Celebrity News

Netflix က စီစဉ်တဲ့ တကမ္ဘာလုံးဆိုင်ရာ Fan Event ပွဲအတွက် MC လုပ်သွားမဲ့ EXO အဖွဲ့ဝင် Kai

ဇာတ်ကားကောင်းတွေ ထွက်လေ့ရှိတဲ့ Netflix ဟာ Korean Entertainment ဘက်မှာ လည်း million နဲ့ ချီ ရင်းနှီးမြုပ်နှံထားပါတယ်။ ဒီနှစ်ဆို korean show တွေ movie တွေ series တွေ အတွက် dollar ပေါင်း 500 million တောင် သုံးထားပါတယ်တဲ့။ ခုလို ရင်းနှီးထားတာထက် ပိုမြတ်တဲ့ အမြတ်ငွေတွေပြန်ရတာဟာလည်း K culture ဟာ ကမ္ဘာနဲ့ချီ ပျံ့နှံ့နေပြီ မို့လို့ပါ။

Netflix ဟာ ဒီနှစ်ရဲ့ Global Fan Event ကို စီစဉ်ထားပြီး ဒီနှစ်မှာတော့ ထူးခြားစွာနဲ့ Superjunior အဖွဲ့ဝင် Heechul နဲ့ EXO အဖွဲ့ဝင် Kai တို့ကို ပွဲမှာ MC လုပ်ပေးဖို့ ကမ်းလှမ်းထားပါတယ်။ Heechul ဟာ Netflix က ရိုက်ကူးတဲ့ Men on a mission( Knowing Bro) show က ပင်တိုင် cast ဖြစ်တာကြောင့် ကမ်းလှမ်းထားတာဖြစ်ပြီး Kai ကတော့ ခုတလော global impact ကြီးမားနေလို့ ဖြစ်ပါတယ်။

ပွဲရဲ့ name ကတော့ TUDUM ဖြစ်ပြီး ပွဲမှာ global နဲ့ချီကျော်ကြားတဲ့ အနုပညာရှင်တွေလည်းပါမှာပါ။ Korea မင်းသားတွေဖြစ်တဲ့ Jung Hae In နဲ့ Song Kang တို့လည်း ပါ ပါတယ်။ ဒီပွဲကို September 25 ရက်နေ့ မြန်မာစံတော်ချိန် ည၇နာရီခွဲမှာ Netflix ရဲ့ official YouTube channel မှာ တိုက်ရိုက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Source: Netflix Twitter
Written: Violet