Celebrity News

သူ့ကိုယ်သူ အရည်အချင်းမရှိဘူးလို့ ယုံကြည်နေတဲ့ ဘက်စုံထူးချွန်ဘုရင်မလေး IU

Kpop လောကထဲမှာ အဖွဲ့သစ်တွေ အလျှိုလျှိုထွက်နေတဲ့အထဲမှာ တကိုယ်တော်အဆိုရှင်အဖြစ် ရပ်တည်ဖို့ဆိုတာ တော်တော်ကြီးမားတဲ့စွန့်စားမှုတစ်ခုပါပဲ။ ဟိုးအရင်ကတည်းက ပွဲဦးထွက်ခဲ့တဲ့ တချို့ Soloist တွေဆိုရင် အဖွဲ့သစ်တွေကြားမှာ ပျောက်ကွယ်လုနီးနီးဖြစ်ကုန်ကြပါပြီ။

ဒါပေမဲ့ တကိုယ်တော်အဆိုရှင်အဖြစ်ပွဲဦးထွက်ခဲ့တာ ၁၃ နှစ်ကြာခဲ့ပြီဖြစ်တဲ့ IU ကတော့ ယနေ့အချိန်အထိတိုင်အောင် ဂုဏ်သတင်းမွှေးပျံ့ပြီး အောင်မြင်နေဆဲပဲဖြစ်ပါတယ်။ IU ကတော့ ကဏ္ဍပေါင်းစုံမှာ တက်မြောက်ကျွမ်းကျင်သူလေးဖြစ်ကြောင်းအားလုံးသိရှိပြီးသားပါ။

ဆုပေါင်းများစွာအနိုင်ရရှိထားတဲ့ Soloist တစ်ဦးဖြစ်သလို သရုပ်ဆောင်မင်းသမီးတစ်ဦးအဖြစ်လည်း တော်တော်နာမည်ကြီးသူလေးပါ။ သီချင်းကောင်းတွေ ရေးစပ်ဖန်တီးနိုင်တဲ့အပြင် ဂစ်တာ။ စန္ဒရား၊ ပလွေနဲ့ ဒရမ်.. အစရှိတဲ့ တူရီယာပစ္စည်းတွေကိုပါ တီးခတ်တတ်ပြန်ပါသေးတယ်။

ဒီလိုမျိုး အရည်အချင်းအပြည့်ရှိတဲ့ ဘက်စုံ‌ထူးချွန်ဘုရင်မလေး IU ကတော့ သူ့ကိုယ်သူ အရည်အချင်းမရှိဘူးလို့ ယုံကြည်နေခဲ့ကြောင်းကို သူ့ရဲ့ YouTube channel အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။

K-Pop idol နဲ့ သရုပ်ဆောင်မဟုတ်ဘဲ ကိုယ့်ကိုကိုယ် လူသားတစ်ယောက်အနေနဲ့ ဘယ်လိုထင်မြင်လဲလို့မေးတဲ့အခါမှာ အခုလို ဖြေခဲ့တာပါ။ “ငါက ကိုယ့်ကိုကိုယ်အရည်အချင်းမရှိဘူးလို့ ထင်မိတယ်။

အနုပညာဖန်တီးမှုတွေနဲ့ ပန်းကန်ဆေးတာကလွဲရင် ကျန်တာ ဘယ်မှာမှမတော်ဘူး။ ဘာလို့လဲဆိုတော့ ဘဝကြီးနဲ့ပတ်သက်ပြီး ဘာမှ အတွေ့အကြုံမရှိသလို ဘာမှလုပ်ခဲ့ရတာမျိုးမရှိဘူးလေ” ဆိုပြီး သူ့ကိုယ်သူထင်မြင်ချက်ကို ပြောချခဲ့ပါတော့တယ်။

IU က သူ့ကိုယ်သူယုံနေတဲ့ အရည်အချင်းမရှိဘူးဆိုတဲ့အချက်ကိုတော့ ပရိသတ်တွေ ဘယ်သူကမှ လက်မခံနိုင်ပါဘူးနော်။ ဘယ်ဟာမဆို ကြိုးစားပြီးလုပ်လိုက်တာနဲ့ အလွယ်တကယ်တတ်မြောက်တဲ့ကောင်မလေးဖြစ်တာကြောင့် IU က အားလုံးရဲ့စံပြတောင် ဖြစ်နေတာပါပဲ။

Source: Koreaboo
Photos: Naver
Translated by Julix