Celebrity News

Mike နဲ့ (၇) နှစ်တာအချစ်ရေးကို အဆုံးသတ်ခဲ့ရတဲ့အကြောင်းအရင်းအား ဖွင့်ဟခဲ့သူ Pooklook

Pooklook Fonthip နဲ့ Mike Pattaradet တို့ကတော့ ထိုင်းနိုင်ငံရဲ့အလှပဆုံးစုံတွဲလေးအဖြစ် သတ်မှတ်ခံထားရသူပါ။ နာမည်ကြီးမင်းသားတစ်ဦးနဲ့ Miss Universe Thailand 2010 ဖြစ်သူ မင်းသမီးတို့ကြားက (၇) နှစ်အချစ်ရေး အဆုံးသတ်သွားချိန်မှာတော့ တော်တော်လေး လန့်သွားခဲ့ကြပါတော့တယ်။

Pooklook နဲ့ Mike ဟာ CH7 ရဲ့ နာမည်ကြီးစုံတွဲဖြစ်ပြီး ၂၀၁၉ တုန်းကမှ သူတို့နှစ်ယောက်တွဲနေတာ (၅) နှစ်လောက်ရှိပြီဖြစ်ကြောင်းကို တရားဝင်ချပြခဲ့တာပါ။ Pooklook ကဆိုရင် Mike ကို သိခွင့်ရတာဟာ သူမဘဝအတွက် ပျော်ရွှင်မှုနဲ့ ကံကောင်းခြင်းတစ်ခုဖြစ်ကြောင်းတောင် ‌ဖွင့်ဟပြောဆိုခဲ့တဲ့အထိပါပဲ။

ဇာတ်လမ်းတွေလည်း အတူရိုက်ကူးဖူးတာကြောင့် ဒီစုံတွဲကို ပရိသတ်တွေက တော်တော်လေးသဘောတူခဲ့ကြပါတယ်။ ၂၀၂၁ ဩဂုတ်လမှာတော့ Pooklook ဟာ Woody Show ကို တက်ရောက်ရင်း သူတို့ရဲ့ (၇) နှစ်ကြာ အချစ်ဇာတ်လမ်းကို အဆုံးသတ်ရတဲ့အကြောင်းအရင်းအား ထုတ်ပြောပြခဲ့ပါတယ်။

“အဖြစ်အပျက်တွေအားလုံးက ကျွန်မတို့ (၂) ယောက်စလုံးရဲ့အမှားတွေပါပဲ။ ချစ်သူစုံတွဲတွေဆိုပေမဲ့ နှစ်ယောက်ကြားမှာ ထပ်တူကြတဲ့ရင်ခုန်သံတွေ မရှိကြတော့ပါဘူး။ အထူးသဖြင့် ကျွန်မရဲ့အမေ နေမကောင်းဖြစ်နေတဲ့အချိန်မှာ ကျွန်မဘဝကြီးက ကပြောင်းကပြန်ပါပဲ။

ဒီအချိန်မှာသိလိုက်ရတာက ကျွန်မတို့ အတူရှိလေလေ, ဘယ်လိုမှထပ်တူမကျတော့တဲ့ ဘဝနေထိုင်ပုံနဲ့ ခံစားချက်တွေက ပေါ်လွင်လာလေပါပဲ။ ဒါ့ကြောင့်ပဲ ဒီအချစ်ကိုအဆုံးသတ်ဖို့ ကျွန်မဖက်က စပြီး လမ်းခွဲခဲ့တာပါ။

ဒါပေမဲ့ အကောင်းဆုံးမိတ်ဆွေတွေအဖြစ် အချင်းချင်းအားပေးနေကြဦးမှာပဲ။ ကျန်တာကတော့ မပျော်ရွှင်ရတဲ့အချစ်ရေးကို ရပ်တန်ပစ်လိုက်တဲ့ သဘောပါပဲ” ဆိုပြီး ပြောပြရင်း Pooklook ခမျာ မျက်ရည်တွေတောင် မထိန်းနိုင်ခဲ့ရှာပါဘူး။

ရုတ်တရက်ဆိုတော့ ဒီသတင်းက MC Woody ကိုတောင် လန့်သွားစေခဲ့တာပါ။ သူ့ရဲ့ Instagram မှာတောင် Pooklook နဲ့ Mike အတွက် စဉ်းစားကာရေးသားခဲ့ပါသေးတယ်။ “Pooklook က သူမရဲ့မိသားစုကို တအားချစ်တဲ့အပြင် သူမကိုယ်သူမထက်တောင် တဖက်လူအတွက် ‌ဖြည့်တွေးပေးတတ်သူလေးပါ။

ငါသူ့ကို ကိုယ်ချင်းစာပါတယ်။ Pooklook ဆိုတာ သူမ, မလုပ်နိုင်လောက်တဲ့အရာတွေကိုတောင် ရအောင် လုပ်ဆောင်နိုင်တဲ့သူပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ပျော်ရွှင်တဲ့ဘဝတွေကို ဖန်တီးနိုင်ပါစေ။ နှစ်ယောက်လုံးကို ချစ်တယ်” ဆိုပြီး အားပေးခဲ့ရှာပါသေးတယ်။

(၇) နှစ်ကျော်ကြာ ချစ်ခဲ့ပြီးခါမှ လမ်းခွဲလိုက်ကြတဲ့ Pooklook Fonthip နဲ့ Mike Pattaradet တို့ရဲ့ အချစ်ဇာတ်လမ်းလေးကတော့ ပြန်တွေးတိုင်း တသသပါပဲ။ အဆင်မပြေနိုင်တော့တဲ့ အချစ်ရေးကို တခန်းရပ်လိုက်ကြပြီး ကောင်းသောအမှတ်တရတွေပဲ သိမ်းဆည်းချင်တာကြောင့် မိတ်ဆွေတွေအဖြစ်သာ ရှေ့ဆက်ဖို့ရွေးချယ်ခဲ့တဲ့ Mike နဲ့ Pooklook တို့လည်း ပျော်ရွှင်မှုနဲ့အောင်မြင်မှုတွေ ရရှိနိုင်ပါစေ။

Source: Thaidaily
Photos: Thaidaily
Translated by Julix