Celebrity News

Lisa ကို Idol​ တွေထဲမှာ အကအ​တော်ဆုံးအဖြစ် ​ရွေးချယ်ခဲ့တဲ့ “Street Woman Fighter” က Honey J

Lisa ဟာ အကနဲ့ပတ်သက်လာရင် Idol အချင်းချင်းသာမက အကပညာရှင်​တွေဆီကပါ အမြဲချီးကျူးခဲ့ရတဲ့ Idol တစ်ဦးဖြစ်ပါတယ်။ အခုလည်း လက်ရှိ Mnet က​နေ ထုတ်လွှင့်ပြသ​နေပြီး ​နာမည်ကြီး​နေတဲ့ “Street Woman Fighter” အစီအစဉ်မှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ Holy Bang အကအဖွဲ့ရဲ့ ​ခေါင်း​ဆောင် Honey J က BLACKPINK အဖွဲ့ဝင် Lisa ရဲ့ အကစွမ်းရည်ကို ချီးကျူးခဲ့ပါတယ်။Honey J ဟာ သူမရဲ့ Instagram Live တစ်ခုမှာ Lisa ကို အ​က​အ​တော်ဆုံး Idol အဖြစ်လည်း ​ရွေးချယ်ခဲ့ပါတယ်။

ကကွက်ဖန်တီးသူနဲ့ အကသမားတစ်​ယောက်ဖြစ်တဲ့ Honey J အ​နေနဲ့ Lisa ကို အကအ​တော်ဆုံး Idol အဖြစ် ဘာလို့​ရွေးချယ်ခဲ့လဲဆိုတာကို စက်တင်ဘာလ ၁၇ ရက်​နေ့မှာ Top Star News သတင်းဌာနက​ဖော်ပြခဲ့ပါတယ်။

Honey J ဟာ Instagram Live က​နေတစ်ဆင့် ပရိသတ်​တွေ သိချင်တဲ့ ​မေးခွန်း​တွေကို ​ဖြေ​ပေး​လေ့ရှိပါတယ်။ ဒါ​ကြောင့် live တစ်ခုမှာ ပရိသတ်တစ်ဦးက Honey J အ​နေနဲ့ အကအ​တော်ဆုံးလို့ ယူဆတဲ့ Idol က ဘယ်သူဖြစ်မလဲလို့ ​မေးမြန်းခဲ့ပါတယ်။

ထိုအခါ သူမက “ကျွန်မအရင်တစ်​ခေါက်ကလည်း ​ပြောဖူးပါတယ်။ Lisa က အကတကယ်​တော်တာပါ။ သူမက ကကွက်​တွေကို လှပ​အောင် ကပြနိုင်သလို သင်ယူတာလည်းတကယ်မြန်တယ်။ မင်းတို့​တွေ့ရင်လည်း သတိထားမိမှာပါ” လို့ ပြန်လည်​ဖြေကြားခဲ့ပါတယ်။

“ဒါ​ပေမဲ့ အခု​နောက်ပိုင်း Idol ​တွေအားလုံး အက​တော်ကြတယ်။ နည်းနည်း​တောင် အံ့သြမိပါတယ်”လို့လည်း ​ပြောခဲ့ပါ​သေးတယ်။Honey J အ​နေနဲ့ Lisa ကို ချီးကျူးတာ ဒါပထမဆုံးအကြိမ်မဟုတ်ပါဘူး။

၂၀၁၉ ခုနှစ်တုန်းကလည်း Lisa နဲ့အတူကထားတဲ့ ဗီဒီယိုတစ်ခုကို မျှ​ဝေပြီး Lisa ဟာ ဒီကကွက်ကို ၂ နာရီတည်းနဲ့ သင်ယူပြီး ပြီးပြည့်စုံ​​အောင် ကပြနိုင်ခဲ့​ကြောင်း ချီးကျူးထားပါ​သေးတယ်။ Honey J ဟာ 2NE1 အဖွဲ့ဝင် Minji, SNSD အဖွဲ့ဝင် Hyoyeon, Hyun A, Lisa, Sistar နဲ့ WJSN တို့လို မိန်းက​လေး Idol အများစုရဲ့ အကဆရာမလည်းဖြစ်ပါတယ်။

Source : Kpopstarz
Photo : Instagram
Written : ZL