Celebrity News

ကြည့်ရဆိုးတဲ့ဆံပင်ပုံစံကို ထပ်မညှပ်ဖို့ Liu Yifei အား တောင်းဆိုနေကြတဲ့ပရိသတ်များ

ပျိုမျစ်ခြင်းအလှတရားပိုင်ရှင်လို့ တင်စားရသူလေး Liu Yifei ကတော့ ဟောလီးဝုဒ်အထိခြေဆန့်နိုင်တဲ့ ကမ္ဘာ့အသိအမှတ်ပြု မင်းသမီးလေးတစ်ဦးပါ။ တုနှိုင်းမဲ့တဲ့သဘာဝအလှမျိုးနဲ့ ပြီးပြည့်စုံတဲ့အရည်အချင်းတို့ကိုပါ ပိုင်ဆိုင်ထားတာကြောင့် ချီးကျူးအတုယူသူတွေ ပေါများလှပါတယ်။ Liu Yifei ရဲ့ ခမ်းနားထည်ဝါမှုကတော့ ပွဲအခမ်းအနားတွေတက်တဲ့အခါမှာ ပိုမိုမြင်သာထင်ရှားစေပါ‌တယ်။

တစ်ခါကတော့ ပွဲတက်ဖို့အတွက် သူမပြင်ဆင်လာခဲ့တဲ့ ဆံပင်ပုံစံတစ်ခုဟာ ပရိသတ်တွေ‌ တော်တော်လေး ဝေဖန်ခဲ့ကြဖူးပြီး ထိုအချိန်ကပုံတွေက တဖန်ခေတ်ထလာပြန်ပြီး Liu Yifei အား နောက်တစ်ခေါက် ဆံပင်မညှပ်လိုက်ဖို့ တောင်းဆိုခဲ့ကြပါတော့တယ်။

Liu Yifei ကို မြင်တွေ့နေကျပုံစံမျိုးသာ ဆံပင်ရှည်ရှည် နုဖတ်နေတဲ့အသွင်အပြင်နဲ့ မိုးပေါ်က သက်ဆင်းလာတဲ့ နတ်သမီးလေးတစ်ပါးလို ပုံစံမျိုးပါ။ အခုပုံတွေထဲမှာတော့ ဆံပင်ကို တကယ့်တိုတိုလေးဖြစ်အောင် ညှပ်လိုက်ပြီး ရိုးရှင်းနေတဲ့ပုံစံဟာ သူမရဲ့ မူလပုံရိပ်နဲ့ မလိုက်ဖက်တာကြောင့် အများကြီးဝေဖန်ခံခဲ့ရပါတယ်။

အတိတ်ကတည်းက ပြီးဆုံးသွားပြီးဖြစ်ပေမဲ့ အခုချိန်မှာ ဒီပုံတွေက ပရိသတ်တွေကြား ပြန်ထွက်လာခဲ့ပြီး တိုနှန့်နှန့်ဆံပင်မျိုးဟာ သူမနဲ့ကြည့်ရဆိုးတယ်ဆိုပြီး နောက်တစ်ခေါက် မညှပ်ဖို့ ကြိုတင်အကြံပြုနေကြပါတော့တယ်။

Yifei ဟာ အနုပညာရှင်တစ်ဦးဖြစ်နေတာကြောင့် ပရိသတ်တွေရဲ့ မျက်စိဒေါက်ထောက်ပြီး စောင့်ကြည့်ခံနေရသလို ဝေဖန်တိုက်ခိုက်မှုတွေကိုလည်း များစွာသည်းခံခဲ့ရတာပါ။ ဒီတစ်ခါမှာလည်း ပြီးဆုံးပြီးသား ဆံပင်တိုကိစ္စက ပြန်လည်အစပေါ်လာခဲ့ပြီး လူပြောများနေခဲ့ပြန်ပါတော့တယ်။

Source: whatstoday
Photos: Weibo
Transfer by Julix