Celebrity News

အောင်မြင်တဲ့ Kpop Idol တစ်ယောက် ဖြစ်လာဖို့ သိထားသင့်တဲ့အချက်တွေ ပြောပြခဲ့တဲ့ EXO Kai

Kpop idol တစ်ယောက် ဖြစ်ဖို့ဆိုတာ တကယ့်ကို မလွယ်ကူလှပါဖူး။ အရင်ဆုံး Trainee ဖြစ်ဖို့ လူရွေးပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရပါတယ်။ Trainee ဖြစ်လာတော့လည်း Company ရဲ တင်းကျပ်တဲ့စည်းကမ်းတွေ၊ နည်းစနစ်တွေရဲ့ အောက်မှာ ကြံ့ကြံ့ခံ လေ့ကျင့်ပြီးမှ Idol အဖြစ် ပွဲဦးထွက်ခွင့်ရတာပါ။ trainee ဘဝနဲ့ နှစ်တွေချီ လေ့ကျင့်ခဲ့တာတောင် ကံမကောင်းရင်ပွဲဦးထွက်ခွင့်မရတဲ့သူတွေလည်း ဒုနဲ့ဒေးပါ။

K netizen တွေကလည်း နည်းနည်းလေးမှ အတိမ်းအစောင်းမခံတာမို့ နောက်ကြောင်းရှင်းတဲ့သူမှသာ Kpop လောကမှာ အကြာကြီး ရပ်တည်နိုင်ပါလိမ့်မယ်။ ဒီ့ထက် သိထားသင့်တဲ့အချက်တွေကို EXO အဖွဲ့ဝင် Kai က လည်း အစီအစဉ်တစ်ခုမှာ sharing လုပ်ခဲ့ပါတယ်။

Kai ဟာ သူ့အဖေရဲ့ သင်ပြထိန်းကျောင်းမှုနဲ့ ငယ်စဉ်ထဲက အကပညာကို သင်ယူခဲ့တာဖြစ်ပြီး Grade-6 ကျောင်းသားအရွယ်မှာ SM Entertainment မှာ audition ဝင်ဖြေခဲ့ပါတယ်။ Kai ဟာ ငယ်ရွယ်သေးတာမို့ လက်မခံခဲ့ပေမဲ့ Grade 8th ကျောင်းသားအရွယ် 2007 ခုနှစ်မှာတော့ Kai ဟာ SM Entertainment ကို ဝင်ခွင့်ရခဲ့ပါတယ်။ အကြောင်းကတော့ Kai ဟာ SM ရဲ့ 10 ကြိမ်မြောက် အကောင်းဆုံး teenager ရွေးချယ်ပွဲမှာ best dancer ဆုနဲ့ the most popular award ကို ရရှိခဲ့တဲ့အတွက် ဖြစ်ပါတယ်။

ငယ်ငယ်လေးထဲက အကတော်တဲ့ Kai ဟာ သူ idol ဖြစ်လာဖို့ဆို ဘာမဆို ရင်းမဲ့သူမျိုးပါ။ “ကျွန်တော် SM ကို join လိုက်တာနဲ့ ကျွန်တော်ရဲ့ social media (SNS) acc တွေကို ဖျက်လိုက်တယ်။ တချိန်မှာ ကျွန်တော့်နောက်ကြောင်းကို လိုက်နေကြမှာဆိုးလို့ပါ” ဆိုပြီး သူအောင်မြင်ရခြင်း အကြောင်းကို “online web series” ဖြစ်တဲ့ Takfather အစီအစဉ်မှာ ဖြေခဲ့ပါတယ်။

ထိုအစီအစဉ်က host က Kai ကို video call နဲ့ ဆက်သွယ်ခဲ့တာဖြစ်ပြီး “ဘယ်အရာက အသစ်လေးတွေအတွက် အရေးကြီးဆုံး ဖြစ်မလည်း” ဆိုပြီး trainee ​လေးတွေအတွက် မေးခဲ့ပါတယ်။ Kai က ဒီမေးခွန်းကိုတော့ “Personality” လို့ ဖြေခဲ့ပါတယ်။

Kai အဖြေက မှတ်သားစရာပါ။ ဘာလို့ဆို Korea လူမျိုးတွေက ကြီးသူကိုရိုသေတဲ့ ဂါရဝတရား လက်ကိုင်ထားတဲ့လူမျိုးတွေမို့ manner မကောင်းရင် ဘယ်နေရာမှ ရပ်တည်နိုင်မှာမဟုတ်ပါဖူး။ ဒါကြောင့်လည်း SM Entertainment က idol တွေဆို manner အရမ်းကောင်းတာကို တွေ့ကြရမှာပါ။

SM ဟာ သူတို့သင်တန်းသားတွေကို trainee ဘဝထဲက manner နဲ့ ပက်သက်ပြီး သေချာလေ့ကျင့်ပေးလိုက်လို့ ဖြစ်ပါတယ်။ Kai တစ်ယောက်လည်း ဒီအချက်တွေကောင်းကောင်းသိပြီး နာခံလိုက်နာလာတာမို့ ခုလို အနုပညာသက်တမ်း 10 နှစ်နီးပါးရှိတဲ့ နာမည်ကြီး Idol အနေနဲ့ ရပ်တည်နိုင်တာဖြစ်ပါလိမ့်မယ်။

Source: Koreaboo
Written: Violet