Celebrity News

ထိုင်းနိုင်ငံရဲ့ ပုံရိပ်နဲ့ ယဉ်​ကျေးမှုကို မြှင့်တင်​ပေးတဲ့ Lisa ကို ​​ချီးကျူး​စကားဆိုခဲ့တဲ့ ထိုင်းဝန်ကြီးချုပ် Prayut

BLACKPINK အဖွဲ့ဝင် Lisa ဟာ ယခုလထဲမှာ solo artist အ​နေနဲ့ ပွဲဦးထွက်ခဲ့ပြီး ကမ္ဘာ့ဂီတ​လောကမှာ မှတ်တိုင်သစ်စိုက်ထူကာ ​​အောင်မြင်မှုများစွာကို ဆွတ်ခူးလျက်ရှိပါတယ်။ သူမရဲ့ ပွဲဦးထွက် album “LALISA” နဲ့ ပတ်သက်ပြီး K-Pop ပရိသတ်​တွေက အထင်ကြီး​လေးစား​နေသလို ထိုင်းနိုင်ငံက Lisa ပရိသတ်မဟုတ်တဲ့သူ​တွေ​တောင်မှ အမိ​မြေကို မ​မေ့တဲ့ Lisa ကို ချီးကျူးခဲ့ကြပါတယ်။ ဒါ့အပြင် Lisa ရဲ့ ဇာတိ​မြေ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်က​တောင် သူမရဲ့ ​အောင်မြင်မှုကို အသိအမှတ်ပြုခဲ့ပါတယ်။

YG Entertainment ရဲ့ သင်တန်းသူမဖြစ်ခင်က Lisa ဟာ ထိုင်းနိုင်ငံ၊ ဘူရီရမ်မြို့မှာ ​မွေးဖွားကြီးပြင်းခဲ့တာဖြစ်ပါတယ်။ ဒါ​ကြောင့် သူမဟာ “LALISA” သီချင်းရဲ့ music video ထဲမှာ ထိုင်းရိုးရာဂီတ၊ အဝတ်အစားနဲ့ အသုံးအ​ဆောင်​တွေကို ထည့်သွင်း​ဖော်ပြခဲ့ပြီး သူမရဲ့ဇာတိ​မြေက ပရိသတ်​တွေရဲ့ ချစ်ခြင်း​​မေတ္တာကို များစွာရရှိ​နေပါတယ်။

ယခုအပတ်အ​စောပိုင်းက ထုတ်​​ဝေတဲ့သတင်းစာတစ်ခုထဲမှာ ထိုင်းအစိုးရရဲ့ ​ပြော​ရေးဆိုခွင့်ရှိသူတစ်ဦးက ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha ဟာ Lisa ရဲ့ ပွဲဦးထွက်နဲ့ ပတ်သက်ပြီး အထင်ကြီး​လေးစား​နေ​ကြောင်း ​ပြောကြားခဲ့ပါတယ်။

​ပြော​ရေးဆိုခွင့်ရှိပုဂ္ဂိုလ် Thanakorn Wangboonkongchana က “LALISA” music video ဟာ ထိုင်းဝန်ကြီးချုပ် Prayut စဉ်းစားထားတဲ့ ထိုင်းနိုင်ငံရဲ့ စီးပွား​ရေးဖန်တီးမှုနဲ့ “soft power” အတွက် အကျိုးသက်​ရောက်မှုရှိ​နေတယ်လို့ ထုတ်​ဖော်​ပြောကြားခဲ့တာပါ။

Soft Power ဆိုတာက​​တော့ ​တောင်ကိုရီးယားရဲ့ Hallyu Wave လို ရိုးရာယဉ်​ကျေးမှု၊ အနုပညာ၊ အစားအစာစတာ​တွေနဲ့ တခြားနိုင်ငံကလူ​တွေကို ဆွဲ​ဆောင်နိုင်တာကို ဆိုလိုတာဖြစ်ပါတယ်။

ဆက်လက်ပြီး ပြော​ရေးဆိုခွင့်ရှိပုဂ္ဂိုလ်က Lisa လို အနုပညာရှင်​တွေက ထိုင်းယဉ်​ကျေးမှုကို နိုင်ငံတကာက သိအောင်လုပ်​ပေးခြင်းဖြင့် နိုင်ငံရဲ့ စီးပွား​ရေးတန်ဖိုးကို မြှင့်တင်နိုင်မယ်လို့ ​မျှော်လင့်ထားပါတယ်။

Lisa က သူမရဲ့ music video ထဲမှာ ထိုင်းလက်မှုပညာအချို့ကိူ ထည့်သွင်း​ဖော်ပြထားတဲ့အ​ပေါ်မှာလည်း ထိုင်းဝန်ကြီးချုပ် Prayut က ချီးကျူးခဲ့ပြီး ထိုင်းပြည်သူ​တွေရဲ့ ဖန်တီးမှုစွမ်းအား​တွေ တိုးတက်လာဖို့အတွက် ထိုင်းရိုးရာယဉ်​ကျေးမှု​တွေ အလျင်အမြန် ပြန့်ပွားဖို့ ​မျှော်လင့်​ကြောင်းလည်း ​ပြောကြားခဲ့တယ်လို့ သတင်းစာထဲမှာ​ ​ဖော်ပြထားပါတယ်။

ထိုင်းဝန်ကြီးက ထိုင်းလက်မှုပညာ၊ ကုန်ထုတ်လုပ်​ရေးနဲ့ ဖက်ရှင်ဒီဇိုင်း​ကဏ္ဍ​တွေဟာ ပိုပြီးတိုးတက်လာမယ်လို့ ယုံကြည်​ကြောင်းလည်း ​ပြောထားပါတယ်။ “LALISA” သီချင်း​​ကြောင့် ထိုင်းဝတ်စုံနဲ့ လက်မှုပစ္စည်း​တွေအ​​ပေါ် စိတ်ဝင်စားမှု​တွေတိုးလာပြီး ဒီအရာ​တွေနဲ့ပတ်သက်တဲ့ ​စျေးကွက်​တွေဟာလည်း ကျယ်ပြန့်လာဖို့ ရှိ​နေပါတယ်။

ဒါ​​တွေအားလုံးဟာ ထိုင်းနိုင်ငံရဲ့ စီးပွား​ရေးဖန်တီးမှုကို တိုးတက်​အောင် လုပ်ချင်​နေတဲ့ ထိုင်းအစိုးရရဲ့ဆန္ဒနဲ့ ဆက်နွယ်မှုရှိ​နေပါတယ်။ အနာဂတ်မှာ ထိုင်းအစားအစာ၊ ရုပ်ရှင်၊ ဖက်ရှင်၊ ထိုင်းလက်​ဝှေ့နဲ့ ထိုင်းလူ​နေမှုပုံစံ​တွေကလည်း ယဉ်​ကျေးမှုဆိုင်ရာ ပို့ကုန်ဖြစ်လာလိမ့်မယ်လို့ ပြော​ရေးဆိုခွင့်ရှိပုဂ္ဂိုလ် Thanakorn Wangboonkongchana ကဆိုပါတယ်။

ထိုင်းအစိုးရရဲ့ ​ပြောကြားချက်ကို ကြားသိပြီး​နောက်မှာ​တော့ ထိုင်း netizen ​တွေဟာ ကိုရီးယားနဲ့ ဂျပန်လိုပဲ ယဉ်က​ေျးမှုပြန့်ပွားနိုင်ဖို့ ​မျှော်လင့်​ကြောင်း ​ပြောဆိုခဲ့ကြပြီး ထိုင်းအစိုးရက Lisa ကို ပိုပြီးအား​ပေး​ထောက်ပံ့သင့်​ကြောင်း ​ပြောဆိုခဲ့ကြပါတယ်။

Source : Koreaboo
Photo : Instagram
Written : ZL