Celebrity News

Ahgasae ​တွေအတွက် ပထမဆုံး တစ်ကိုယ်​တော် fan meeting ကို ပြုလုပ်သွားမယ့် GOT7 အဖွဲ့ဝင် JAY B

JYP Entertainment နဲ့ လမ်းခွဲကာ H1GHR MUSIC နဲ့ စာချုပ်ချုပ်ဆိုပြီး​နောက် JAY B ဟာ သူ့ကိုယ်သူ ပြန်လည်ရှာ​ဖွေရင်း သူ့ရဲ့ အနုပညာခရီးမှာ Solo Artist ဆိုတဲ့ စာမျက်နှာသစ်ကို ဖွင့်လှစ်ခဲ့ပါတယ်။  မကြာ​သေးခင်က ထွက်ရှိခဲ့တဲ့ Solo Debut Album “SOMO:FUME” မှာဆိုရင် JAY B ဟာ ဦးတည်ရာအသစ်ကို ​ရွေးချယ်ခဲ့ပြီး အနုပညာကို အမြင်သစ်နဲ့ လွတ်လပ်စွာ ဖန်တီးခဲ့ပါတယ်။

ဒီလို album သစ်ထွက်ရှိပြီး​နောက် JAY B ဟာ ကမ္ဘာတစ်ဝှမ်းက ပရိသတ်​တွေနဲ့ ​တွေ့ဆုံခွင့်ရဖို့အတွက်လည်း သူ့ရဲ့ ပထမဆုံး တစ်ကိုယ်​တော် Global Fan Meeting ကို အွန်လိုင်းက​နေ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဒီပွဲကို BBANGYA TV က လာမယ့်စက်တင်ဘာလ ၂၅ ရက်​နေ့၊ ကိုရီးယားစံ​​​တော်ချိန် ည ၈ နာရီမှာ ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ ဒီ Fan Meeting မှာဆိုရင် “SOMO:FUME” ထွက်ရှိပြီး​နောက် JAY B ရဲ့ ပထမဆုံး live ​ဖျော်​ဖြေမှု​တွေကို မြင်​တွေ့ရမှာဖြစ်ပါတယ်။

လက်မှတ်​က​တော့ တစ်​စောင်ကို ၃၅ ​ဒေါ်လာကျသင့်မှာဖြစ်ပြီး ​ပွဲချိန်က​​တော့ ၂ နာရီခန့် ကြာမြင့်မှာဖြစ်ပါတယ်။BBANGYA TV ဟာ နယ်ပယ်အသီးသီးက တိုက်ရိုက်ထုတ်လွှင့်မှု​တွေကို ကမ္ဘာ့နိုင်ငံအနှံ့က ကြည့်ရှုလို့ရ​အောင် ဝန်ဆောင်မှု​​ပေး​နေတဲ့ platform တစ်ခုဖြစ်ပါတယ်။ JAY B ရဲ့ Fan Meeting မှာဆိုရင် NFT စနစ်နဲ့ ဖန်တီးထားတဲ့ အထူးဗီဒီယိုတစ်ခုကိုလည်း ​ဖော်ပြသွားမှာဖြစ်တာ​ကြောင့် ပရိသတ်​တွေက အရမ်းကို ​မျှော်လင့်​စောင့်စား​နေကြပါတယ်။

JAY B ဟာ “SOMO:FUME” album ဖန်တီးတုန်းကလည်း အဆင့်တိုင်းမှာပါဝင်ခဲ့တာ​ကြောင့် ဒီ fan meeting မှာလည်း သူ့ရဲ့ စိတ်ကူးစိတ်သန်း​တွေ အကြံဉာဏ်​တွေ အများကြီးပါဝင်​​နေမှာ အ​သေအချာပါပဲ။ JAY B ဟာ Fan Meeting မှာ ပရိသတ်​တွေ သိချင်တဲ့ ​မေးခွန်း​တွေကိုလည်း ​ဖြေဆို​ပေးသွားမှာဖြစ်ပြီး surprise ​အ​နေနဲ့ ပြင်ဆင်ထားတာ​တွေလည်း ရှိ​နေဦးမှာပါ။

Source : Allkpop
Photo : Tumblr
Written : ZL