Celebrity News

ယုံကြည်ရတဲ့ အချစ်စစ်ဟာ တကယ်ရှိကြောင်း သက်သေပြနေတဲ့ ထိုင်းစုံတွဲများ (အပိုင်း ၁)

ထိုင်းအနုပညာလောကထဲမှာတော့ အနုပညာရှင်စုံတွဲတွေက တိုးများလို့လာပါတယ်။ ထပ်ချစ်ဖို့ကြောက်နေတဲ့ပရိသတ်ကြီးတွေ၊ အချစ်ကို ရှာမတွေ့သေးတဲ့ပရိသတ်တွေအတွက် ဒီလိုမျိုး သစ္စာတွေဖြင့် ဖွဲ့သီထားတဲ့ ချစ်ခြင်းတရားဟာ တကယ်ရှိကြောင်းပြသနေတဲ့ထိုင်းစုံတွဲတွေကိုကြည့်ရင်း အချစ်သစ်တွေမွေးဖွားလာနိုင်ပါတယ်။

Noi Busakorn & Ken Theeradeth

ဝါရင့်မင်းသားကြီး Ken Theeradeth ကတော့ သူ့ထက် (၇) နှစ်ကြီးတဲ့ချစ်ဇနီးဖြစ်သူ ပရိုဂျူဆာမင်းသမီး Noi Busakorn ကို သူမတူအောင် ချစ်ပြတတ်သူ‌ကြီးပါ။ ၂၀၀၇ မှာ လက်မထပ်ခင်ကတည်းက အချစ်တစ်ခုကို အကြာကြီးတည်ဆောက်ခဲ့ပြီး အခုဆိုရင် သားလေး (၂) ယောက်တောင် ရနေခဲ့ပါပြီ။ ဇနီးဖြစ်သူ Noi ကလည်း Ken ကို အမြဲနားလည်ပေးပြီး မင်းသားအလုပ်ကိုလည်း သဘောထားကြီးစွာနဲ့ နားလည်ပံ့ပိုးပေးတတ်ပါတယ်။

Now Tisanart & New Wongsakorn

Now Tisanart နဲ့ New Wongsakorn တို့ရဲ့ အချစ်ဇာတ်လမ်းလေးကတော့ ၂၀၁၃ တုန်းက ဇာတ်လမ်းမှာ အတူသရုပ်ဆောင်ရာမှ စတင်ခဲ့ပါတယ်။ အစပိုင်းကရင်းနှီးတဲ့မိတ်ဆွေတွေအဖြစ်သာ လူသိများပေမဲ့။ဇာတ်လမ်းရိုက်ပြီး တစ်နှစ်လောက်ကြာခါမှ New ဟာ Now ကို ချဉ်းကပ်ခဲ့ပြီး ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။ အချင်းချင်း စိတ်သဘောထားချင်းကိုက်ညီပြီး နားလည်မှုပေးနိုင်တာကြောင့် ယနေ့အချိန်အထိ ခိုင်မြဲတဲ့အချစ်ရေးကို ပိုင်ဆိုင်ထားပါတယ်။

Mark Prin & Kimmy Kimberley

အလှပဆုံး၊ အခမ်းနားဆုံး ချစ်သူစုံတွဲတွေထဲမှာ Mark Prin & Kimmy Kimberley ကို မေ့ထားလို့မရပါဘူး။ ၂၀၁၃ ခုနှစ်ကတည်းက လူသိရှင်ကြားတွဲလာခဲ့တဲ့ အတွဲဖြစ်ပြီး ၈ နှစ်ပြည့်တော့မယ့် အချစ်ခရီးလေးကို အတူဖြတ်သန်း‌နေကြဆဲပါပဲ။ ဝေဖန်မှုတွေ၊ အခက်အခဲမှန်သမျှ အားပေးဖေးမရင်း အတူတူရင်ဆိုင်ကျော်လွှားခဲ့ကြတဲ့ ဒီစုံတွဲရဲ့ ချစ်ခြင်းမေတ္တာဟာ လွန်စွာခိုင်မြဲလွန်းလှပါတယ်။ အခုချိန်ကတည်းက လက်ထပ်ဖို့အတွက် စုဆောင်းပြင်ဆင်နေကြတာမို့လို့ မကြာခင်မင်္ဂလာသတင်းကြားရဖို့ နားစွင့်နေကြပါတယ်။

Esther Supreeleela & Ken Phupoom

CH3 နဲ့လက်တွဲထားစဉ်က မောင်နှမတွေလို ရင်းနှီးချစ်ခင်ကြတဲ့ Ken နဲ့ Esther တို့ဟာ Esther တစ်ယောက် တခြားအေဂျင်စီဆီ ကူးပြောင်းသွားတဲ့အခါမှာပဲ နှစ်‌ယောက်သား အဆက်အသွယ်မပြတ်အောင် ချိတ်ဆက်နေရင်းက ချစ်ကျွမ်းဝင်သွားခဲ့ကြတာပါ။ အစပိုင်းမှာတော့ တိုးတိုးတိတ်တိတ်တွဲနေခဲ့ပေမဲ့ ၂၀၁၆ မှာ နှစ်ယောက်သားဓာတ်ပုံလေးတွေ ဖော်ထုတ်ခံလိုက်ရပြီးနောက် လူသိရှင်ကြားတွဲဖြစ်သွားကြပါတော့တယ်။ အားလပ်ချိန်တွေကို အတူဖြတ်သန်းရင်း အခုဆိုရင် coffee shop တစ်ခုကိုတောင် အတူတူဖွင့်ထားကြပါတယ်။

Nadech Kugimiya & Yaya Urassaya

(၁၀) နှစ်နီးပါးရှိတော့မယ့် ဒီစုံတွဲကတော့ ထိုင်းစုံတွဲတွေထဲမှာ အားအကျခံရဆုံးပါပဲ။ တက်သစ်စအနုပညာရှင်တွေအဖြစ်ကနေထိပ်တန်းသရုပ်ဆောင်တွေဖြစ်တဲ့အထိ နှစ်တွေအများကြီးကြာတာတောင် အချစ်တွေက လက်ဆတ်နေတုန်းပါပဲ။ လက်တလော Nadech က ဇိမ်ခံအပန်းဖြေအိမ်ကျယ်ကြီးကို ဆောက်လုပ်နေတာမို့လို့ နှစ်‌ယောက်သားလက်ထပ်ကြတော့မလားဆိုပြီး ခန့်မှန်းနေကြပါတယ်။

Push Puttichai & Jooy Warattaya

ဇာတ်လမ်းစုံတွဲကနေ အိမ်ထောင်ဖက်တွေဖြစ်သွားကြတဲ့ Push Puttichai နဲ့ Jooy Warrataya တို့ကတော့ ပရိသတ်တွေရဲ့ စံပြစုံတွဲပါပဲ။ မနဲ့မောင်စုံတွဲဖြစ်ပြီး ချစ်သူဘဝတုန်းက တော်တော်လေးဝေဖန်တိုက်ခိုက်ခံခဲ့ရပါသေးတယ်။ ဒါပေမဲ့ စစ်မှန်တဲ့ချစ်ခြင်းတရားဟာ တကယ်ရှိကြောင်း အိမ်ထောင်ပြုပြီး သက်သေထူလိုက်တာပါပဲ။

Source: Thaidaily
Photos: Thaidaily
Translated by Julix