Celebrity News

Netflix က ရိုက်တဲ့ Korean Variety show မှာ ပါဝင်အုံးမဲ့ EXO အဖွဲ့ဝင် Kai

Netflix ဟာ Korea Entertainment ဘက်မှာ တော်တော်ရင်းနှီးမြှပ်နှံထားပြီး K drama series , K movie အကုန်ရိုက်ပါတယ်။ ဒါ့အပြင် K variety show တွေလည်းရိုက်ပါတယ်။ ဥပမာပြောရရင်တော့ 2018 ခုနှစ်က စ ရိုက်ခဲ့တဲ့ Busted show ပါ။

စုံထောက် storyline သွားပြီး မင်းသား Lee Seung Gi, Yoo Jae-suk ,Ahn Jae-wook,Kim Jong-min ,Lee Kwang soo , မင်းသမီး Park Min-young , Kpop Idol တွေ ဖြစ်တဲ့ Oh Se-hun နဲ့ Kim Se-jeon တို့ပါဝင်ပါတယ်။ ဒီ “busted” Variety show ဟာ season 1 နဲ့တင် ဝက်ဝက်ကွဲအားပေးကြလို့ season 3 ထိစီစဉ်ပြီး 2020 ထိ ဆက်တိုက်ရိုက်ခဲ့ရပါတယ်။

Netflix ဟာ Korean Variety show ရိုက်လည်း အောင်မြင်တာကို သိသွားတဲ့အတွက် ခု 2021 ခုနှစ်မှာ Variety show အသစ်ရိုက်ဖို့ စီစဉ်နေပါတယ်။ “From The New World” လို့ နာမည်ပေးထားပြီး Korea အသံလွှင့်ဌာနဖြစ်တဲ့ JTBC က ဒီ show ကို အရမ်းလှတဲ့ Oedo ကျွန်းမှာ ရိုက်ကူးမှာလို့ ဆိုပါတယ်။

ဒီ Variety Show ကို EXO အဖွဲ့ဝင် Kai အပြင် မင်းသား Lee Seung-gi, Rapper Eun Ji-won, ဟာသသရုပ်ဆောင် Park Na-rae နဲ့ မင်းသမီး Jo Bo-ah တို့ ပါဝင်မယ်လို့ သိရပါတယ်။

Source: Twitter
Written: Violet