Celebrity News

သူသာ စစ်မှုထမ်းရမယ်ဆိုရင် member ၆ ​ယောက်နဲ့ လှုပ်ရှားမှု​တွေ ဆက်လုပ်​​​စေချင်တယ်ဆိုတဲ့ Jin

တောင်ကိုရီးယားနိုင်ငံမှာ အသက် ၁၈ နှစ်က​နေ ၂၈ နှစ်အတွင်း ​ယောကျ်ား​လေး​တွေမှန်သမျှ တစ်နှစ်ခွဲခန့် စစ်မှုထမ်းတာဝန်ထမ်း​ဆောင်ရတာကို အားလုံးသိပြီးသားဖြစ်မှာပါ။ ကျန်းမာ​ရေးကိစ္စနဲ့ အခြားသောအ​ကြောင်းအရာ​တွေ​ကြောင့် အစိုးရက တချို့သူ​တွေကို ခြွင်းချက်​ပေးတာမျိုးလည်းရှိပါတယ်။

ဒါ​ပေမဲ့ BTS အဖွဲ့ရဲ့ စစ်မှုထမ်းတာဝန်ထမ်း​ဆောင်ဖို့ကိစ္စက​တော့ အခုချိန်ထိ ပ​ဟေဠိတစ်ခုအဖြစ် ရှိ​နေဆဲဖြစ်ပါတယ်။ ဘာ​ကြောင့်လဲဆို​​တော့ BTS အဖွဲ့ဟာ နိုင်ငံ​ရဲ့ ယဉ်​ကျေးမှု၊ စီးပွား​ရေးနဲ့ လူမှု​ရေးကဏ္ဍ​တွေအ​ပေါ်မှာ အများကြီးအကျိုးသက်​ရောက်မှုရှိ​နေပြီး သမ္မတက အထူးသံတမန်အဖြစ် ခန့်အပ်ခြင်း ခံထားရသူ​တွေဖြစ်ပါတယ်။

ဒါ​ကြောင့် ပြီးခဲ့တဲ့နှစ်က BTS ရဲ့ စစ်မှုထမ်းတာဝန်ကို အသက် ၃၀ အထိ​ရွှေ့ဆိုင်း​ဖို့ လွှတ်​တော်က ဆုံးဖြတ်ချက်ချခဲ့​ပေမဲ့ စစ်မှုထမ်းတာဝန်က​နေ လုံးဝကင်းလွတ်ခွင့်ရ​တာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ “Butter” သီချင်းမထွက်ရှိမီက ပြုလုပ်ခဲ့တဲ့ Rolling Stone နဲ့ အင်တာဗျူးမှာ Jin က အခုလိုပဲ​ပြောကြားခဲ့ပါတယ်။

“စစ်မှုထမ်းတာဟာ နိုင်ငံအတွက် အ​ရေးပါတဲ့ တာဝန်တစ်ခုဖြစ်ပြီး နိုင်ငံ​တော်က ကျွန်​တော်တို့ရဲ့ စွမ်း​ဆောင်မှု​ကြောင့် အချိန်နည်းနည်းပို​ပေးထားတဲ့ သ​ဘောပါပဲ” လို့ သူ့ရဲ့အမြင်ကို ​ပြောပြခဲ့ပါတယ်။

ဒါ့အပြင် Jin က အဖွဲ့ထဲမှာ အသက်အကြီးဆုံးဖြစ်ပြီး လာမယ့် ဒီဇင်ဘာလဆိုရင် အသက် ၂၉ နှစ်ပြည့်​တော့မှာမို့ အကယ်၍သာ စစ်မှုထမ်းတာဝန်ထမ်း​ဆောင်ရမယ်ဆိုရင် Jin က အရင်ဆုံးသွားရမယ့် အဖွဲ့ဝင်ဖြစ်ပါတယ်။

Jin က သူမရှိပဲနဲ့လည်း အဖွဲ့ကို ၆ ​ယောက်အ​နေနဲ့ လှုပ်ရှားမှု​တွေ ဆက်လုပ်ဖို့ ကြည်ဖြူစွာ လက်ခံပြီး ဒီဆုံးဖြတ်ချက်ဟာ တခြားအဖွဲ့ဝင်​တွေ​ပေါ်မှာပဲ မူတည်ပါတယ်လို့လည်း ​ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး သူက “တခြားအဖွဲ့ဝင်​တွေက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်မယ်လို့ ကျွန်​တော်ထင်တယ်။

သိတဲ့အတိုင်းပဲ ဒီလိုကိစ္စမျိုးမှာ ကျွန်​တော်က သူတို့ကို ဘယ်လိုလုပ်ပါဆိုပြီး ​ပြောလို့မရဘူး​လေ” လို့ဆိုပါတယ်။ “အကယ်လို့သာ အဖွဲ့ဝင် ၆ ​ယောက်နဲ့ လှုပ်ရှားမှု​တွေဆက်လုပ်ဖြစ်မယ်ဆိုရင် ဝမ်းနည်းမိမှာဆို​ပေမဲ့ အင်တာနက်က​နေ သူတို့ကို​စောင့်ကြည့်ပြီး အား​ပေး​နေမှာပါ” ဆိုပြီး​တော့လည်း သူ့ရဲ့ ခံစားချက်ကို မျှ​ဝေခဲ့ပါတယ်။

BTS အဖွဲ့ဝင်​တွေအ​နေနဲ့က​တော့ တိုင်းပြည်က​ပေးအပ်တဲ့ တာဝန်တိုင်းကို ထမ်းရွက်ဖို့ အသင့်ရှိ​နေပြီး ​တောင်ကိုရီးယား အစိုးရကလည်း ဒီကိစ္စကို ​​​လေးလေးနက်နက် စဉ်းစား​နေတာ​ကြောင့် အစိုးရအ​နေနဲ့လည်း ​နောက်ဆုံးမှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချနိုင်လိမ့်မယ်လို့ ​မျှော်လင့်ပါတယ်။

Source : Life of KPOP
Photo : Instagram, Pinterest
Written : ZL