Celebrity News

အသစ်ထွက်လာမယ့် Bromance ဇာတ်လမ်းများနဲ့ ပြောင်းလဲသွားနိုင်ချေရှိတဲ့ ဇာတ်ညွှန်းများ

BL ကားမျိုးကို လုံးဝတားမြစ်ထားတဲ့ ပြည်မကြီးမှာတော့ နောက်ပိုင်းရိုက်ကူးလာခဲ့တဲ့ Bromance ကားတွေဟာ ကမ္ဘာအနှံ့ ကြည့်ရှုသူများပြီး အများအကြိုက်တွေ့စေခဲ့တဲ့အချက်ကို လက်ခံရပါလိမ့်မယ်။ အနုပညာလောကအတွက် ပိုမိုတင်းကြပ်လာတဲ့ ဥပဒေတွေကြောင့် အသစ်ထွက်လာတော့မယ့် Bromance ကားတွေကို Boycott ခံရမလားဆိုပြီး အကြပ်ရိုက်နေကြပါတယ်။

အပင်ပန်းခံပြီးရိုက်ကူးထားကြတာကြောင့် မပြသဘဲ ပိတ်ခံရတာထက်စာရင် ဇာတ်ညွှန်းပြောင်းလဲပြီး ပြသနိုင်ချေများနေကြောင်း အင်တာနက်တခွင်မှာလည်း လူပြောများနေပါတယ်။ ထွက်လာဖို့သတင်းမွှေးနေတဲ့ Immortality ဇာတ်လမ်းကတော့ အရင်ကတည်းက Luo Yunxi နဲ့ Chen Feiyu တို့ရဲ့ သရုပ်ဆောင်ချက်တွေကိုကြည့်ရဖို့ အားခဲထားကြတာပါ။

ပြသခွင့်ရဖို့အတွက် Immortality ဇာတ်ညွှန်းပိုင်းကို အများကြီး ပြင်ဆင်တည်းဖြတ်လိုက်ပြီး Chen Feiyu နဲ့ ဇာတ်ရံမင်းသမီး Chen Yao ကြားက ပတ်သက်မှုပိုင်းကို ပိုပိုသာသာဖြစ်အောင် ထည့်နိုင်ချေရှိကြောင်း သတင်းမွှေးနေပါတယ်။

Jing Boran နဲ့ Song Weilong တို့ရဲ့ဇာတ်လမ်းဖြစ်တဲ့ “A Legue of Nobleman” ဇာတ်လမ်းကတော့ ပြသခွင့်လိုင်စင်ရဖို့အတွက် မကြာသေးခင်ကမှ စိစစ်တည်းဖြတ်ထားဆဲပါ။ မူလကတည်းက အားလုံးမျှော်နေကြတဲ့ Bromance ဇာတ်လမ်းမျိုးမဟုတ်ဘဲ အဓိကဇာတ်လိုက်မင်းသားနှစ်ယောက်ရဲ့ စုံထောက်ဇာတ်လမ်းမျိုးဖြစ်ကြောင်း ကြေညာပြီးသားဖြစ်တာကြောင့် မူရင်းဝတ္ထုနဲ့တော်တော်ကွာခြားပြီး ဇာတ်လိုက်ကောင်‌လေးနှစ်ယောက်ကြားက ဇာတ်ညွန်းပိုင်းကတော့ တော်တော်ပြောင်းလဲသွားတယ်လို့ ဆိုပါတယ်။

Zhang Xincheng နဲ့ Fu Xinbo တို့ရဲ့ Bromance ဇာတ်လမ်းအဖြစ်သတင်းမွှေးနေတဲ့ “Silent Reading” ကတော့ အမှုတွေကိုစုံစမ်းဖော်ထုတ်တဲ့ စုံထောက်ဇာတ်လမ်းအဖြစ် ပြောင်းလဲသွားပြီး အဓိကမင်းသားနှစ်ယောက်ကြားက မထိတထိအကြင်နာစကားပြောခန်းတွေက မပါသလောက် နည်းသွားပြီလို့ သတင်းတွေထွက်နေပါတော့တယ်။

အားလုံးမျှော်နေကြတဲ့ Zhai Xiaowen နဲ့ Zhang Linghe တို့ရဲ့ “Heaven Officials Blessing” ကတော့ လက်တလော ဇာတ်လမ်းရိုက်ကူးနေဆဲဖြစ်ပြီး ပြသဖို့မသေချာတဲ့ဇာတ်လမ်းအနာဂတ်အတွက် ဘာလို့များဆက်လက်ရိုက်ကူးနေလဲ ဆိုပြီး ဝေဖန်သံတွေပါ ထွက်ရှိနေပါတယ်။

ထွက်ရှိနေတဲ့သတင်းတွေအရ ဇာတ်လိုက်မင်းသား ၂ ယောက်ကြားက trying to weaken the “CP line” တွေကို နည်းသွားအောင်ပြင်ဆင်နေပြီး အမျိုးသမီးသရုပ်ဆောင်နဲ့အပိုင်းတွေကို ပိုပြီးထည့်ဖို့ ဆွေးနွေးနေတယ်လို့ဆိုပါတယ်။

အတိအကျထုတ်ပြန်မှုမျိုးထွက်မလာသေးပေမဲ့ ခန့်မှန်းလို့မရတဲ့ အာဏာပိုင်တွေရဲ့ဆုံးဖြတ်ချက်တွေကြောင့် ပရိသတ်တွေကြားမှာ ရုတ်ရုတ်သဲသဲဖြစ်နေပါတော့တယ်။ အကယ်၍ ဒီလိုဇာတ်ညွှန်းပြောင်းလဲခြင်းနဲ့သာထွက်ရှိလာမယ်ဆိုရင်လည်း အားပေးကြည့်ရှုကြဦးမယ်လို့ ထင်မိပါတယ်။

Source: ChinaDaily
Photos: Weibo
Translated by Julix