Celebrity News

အော်စကာဆုရှင်မင်းသမီးကြီး Youn Yuh Jung နဲ့အတူ ရုပ်ရှင်ကားကြီးတစ်ခုကို ရိုက်ကူးသွားမယ့် Kim Seon Ho

စက်တင်ဘာလ ၂၀ ရက်​နေ့မှာ Star News မီဒီယာက ထုတ်ပြန်လိုက်တဲ့သတင်းအရ မင်းသား Kim Seon Ho ဟာ “Dog Days” ဆိုတဲ့ ရုပ်ရှင်ကားသစ်မှာ ပါဝင်သရုပ်​ဆောင်သွားဖို့ အတည်ပြုလိုက်ပြီလို့ သိရှိရပါတယ်။

“Start-Up” နဲ့ “Hometown Cha Cha Cha” ဇာတ်လမ်းတွဲ​တွေ လက်ရှိမှာ ပရိသတ်​တွေရဲ့ အချစ်ကို လက်ခံရရှိ​နေတဲ့ မင်းသား Kim Seon Ho အပြင် ဒီဇာတ်ကားထဲမှာ မင်းသမီး Kim Yun Jin, ​အော်စကာဆုရှင် မင်းသမီးကြီး Youn Yuh Jung တို့လည်း ပါဝင်မှာဖြစ်ပါတယ်။

လက်ရှိမှာ ဒီနာမည်ကြီး သရုပ်​ဆောင် ၃ ​ယောက်ဟာ ရုပ်ရှင်ရိုက်ကူး​​ရေးနဲ့ ပတ်သက်တဲ့ အ​သေးစိတ်အချက်အလက်တွေကို ​ဆွေး​နွေး​နေပါတယ်။ “Dog Days” ရုပ်ရှင်ကားဟာ ​သူတို့ရဲ့ အချစ်​တော် အိမ်​မွေးတိရစ္ဆာန်​လေး​တွေနဲ့အတူ ကြီးပြင်းလာပြီး ဘဝကို ရှင်သန်​နေထိုင်ကြတဲ့ လူတန်းစားအလွှာအသီးသီးက လူ​တွေအ​ကြောင်းကို ပုံ​ဖော်သွားမှာဖြစ်ပါတယ်။

မင်းသမီး Youn Yuh Jung နဲ့ Kim Yun Jin တို့ဟာ ဒီဇာတ်ကားကို တာဝန်ယူရိုက်ကူးသွားမယ့် ဒါရိုက်တာနဲ့ JK Film ထုတ်လုပ်​ရေးကုမ္ပဏီတို့​ပေါ်မှာ ယုံကြည်မှုရှိတာ​ကြောင့် ဒီဇာတ်ကားကို လက်ခံခဲ့တာဖြစ်တယ်လို့လည်း Star News က ​​ရေးသားဖော်ပြထားပါတယ်။

ဒီ “Dog Days” ဇာတ်ကားကြီး​ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (သို့) ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ စတင်ရိုက်ကူးဖို့ စီစဉ်ထားပါတယ်။ ဒီရုပ်ရှင်ဟာ Kim Seon Ho ရဲ့ အနုပညာခရီးမှာ မှတ်​ကျောက်တင်နိုင်တဲ့ ဇာတ်ကားတစ်ကားဖြစ်လာမှာဖြစ်ပါတယ်။ Kim Seon Ho ဟာ ဒီဇာတ်ကားအပြင် “Sad Tropics” နဲ့ “2 O’Clock Date” စတဲ့ ဇာတ်ကား ၂ ကားကိုလည်း ရိုက်ကူးဖို့ လက်ခံထားပါ​သေးတယ်။

Source : Kdramastars
Photo : Pinterest
Written : ZL