့ဖူးပါတယ်။ ကမ္ဘာအဝှမ်းနာမည်ကြီးလာပြီးနောက် သူ့ရဲ့ဂီတဖန်တီးမှု၊ သီချင်းရေးစပ်မှုပိုင်းဟာ ပြောင်းလဲသွားတာမျိုးရှိလားဆိုပြီး မေးခွန်းထုတ်ခံရပါတယ်။ Suga ကတော့ ရိုးရှင်းစွာနဲ့ပဲ ဖြေပေးခဲ့ပါတယ်။

“ကျွန်တော့်ရဲ့ဂီတစတိုလ်ဟာ ပြောင်းလဲသွားခြင်းမရှိခဲ့ပါဘူး။ ဂီတဖန်တီးမှုပိုင်းမှာ နာမည်ကြီးကျော်ကြားမှုတွေလွှမ်းမိုးတာမျိုးကို ကျွန်တော့်အနေနဲ့ အဖြစ်မခံနိုင်ပါဘူး” ဆိုပြီး ဖြေဆိုပေးခဲ့ပါတယ်။

Suga ကတော့ ဂီတလောကထဲကို အသက်ငယ်စဉ်ကတည်းက ဝင်ရောက်လာသူပါ။ ခေါင်းထဲမှာ တွေးတောမိသမျှကို သီချင်းစာသားတွေအဖြစ် အသက်သွင်းရတာမျိုးကို နှစ်သက်သူဖြစ်တာနဲ့အညီ သူ့ရဲ့သီချင်းတွေမှာလည်း ကိုယ်တိုင်လက်စွမ်းပြသထားနိုင်ပါတယ်။

Suga ကတော့ သူတို့ရဲ့သီချင်း‌တွေဟာ လူအများအပေါ်ကို ကောင်းမွန်တဲ့လွှမ်းမိုးမှုတွေပဲဖြစ်စေချင်တယ်လို့ ‌ပြောခဲ့ပါတော့တယ်။ “ဘဝကြီးဆိုတာ ခက်ခဲကြမ်းတမ်ပါတယ်။ အရာရာတိုင်းကလည်း အကောင်းဆုံးဖြစ်လာဖို့ အမြဲမျှော်လင့်ထားလို့မရပါဘူး။

ဒါပေမဲ့ ကျွန်တော်တို့ရဲ့ဘဝကို ရဲရင့်စွာနဲ့ ရှေ့ဆက်နိုင်ရပါမယ်” ဆိုပြီး Elle Interview မှာပါ ဖြေကြားသွားခဲ့ပါတော့တယ်။ Suga က သီချင်းတွေကနေတဆင့် သူ့ရဲ့ခံစားချက်တွေကိုမျှဝေနိုင်အောင် AGUST D ဆိုတဲ့နာမည်နဲ့ တကိုယ်တော်သီချင်းတွေဖန်တီးနိုင်ခဲ့ပါတယ်။

ဘဝကြီးရဲ့အဖြစ်အပျက်တွေကို အကြမ်းစားအလန်းစားသီချင်းစာသား‌တွေကနေ ပြောပြနေခဲ့ပါတယ်။ AGUST D, Give It To Me, The Last, 724148 စတဲ့သီချင်းတွေကိုသာ နားဆင်ကြည့်လိုက်ပါ။

လူတိုင်းရဲ့ဘဝတွေမှာ ဖြစ်ပျက်တတ်တဲ့အခက်အခဲတွေကို ရင်ဆိုင်နိုင်ဖို့ စအကြမ်းစားစာသားတွေနဲ့ အားပေးထားပါတယ်။ ပရိသတ်တွေကတော့ Suga ရဲ့ နောက်ထပ် Masterpiece သီချင်းတွေထွက်လာဖို့လည်း တောင့်တနေကြပါတယ်။

Source: Koreaboo
Photos: BTS official
Translated by Julix