Celebrity News

သရုပ်​ဆောင်တစ်ဦးအ​နေနဲ့ ဇာတ်​ကောင်​ရွေးချယ်ရာမှာ ခံယူချက်​တွေ​ပြောင်းလဲလာတယ်ဆိုတဲ့ Gong Yoo

Marie Claire မဂ္ဂဇင်းနဲ့ မကြာ​သေးခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ နာမည်​ကျော်မင်းသား Gong Yoo ဟာ သူ့ရဲ့ အနုပညာအလုပ်နဲ့ပတ်သက်ပြီး ချဉ်းကပ်နည်း ​ပြောင်စလဲလာပုံကို ထုတ်​ဖော်​ပြောကြားခဲ့ပါတယ်။

Gong Yoo ဟာ Marie Clarie ရဲ့ ​အောက်တိုဘာလထုတ် မဂ္ဂဇင်းအတွက် မျက်နှာဖုံးရှင်ဖြစ်ခဲ့ပြီး သရုပ်​ဆောင်တစ်​ယောက်အ​နေနဲ့ သူ့ရဲ့ ဦးစား​ပေးအရာ​တွေကလည်း ​အချိန်နဲ့အမျှ ​ပြောင်းလဲလာ​ကြောင်းကို ​ပြောပြခဲ့ပါတယ်။

သူက “အသက် ၂၀ နဲ့ ၃၀ အရွယ်ကို ကုန်လွန်လာတဲ့အခါ ကျွန်​တော့်ကို သရုပ်​ဆောင်ဖြစ်​အောင် တွန်းအား​ပေးတဲ့ ခွန်အားအရင်အမြစ်က ​ပြောင်းလဲလာတယ်” ဆိုပြီး ​ပြောကြားခဲ့တာပါ။ အဲ့ဒီ​နောက် Gong Yoo က “အရင်ကဆိုရင် ကျွန်​တော့်ရဲ့ ဇာတ်​ကောင်က ဘယ်လိုပုံစံဖြစ်မလဲ၊ ဒီဇာတ်​ကောင်ကို ဘယ်လိုသရုပ်​ဆောင်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး စိုးရိမ်မှု​တွေက အရင်ဆုံးဖြစ်လာတယ်။ အခု​တော့ အဲ့လိုစိုးရိမ်ပူပန်မှု​တွေမရှိ​တော့ဘူး။

အဲ့ဒီအစား ဒီဇာတ်ကားပေါ်မှာ ကျွန်​တော်က ဘယ်လိုအကျိုးသက်​ရောက်မှုရှိလဲ၊ တခြားဇာတ်​ကောင်​တွေ​ပေါ်မှာ ကျွန်​တော့်ဇာတ်​ကောင်က ဘယ်လိုသက်​ရောက်မှုရှိလဲဆိုတာနဲ့ ကျွန်​တော့်ရဲ့ စွမ်းအားကို ​ဖော်ပြနိုင်ပါမလားဆိုတာနဲ့ ပတ်သက်ပြီးပဲ စဉ်းစား​တော့တယ်” လို့ ရှင်းပြခဲ့ပါတယ်။

ဆက်လက်ပြီး ဇာတ်​ကောင်​တွေကို ​ရွေးချယ်တဲ့​နေရာမှာလည်း ဇာတ်ကားတစ်ခုလုံးက ​ပေးချင်တဲ့ message က သူ့အတွက် ပိုအ​ရေးကြီးလာတယ်လို့လည်း ​ပြောကြားခဲ့ပါတယ်။ “ကျွန်​တော် ရိုက်ကူးမယ့် ဇာတ်ကား​တွေကို ​ရွေးချယ်တဲ့အခါမှာလည်း အရင်က ကျွန်​တော် သရုပ်​ဆောင်ရမယ့် ဇာတ်​ကောင်ကိုပဲ ကြည့်ဖြစ်တယ်။

အခု​နောက်ပိုင်း​တော့ ဒီဇာတ်ကားက​နေတစ်ဆင့် ထုတ်လုပ်သူ​တွေက ဘာကို​ပြောချင်တာလဲဆိုတာနဲ့ သူတို့အ​နေနဲ့ ဘယ်လို​ဖြေရှင်းချက်ကို ​ဖော်ပြချင်တာလဲဆိုတာကို ပိုပြီးစိတ်ဝင်စားလာတယ်” ဆိုပြီး သူ့ရဲ့ ခံယူချက်ကို ​ပြောပြခဲ့ပါတယ်။

Gong Yoo က သူ့ရဲ့ သဘာဝဆန်တဲ့ပုံစံ​တွေကို ပြသရင်း လက်ရှိ နာမည်ကြီး​နေတဲ့ သူ့ရဲ့ YouTube ဗီဒီယို​တွေနဲ့ ပတ်သက်ပြီး​တော့လည်း အခုလိုပဲ​ပြောပြခဲ့ပါတယ်။ သူက “ဒီဗီဒီယို​တွေအတွက် ကျွန်​တော့်မှာ သတ်မှတ်ထားတဲ့ ပုံစံ​တွေ၊ ဇာတ်ညွှန်း​တွေ၊ စီမံချက်​တွေ ဘာမှမရှိဘူး။

မနက်​​ရောက်တာနဲ့ ကင်မရာကို ဖွင့်လိုက်ပြီး သမားရိုးကျပုံစံနဲ့ပဲ ရိုက်ကူးပါတယ်။ ကျွန်​တော် ဟန်​ဆောင်မှု​တွေမပါပဲ အရှိကိုအရှိအတိုင်း ချပြချင်တယ်” လို့ မျှ​ဝေခဲ့ပါတယ်။ Gong Yoo ရဲ့ ​​တကယ့်နေထိုင်မှုပုံစံ​အစစ်အမှန်​တွေကို ​အေဂျင်စီရဲ့ YouTube Channel ​ကတစ်ဆင့် ချပြလျက်ရှိပြီး ထိုဗီဒီယို​​တွေကို ကြည့်ရှုသူ သိန်းနဲ့ချီရှိ​နေတာ ဖြစ်ပါတယ်။

Source : Soompi
Photo : Marie Clarie, Instagram
Written : ZL